ကိုယ်ဝန်ဆောင် တွေမှာ အသက်အရ မတူတာ တွေရှိတယ်။ ကိုယ်ဝန်ဆောင် ရရင် ကိုယ်ခန္ဓာ၊ စိတ်လှုပ်ရှားမှု နဲ့ သတိထားစရာတွေ မတူကြပါ။ ကိုယ်ဝန် ဆောင်ဖို့ အကောင်းဆုံးအသက်အရွယ်ကို အတိအကျမပြောနိုင်ပါတဲ့။ အကောင်းနဲ့ အဆိုး ချင့်ချိန်စရာတွေရှိတယ်။ ယေဘုယျ အသက် ၂ဝ မှာ အားအင်အပြည့်ဆုံးဖြစ် တယ်။ ကိုယ်၊ စိတ်၊ ဝင်ငွေ ၃ဝနဲ့ ၄ဝ ဆိုရင် ငွေကြေးပိုပြည့်စုံနေမယ်။ ဘဝအတွေ့ အကြုံတွေ ကုံလုံနေမယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ရတဲ့ ဝန်ထုပ်ဝန်ပိုးက ပိုခက်ခဲလာ နိုင်တယ်။ မွေးပြီး ကလေးကိုစောင့်ရှောက် ရတာလည်း ငယ်တုန်းကလောက် မလွယ် တတ်ပါ။
အသက် ၂ဝ ကနေ ၂၄ နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
မျိုးပွားဖို့ အကောင်းဆုံးအ သက်တွေဖြစ်တယ်။ ရာသီလည်း မှန်နေတယ်။ မျိုးထွက်လည်း မှန်နေမယ်။ ရချင် တိုင်းတော့ ရချင်မှသာရမယ်။ တားဆေး-တားနည်းမသုံးသူတွေ တစ်လမှာ ကိုယ်ဝန် ရလမ်း ရာခိုင်နှုန်း ၂ဝ စီရှိတယ်။ ကိုယ်ဝန် ရလာရင် သွေးတိုးဖြစ်တာ အနည်းဆုံး ကာလဖြစ်တယ်။ ၂၅ နှစ်အောက် ဆိုရင် ၄ဝ တွေထက် ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်စရာ ရာခိုင်နှုန်း ၅ဝ နည်းတယ်။ စိတ်ပိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။ တချို့ ကိုယ်ခန္ဓာ အလှပျက် မှာ ကို ပိုစိုးရိမ်တယ်။ တချို့က မျိုးဆက်ပွားဖို့ အကောင်းဆုံးအခွင့်အလမ်းကို အရအမိ ယူချင်မယ်။ ကိုယ်ဝန်ပျက်နှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းသာရှိတယ်။ အသက် ၂ဝ ဝန်း ကျင် မိခင်လောင်း ကနေ ဒေါင်းဆင်ဒရုမ်းနဲ့ ကလေးမွေးဖို့အခွင့်အလမ်း ၁၆၆၇ ယောက် မှာ တစ်ယောက်သာရှိတယ်။ တခြား မွေးရာ ပါချို့ယွင်းချက်နဲ့ ကလေး မွေးနှုန်း ၅၂၆ ယောက်မှာ တစ်ယောက်သာရှိတယ်။ ဒါပေမဲ့ အဲဒီလိုချို့ယွင်းချက်နဲ့ ကလေး တွေဟာ မိခင်လောင်း အသက် ၂ဝ ကျော် တွေကနေ ကလေးမွေးတာ များတယ်။ အဲဒါကတော့ ဒီအသက်မှာ ကလေးအမွေး များကြလို့လည်းဖြစ်တယ်။
အသက်၂၅ နှစ်နဲ့ ၂၉ နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင် နေစဉ် လေ့ကျင့်ခန်း လည်းလုပ်ရင် မွေးဖွားရတာ ပိုလွယ်ကူမယ်။ မွေးပြီးနောက် ကိုယ်အနေအထားရင်းစားပြန်ရတာ ပိုမြန်မယ်။ မွေးရတာနဲ့ မွေးပြီးအပြောင်းအလဲတွေအတွက် အသင့်ဆုံးအချိန်ဖြစ်နိုင်တယ်။ အသက် ၃ဝ အောက် ကိုယ်ဝန်ဆောင်ရင် ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ခြေ လည်း အနည်းဆုံးကာလဖြစ်တယ်။ စိတ်ပိုင်းမှာလည်း ရင့်ကျက်လာပြီ။ အလုပ်အကိုင်နေသားကျပြီ။ အိမ်ထောင်ရေး တည်ငြိမ်လာပြီ။ ကိုယ်ဝန်ပျက်နှုန်း ၁ဝ ရာခိုင် နှုန်းရှိမယ်။ ဒေါင်းဆင်ဒရုမ်းနဲ့ ကလေး မွေးလမ်း ၁၂၅ဝ မှာ တစ်ယောက်ရှိမယ်။ မွေးရာပါချို့ယွင်းချက်နဲ့ ကလေး မွေးလမ်း ၄၇၆ ယောက်မှာ တစ်ယောက်။
အသက် ၃ဝ ကနေ ၃၄ နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
မျိုးပွားနိုင်တဲ့အခွင့်အလမ်း အသက် ၃ဝ နောက်မှာ ကျဆင်းလာပြီ။ အထောက်အကူနည်းနဲ့ ကလေးရအောင် လုပ်ရင်တော့ ကိုယ့်ထက်အသက်ပိုကြီးသူ တွေထက် အခွင့်အလမ်းသာတယ်။ှုင်္ဠ နည်းလုပ်ရင် အောင်မြင်နှုန်း ၂၅ ရာခိုင် နှုန်းကနေ ၂၈ ရာခိုင်နှုန်းရှိတယ်။ အသက် ၄ဝ ကျော်လာရင် ခြောက်ရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်းသာရှိမယ်။ ဗိုက်ခွဲမွေးရတာ မှာ အသက် ၃ဝ-၃၄ နှစ် ကိုယ်ဝန်ဆောင် တွေက အသက် ၂ဝ ကျော်တွေထက် နှစ်ဆ ပိုများတယ်။ စိတ်ရော အလုပ်အကိုင်ပါ ပိုပြီးတည်ငြိမ်နေပြီ။ ကိုယ်ဝန်ပျက်နှုန်း ၁၁ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်။ ဒေါင်းဆင် ဒရုမ်းကလေးမွေးလမ်း ၉၅၂ ယောက်မှာ တစ်ယောက်ရှိမယ်။ မွေးရာပါချို့ယွင်းချက် နဲ့ကလေး ၃၈၅ ယောက်မှာ တစ်ယောက် ရှိမယ်။
အသက် ၃၅ နှစ်ကနေ ၃၉ နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
မျိုးပွားနိုင်တဲ့အခွင့်အလမ်း ဆက်ကျဆင်းလာပြီ။ ၃၈ နှစ်ဆိုရင် နည်း သထက်နည်းပြီ။ သွေးတိုးနိုင်ခြေ အသက် ၃၅ နှစ်အောက်ကထက် နှစ်ဆပိုလာပြီ။ ၁ဝ-၂ဝ ရာခိုင်နှုန်း ကိုယ်ဝန်သွေးတိုးရှိ နိုင်တယ်။ ကိုယ်ဝန်ဆီးချိုဖြစ်တာလည်း သုံးဆပိုလာပြီ။ ကိုယ်အလေးချိန် ပိုတက် မယ်။ ဗိုက်ခွဲမွေးဖို့လည်း ၃၅ နှစ်အောက် တွေထက် နှစ်ဆပိုလာမယ်။ မူမမှန်ကလေး မွေးမလားသိအောင် Amniocentesis ရေမြွှာရည်ဖောက်စစ်တာနဲ့ Prenatal Screening တခြားနည်းတွေ လိုအပ်လာပြီ။ ကလေးအမြွှာရလမ်း ပိုလာပြီ။ ကိုယ်ဝန် ပျက်နှုန်း ၁၈ ရာခိုင်နှုန်းနီးပါးရှိမယ်။ အသေ မွေးနှုန်း ငယ်သူတွေထက် နှစ်ဆပိုမယ်။
အသက် ၄ဝ ကနေ ၄၅ နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
ကောင်းတာကို အရင်ပြောရ ရင် အသက် ၄ဝ ကျော်အမျိုးသမီးတွေကို မျိုးပွားအထောက်အကူနည်းတွေမပါဘဲ မွေးနိုင်ကြပြီး အသက်လည်း ရှည်တယ် လို့ မကြာသေးခင်က လေ့လာမှုတစ်ခုက ဆိုပါတယ်။
ကိုယ်ခံကျန်းမာရေး၊ လူနေမှု ပုံစံ စတာတွေအပေါ်မှာတော့ မူတည် နေတယ်။ ဒါပေမဲ့ လိပ်ခေါင်းပိုဖြစ်မယ်။ ဆီးအိမ်ကို ဖိအားသက်ရောက်တာ ပိုဖြစ်မယ်။ သားအိမ်နဲ့ ဆီးအိမ်ကျတာ ပိုများတယ်။ ရင်သားတွဲကျတာပိုမယ်။ ကိုယ် လက်လေ့ကျင့်ခန်းအပြင် (ကီဂယ်လ်)လေ့ကျင့်ခန်း လုပ်ပါ။ စိတ်ပိုင်းမှာတော့ ပိုင်ပိုင်နိုင်နိုင် ပိုရှိနေသူဖြစ်ပါမယ်။ ကိုယ်ဝန်ပျက်လမ်း သုံးပုံ တစ်ပုံရှိတယ်။ အချင်း အောက်ကျတာ ပိုမယ်။ ခွဲမွေးရတာ ပိုများမယ်။ ကလေးအရွယ်အစား သေးနိုင်တယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး အသက် ရလေ နည်းနည်းချင်း ပိုလာလေ။ ၆၆ ယောက်မှာ တစ်ယောက်ရှိမယ်။ ဒေါင်း ဆင်ဒရုမ်းကလေး ၁ဝ၆ ယောက်မှာ တစ် ယောက်ရှိမယ်။ အသက် ၄၄ နှစ်ကျော်လာ ရင် ဒေါင်းဆင်ဒရုမ်းကလေး ၃၈ ယောက် မှာ တစ်ယောက်နဲ့ မွေးရာပါချို့ယွင်းချက် နဲ့ ကလေး ၂၆ ယောက်မှာ တစ်ယောက် ရှိမယ်။
အသက် ၄၅နှစ်ကနေ ၄၉နှစ်ကြား ကိုယ်ဝန်ဆောင်ခြင်း
ကလေးရနိုင်ခြေ သုည ဒသမ ဝ၃ ရာခိုင်နှုန်းရှိတယ်။ အထောက်အကူ နည်းတွေသုံးလည်း အခွင့်အလမ်းနည်း လာပြီ။ ကိုယ်ဝန်ရလာရင် စမ်းသပ်မှုတွေ လုပ်ရမယ်။ ကိုယ်ဝန်နဲ့ အထဲက ကလေး ကျန်းမာရေးသာမက ကိုယ့်ကျန်းမာရေး ကိုပါ သတိထားရမယ်။ ကိုယ်ဝန်ပျက်လမ်း ရာခိုင်နှုန်း ၅ဝ ရှိတယ်။ ကလေးအသေမွေး မှာ အသက် ၂ဝ ကျော်ကိုယ်ဝန်တွေထက် နှစ်ဆပိုတယ်။ ဒေါင်းဆင်ဒရုမ်းကလေး ၃ဝ မှာ တစ်ယောက်နှုန်းနဲ့ မွေးရာပါချို့ ယွင်းချက်နဲ့ ကလေးရလမ်း ၂၁ ယောက် မှာ တစ်ယောက်ရှိတယ်။ ၄၉ ကျော်ရင် ဒေါင်းဆင်ဒရုမ်းကလေး ၁၁ ယောက်မှာ တစ်ယောက်နဲ့ မွေးရာပါချို့ယွင်းချက်နဲ့ ကလေးရလမ်း ရှစ်ယောက်မှာ တစ်ယောက် ရှိပြီ။
အသက် ၅ဝ ကျော်ကိုယ်ဝန်
အမျိုးသမီး အများစုဟာ အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြား၊ ၅၁ နှစ်မှာ သွေးဆုံးကြတယ်။ ကိုယ်ဝန်ရချင်သူ အထောက်အကူတွေ ပိုလိုလာပြီ။ ဆေး၊ ပရိုဂျက်စတီ ရုန်းဟော်မုန်းက ကိုယ်ဝန်ကို အနည်းဆုံး နှစ်လအထိ ထိန်းထားနိုင်အောင်လိုမယ်။ တချို့က မျိုးဥအလှူ လိုမယ်။ သွေးတိုး၊ ကျောက်ကပ်နဲ့ အချင်းပြဿနာတွေကို သတိထားရမယ်။ မွေးပြီးနောက်လည်း သတိထားစရာတွေပိုမယ်။
မှတ်ချက်
ဆေးသုတေသနအရ ရေးတာဖြစ်ပါတယ်။ တစ်ယောက်စ၊ နှစ်ယောက်စ အဲဒါတွေ နဲ့ မတူတာထောက်ပြပြီး ဆေးပညာမှားတယ်တော့ လာမပြောကြပါနဲ့။ အရင်စာ တွေမှာ လာလာပြောကြတယ်။
Credit : yangon media
No comments:
Post a Comment