ေဖာက္ျပန္ျခင္းကုိ ျဖစ္ေပၚေစေသာ အေၾကာင္းအရင္း မ်ားမွာ……
(၁)အရြယ္ကြာလြန္းေသာ အိမ္ေထာင္ေရး
(၂)လင္နဲ႔မယား ဘဝေပးအေျခအေနအရ ခြဲခြာေနရျခင္း
(၃)ေယာက်္ားမ်ား စီးပြားေရး အဆင္ေျပလာျခင္း
(၄)မိန္းမမ်ား ဆင္းရဲလာၿပီး မိမိဘဝကုိ လက္မခံႏူိင္ျခင္း
(၅)ေမတၱာမပါ ေသာ အိမ္ေထာင္ေရး
(၆)အိမ္ေထာင္ေရးသုခ မရ႐ွိျခင္း
(၇)သားသမီး မထြန္းကားျခင္း
(၈)မ်ဳိး႐ုိးဗီဇအရ ရမၼက္ႀကီးလြန္းျခင္း
(၉)အရက္ႏွင့္ မူးယစ္ေသစာ ေသာက္စားျခင္း
(၁၀)အေပ်ာ္အပါး မက္ေမာျခင္း
စသည္တုိ႔ေၾကာင့္ျဖစ္ေသာ္လည္းေဖာက္ျပန္ျခင္း၏ အဓိကတရားခံမွာ “စိတ္အလုိလုိက္ျခင္း” ေၾကာင့္ ျဖစ္ပါတယ္။
လူသားတုိင္းသည္ အသစ္အဆန္းကုိ ၾကဳိက္ႏွစ္သက္ၿပီး လက္တည့္စမ္းၾကည့္ခ်င္တဲ့ သဘာဝ႐ွိပါတယ္။ အရြယ္႐ွိေနေသာ လူသားတုိင္းတြင္ေသြးသားအလုိဆႏၵ ႐ွိေသာ္လည္း ဆႏၵ ကုိ သိကၡာ ႏွင့္ အေတြးအေခၚ က ထိန္းကြပ္ ေပးပါတယ္။
ေယာက်္ားေလးမ်ား၏ သဘာဝ သည္ လွတာျမင္ရင္ ေငးတတ္ၾကသလုိ မိန္းကေလးသဘာဝ သည္ အယုံ လြယ္ျခင္းႏွင့္ သနားတတ္ျခင္း တုိ႔ေၾကာင့္ လွတာမက္ ေတာ့ ဘဝ ပ်က္ၾကရသလုိ သနားတတ္ၿပီး အားနာ တတ္ေသာ ေၾကာင့္ “ခါး” ပါတတ္ ပါတယ္။
တစ္ခ်ဳိ့ေသာေဖာက္ျပန္မႈမ်ားတြင္ လင္နဲ႔မယား အဆင္ မေျပမႈတစ္ခ်ဳိ့ေၾကာင့္အရြဲ့တုိက္ရင္းနဲ႔ဘဝေတြပါရြဲ့ေစာင္း ကုန္ၾကပါတယ္။ေဖာက္ျပန္ျခင္းတြင္ အဓိက ထိခုိက္ ေၾကကြဲ ရသူမွာ လူႀကီးေတြမဟုတ္ဘဲ အျပစ္မဲ့ ေသာ သားသမီးမ်ား ျဖစ္ေနတတ္ပါတယ္။
အျပစ္မဲ့ေသာ ကေလးမ်ား ေျမစာပင္ျဖစ္ခဲ့ၾကရသလုိ ေဖာက္ျပန္ေနသူလည္း လူ႔အသုိင္းအဝုိင္းၾကားမွာ ႏွာေခါင္း႐ွံဳ႔ခံၾကရပါတယ္။ေဖာက္ျပန္ျခင္းကုိ အစျပဳ ေသာ တရားခံ အမ်ားစုသည္ စႏိုက္ေၾကာ္မိန္းမ မ်ား ေၾကာင့္ျဖစ္သလုိ၊ ၾကာကူလီေယာက်္ားတစ္ခ်ဳိ့ေၾကာင့္ မခူးခင္က အၫႊတ္ခံခ်င္သူမ်ား က အသုိက္အျမဳံ ဆုိေသာ မိသားစုကမာၻေလး ကုိ ခဏတာ သာယာမႈနဲ႔ လဲလွယ္ခဲ့ၾကပါတယ္။
သတိတစ္ခ်က္လြတ္ၿပီး စိတ္အလုိလုိက္မႈ တစ္ခဏတာ ေၾကာင့္တစ္သက္လံုး ထိန္းသိမ္းလာေသာ ဂုဏ္သိကၡာ သည္ မည္းညစ္ခဲ့ရသလုိ သားသမီးမ်ား၏ အနာဂတ္ကုိ အရိပ္မည္းႀကီးလုိက္ထုိးေနတာကုိ သိသြားတဲ့ အခ်ိန္မွာ ေတာ့ အခ်ိန္လြန္မွရတဲ့ “ေနာင္တ” တစ္ေပြ႔တစ္ပုိက္ႀကီး
နဲ႔ ကုိယ့္ကုိယ္ ကုိယ္ ေဒါသထြက္ ေန႐ုံ ကလြဲပီး ျပင္လုိ႔ မရေသာအမွားေၾကာင့္ ေခါင္းငုံ႔ခံ ေန႐ုံအျပင္ အျခား မ႐ွိေတာ့ဘူးလုိ႔ ထင္ပါတယ္။
ခ်စ္လုိ႔ပဲယူယူ၊သင့္ေတာ္လုိ႔ပဲယူယူ ကုိယ့္ရဲ႕ လက္တြဲေဖာ္ ကုိ အတတ္ႏူိင္ဆုံး သည္းခံေပါင္းသင္း သင့္ပါတယ္။ သည္းမခံႏူိင္ရင္ ေဖာက္ျပန္ျခင္း ဆုိတဲ့ ထြက္ေပါက္ ကုိ ေရြးခ်ယ္မည့္အစား တရားဝင္ လမ္းခြဲ လုိက္တာက ကုိယ့္ရဲ႕သမုိင္းေၾကာင္း လွပကာ တစ္သက္တာ လိပ္ျပာသန္႔ၿပီး စိတ္ခ်မ္းသာေစမယ္လုိ႔ ယူဆပါတယ္။
#Credit_ဇင္းနစ္_မေကြး
==================================
သင္ … ေဖာက္ျပန္ေနျပီလား…?
ေဖာက္ျပန္မိေတာ့မွာလား…?
ဒါေလးဖတ္ျပီး ဆင္ျခင္ပါ.…
(၁) စိတ္ေၾကာင့္ပါ။ အဓိက အဲ့ဒါပါပဲ။ တစ္ျခားဘာမွ တရားခံ မဟုတ္ပါဘူး။သမီးရည္းစား အိမ္ေထာင္သည္ အားလံုး ကိုယ့္ လက္တြဲေဖာ္ကို စိတ္ကုန္သြားတယ္ ဆိုတာနဲ႔ ၾကည့္ကို မၾကည့္ခ်င္ၾကေတာ့တာပါ။စိတ္ကို ျပန္လည္ ျပင္ဆင္ရင္ေတာ့ ရပါတယ္။
မိန္းမ၊ ေယာက်္ားအားလံုး စိတ္ကို အလိုလိုက္လို႔ ေဖာက္ျပန္မႈေတြ ျဖစ္ေနၾကတာပါ။ အေတာ္မ်ားမ်ား ေဖာက္ျပန္ေနသူေတြဟာ သူတို႔ မွားတာကို သူတို႔ သိၾကပါတယ္။ ေနာင္တလဲ ရၾကပါတယ္။ ခက္တာက သူတို႔ ေနာက္ျပန္လွည့္လို႔ မရေတာ့ဘူးလို႔ ျဖစ္ေန ၾကတာပါ။ တကယ္က ရဲရဲသာ ေနာက္ျပန္လွည့္လိုက္ပါ။ အသစ္ျပန္စပါ။ ရပါတယ္။သာယာတတ္ေသာ စိတ္ကို ျပဳျပင္ရမွာပါ။
ခဏတာ သာယာမိတာပါ။ ကိုယ့္ လက္တြဲေဖာ္ ကိုယ္နဲ႔ အတူတူ တိုက္ပြဲ၀င္ခဲ႔တဲ႔ အိမ္ေထာင္ေရးတေလွ်ာက္ကို ျပန္စဥ္းစားၾကည့္ပါ။စိတ္နာစရာ စိတ္ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ျပန္ျဖည့္ေတြးျပီး ဆင္ျခင္ၾကည့္ပါ။
(၂)တန္ဖိုးျခင္း ယွဥ္ၾကည့္ပါ။
ကိုယ့္လက္တြဲေဖာ္ကို အခုအသစ္ရထားတ႔ဲသူ ေလာက္ လြယ္လြယ္ရခဲ႔တာလား စဥ္းစားၾကည့္ပါ။ အညွာလြယ္တတ္သူလား ျပန္ေတြးပါ။ အသစ္က အခုကိုယ္နဲ႔ အညွာလြယ္သလို တျခားသူေတြကိုလဲ အညွာလြယ္မယ္ဆိုတာ ျပန္သံုးသပ္ျပီး ဆင္ျခင္ပါ။
(၃)သင္ ဘယ္ေလာက္ ဒုကၡေရာက္ေန ေရာက္ေန။ အျမဲတမ္း ပြစိပြစိေျပာေနတတ္ အျပစ္တင္ေနတတ္ ေပမယ့္ အေ၀း ထြက္မသြားတတ္တဲ႔သူနဲ႔။
အခုခဏေလးမွ ေရာက္လာျပီး ခ်ိဳသာျပေနတဲ႔ သူ… ယွဥ္ၾကည့္ပါ။ ဘယ္ႏွစ္ရက္ ခ်ိဳသာ ျပႏိုင္မလဲလို႔။
(၄)လွတာလိုခ်င္တာလား။
ပိုက္ဆံရွာလိုက္ပါ။ ျပီးရင္ စိတ္ၾကိဳက္ ကိုယ့္လက္တြဲေဖာ္ ကို ျပဳျပင္လိုက္ပါ။ လိုသလို ပံုစံရပါတယ္။လံုး၀ ကိုယ့္အေပၚ မေကာင္းသူ ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ အမွန္တရားကို ျမင္ၾကပါ။
#Credit_KyawKyawKhaing
Unicode
ဖောက်ပြန်ခြင်း
ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့… အိမ်ထောင်ရေး လောကမှာ မည်သည့်နည်းနဲ့မှ… လက်ခံ ပေးလို့ မရသော စည်းဖောက်မှု တစ်ခုပါ။
ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်း များမှာ……
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး
(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း
(၃)ယောကျ်ားများ စီးပွားရေး အဆင်ပြေလာခြင်း
(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း
(၅)မေတ္တာမပါ သော အိမ်ထောင်ရေး
(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း
(၇)သားသမီး မထွန်းကားခြင်း
(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း
(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း
(၁၀)အပျော်အပါး မက်မောခြင်း
စသည်တို့ကြောင့်ဖြစ်သော်လည်းဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ “စိတ်အလိုလိုက်ခြင်း” ကြောင့် ဖြစ်ပါတယ်။
လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်းကြည့်ချင်တဲ့ သဘာဝရှိပါတယ်။ အရွယ်ရှိနေသော လူသားတိုင်းတွင်သွေးသားအလိုဆန္ဒ ရှိသော်လည်း ဆန္ဒ ကို သိက္ခာ နှင့် အတွေးအခေါ် က ထိန်းကွပ် ပေးပါတယ်။
ယောကျ်ားလေးများ၏ သဘာဝ သည် လှတာမြင်ရင် ငေးတတ်ကြသလို မိန်းကလေးသဘာဝ သည် အယုံ လွယ်ခြင်းနှင့် သနားတတ်ခြင်း တို့ကြောင့် လှတာမက် တော့ ဘဝ ပျက်ကြရသလို သနားတတ်ပြီး အားနာ တတ်သော ကြောင့် “ခါး” ပါတတ် ပါတယ်။
တစ်ချို့သောဖောက်ပြန်မှုများတွင် လင်နဲ့မယား အဆင် မပြေမှုတစ်ချို့ကြောင့်အရွဲ့တိုက်ရင်းနဲ့ဘဝတွေပါရွဲ့စောင်း ကုန်ကြပါတယ်။ဖောက်ပြန်ခြင်းတွင် အဓိက ထိခိုက် ကြေကွဲ ရသူမှာ လူကြီးတွေမဟုတ်ဘဲ အပြစ်မဲ့ သော သားသမီးများ ဖြစ်နေတတ်ပါတယ်။
အပြစ်မဲ့သော ကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်။ဖောက်ပြန်ခြင်းကို အစပြု သော တရားခံ အများစုသည် စနိုက်ကြော်မိန်းမ များ ကြောင့်ဖြစ်သလို၊ ကြာကူလီယောကျ်ားတစ်ချို့ကြောင့် မခူးခင်က အညွှတ်ခံချင်သူများ က အသိုက်အမြုံ ဆိုသော မိသားစုကမ္ဘာလေး ကို ခဏတာ သာယာမှုနဲ့ လဲလှယ်ခဲ့ကြပါတယ်။
သတိတစ်ချက်လွတ်ပြီး စိတ်အလိုလိုက်မှု တစ်ခဏတာ ကြောင့်တစ်သက်လုံး ထိန်းသိမ်းလာသော ဂုဏ်သိက္ခာ သည် မည်းညစ်ခဲ့ရသလို သားသမီးများ၏ အနာဂတ်ကို အရိပ်မည်းကြီးလိုက်ထိုးနေတာကို သိသွားတဲ့ အချိန်မှာ တော့ အချိန်လွန်မှရတဲ့ “နောင်တ” တစ်ပွေ့တစ်ပိုက်ကြီး
နဲ့ ကိုယ့်ကိုယ် ကိုယ် ဒေါသထွက် နေရုံ ကလွဲပီး ပြင်လို့ မရသောအမှားကြောင့် ခေါင်းငုံ့ခံ နေရုံအပြင် အခြား မရှိတော့ဘူးလို့ ထင်ပါတယ်။
ချစ်လို့ပဲယူယူ၊သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့ လက်တွဲဖော် ကို အတတ်နိူင်ဆုံး သည်းခံပေါင်းသင်း သင့်ပါတယ်။ သည်းမခံနိူင်ရင် ဖောက်ပြန်ခြင်း ဆိုတဲ့ ထွက်ပေါက် ကို ရွေးချယ်မည့်အစား တရားဝင် လမ်းခွဲ လိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်း လှပကာ တစ်သက်တာ လိပ်ပြာသန့်ပြီး စိတ်ချမ်းသာစေမယ်လို့ ယူဆပါတယ်။
#Credit_ဇင်းနစ်_မကွေး
==================================
သင် … ဖောက်ပြန်နေပြီလား…?
ဖောက်ပြန်မိတော့မှာလား…?
ဒါလေးဖတ်ပြီး ဆင်ခြင်ပါ.…
(၁) စိတ်ကြောင့်ပါ။ အဓိက အဲ့ဒါပါပဲ။ တစ်ခြားဘာမှ တရားခံ မဟုတ်ပါဘူး။သမီးရည်းစား အိမ်ထောင်သည် အားလုံး ကိုယ့် လက်တွဲဖော်ကို စိတ်ကုန်သွားတယ် ဆိုတာနဲ့ ကြည့်ကို မကြည့်ချင်ကြတော့တာပါ။စိတ်ကို ပြန်လည် ပြင်ဆင်ရင်တော့ ရပါတယ်။
မိန်းမ၊ ယောကျ်ားအားလုံး စိတ်ကို အလိုလိုက်လို့ ဖောက်ပြန်မှုတွေ ဖြစ်နေကြတာပါ။ အတော်များများ ဖောက်ပြန်နေသူတွေဟာ သူတို့ မှားတာကို သူတို့ သိကြပါတယ်။ နောင်တလဲ ရကြပါတယ်။ ခက်တာက သူတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ဖြစ်နေ ကြတာပါ။ တကယ်က ရဲရဲသာ နောက်ပြန်လှည့်လိုက်ပါ။ အသစ်ပြန်စပါ။ ရပါတယ်။သာယာတတ်သော စိတ်ကို ပြုပြင်ရမှာပါ။
ခဏတာ သာယာမိတာပါ။ ကိုယ့် လက်တွဲဖော် ကိုယ်နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အိမ်ထောင်ရေးတလျှောက်ကို ပြန်စဉ်းစားကြည့်ပါ။စိတ်နာစရာ စိတ်ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ပြန်ဖြည့်တွေးပြီး ဆင်ခြင်ကြည့်ပါ။
(၂)တန်ဖိုးခြင်း ယှဉ်ကြည့်ပါ။
ကိုယ့်လက်တွဲဖော်ကို အခုအသစ်ရထားတဲ့သူ လောက် လွယ်လွယ်ရခဲ့တာလား စဉ်းစားကြည့်ပါ။ အညှာလွယ်တတ်သူလား ပြန်တွေးပါ။ အသစ်က အခုကိုယ်နဲ့ အညှာလွယ်သလို တခြားသူတွေကိုလဲ အညှာလွယ်မယ်ဆိုတာ ပြန်သုံးသပ်ပြီး ဆင်ခြင်ပါ။
(၃)သင် ဘယ်လောက် ဒုက္ခရောက်နေ ရောက်နေ။ အမြဲတမ်း ပွစိပွစိပြောနေတတ် အပြစ်တင်နေတတ် ပေမယ့် အဝေး ထွက်မသွားတတ်တဲ့သူနဲ့။
အခုခဏလေးမှ ရောက်လာပြီး ချိုသာပြနေတဲ့ သူ… ယှဉ်ကြည့်ပါ။ ဘယ်နှစ်ရက် ချိုသာ ပြနိုင်မလဲလို့။
(၄)လှတာလိုချင်တာလား။
ပိုက်ဆံရှာလိုက်ပါ။ ပြီးရင် စိတ်ကြိုက် ကိုယ့်လက်တွဲဖော် ကို ပြုပြင်လိုက်ပါ။ လိုသလို ပုံစံရပါတယ်။လုံး၀ ကိုယ့်အပေါ် မကောင်းသူ ဆိုရင်တော့ တစ်မျိုးပေါ့။ အမှန်တရားကို မြင်ကြပါ။
#Credit_KyawKyawKhaing
No comments:
Post a Comment