ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 17, 2017

ကလေးမွေးဖွားပြီးအမျိုးသမီးများ ဘယ်အချိန်မှာအမျိုးသားနဲ့ လိင်ဆက်ဆံလို့ရနိုင်မလဲ


အိမ်ထောင်ရှင် အမျိုးသမီးတွေ ကလေးမွေးဖွားပြီးတဲ့အခါ ကိုယ့်ရဲ့အမျိုးသားနဲ့ ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရနိုင်မလဲဆိုတာ တချို့ အမျိုးသမီးတွေ ဆရာဝန်တွေကို မမေးရဲကြတာ ရှိပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ နေရင် အဆင်ပြေနိုင်မလဲဆိုတာ မေ့ရင်သွေး မတ်လထုတ်မှာ ဒေါက်တာသင်းသင်းအောင်ကို မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးများ ကလေးမွေးပြီးရင် ဘယ်လောက်ကြာရင် အတူနေလို့ရပြီလည်း ဆိုတာက ပုံမှန်အားဖြင့်တော့ ၄၅ ရက် ပြည့်ပြီဆိုရင် ကိုယ်ဝန်ရှိတုန်းက ခန္ဓာဗေဒပြောင်းလဲမှုတွေက ပုံမှန်ကို ပြန်ရောက်သွားပြီဆိုရင်တော့ အတူတူနေနိုင်ပါပြီ။ ဒါပေမဲ့ မိခင်တွေအနေနဲ့ နို့တိုက်နေတဲ့အချိန်မှာ ပုံမှန်မျိုးဥက မကြွေတတ်ပါဘူး။ ဒါကြောင့် ဟော်မုန်း ပြောင်းလဲမှုတွေက ပုံမှန်လိုမဟုတ်ဘူးပေါ့။ အဲ့အတွက် အတူတူနေရင် နာမယ် ၊ မွေးလမ်းကြောင်းမှာ အောက်က ညှပ်ထားတဲ့အတွက် အနာကြောင့် နာမယ်။ ဒါကြောင့် နေရမှာကို ကြောက်မယ်။ အမေက စိတ်မပါတော့ဘူး။ တစ်ဖက်က သူတို့ရဲ့ အိမ်ထောင်ဖက် အနေနဲ့ကျတော့လည်း ကိုယ်ဝန်ဆောင်စဉ်တုန်းကလည်း ရှောင်ထားရတယ် ဆိုတာမျိုးတွေ ရှိလာပြန်တယ်။

သို့ပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့ စိတ်ရော ၊ ခန္ဓာကိုယ်မှာရော ပုံမှန်ပြန်ဖြစ်ပြီး အောက်က မွေးလမ်းကြောင်း အနာကနေ နာတာရှင်းရှင်းပျောက်သွားပြီဆိုတဲ့အချိန် ကလေးနို့တိုက်နေတဲ့ အချိန်ကနေ ကျဲသွားပြီဆိုရင် အမေမှာလည်း နာကျင်တာတွေ မရှိဘူး ဆိုရင်တော့ ပိုကောင်းပါတယ်။ တကယ်လို့ မိခင်မှာ သွေးဆင်းတယ်တို့ ၊ သွေးသွန်တယ်တို့၊ ပိုးဝင်တယ်တို့ဆိုရင် ၄၅ ရက် ထက်ကို နောက်ဆုတ်ပြီးတော့မှ နေသင့်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူးပေါ့။ ဒါကလည်း မမေးရဲတဲ့ အထဲမှာပါပေမယ့်လို့ ကိုယ့်အတွက် ကိုယ်သိသင့်တာတွေ ဖြစ်တဲ့အတွက် ကိုယ့် ရဲ့ ပြထားတဲ့ ဆရာဝန်ကို ရင်းရင်းနှီးနှီးနဲ့ မေးနိုင်ပါတယ်။

#Achitlwinpyin

ရွှေကျေး(မိုမိုလေး)

No comments:

Post a Comment