ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

အနမ်းခြွေချိန်မှာ အမျိုးသားတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အချက်များ


ကိုယ့်ချစ်သူနဲ့ အနမ်းခြွေချိန်မှာ အမျိုးသားတွေအနေနဲ့ မဖြစ်မနေ ရှောင်ကြဉ်သင့်တဲ့ အချက်ကလေးတွေ ရှိနေပါတယ်။ ခုပြောပြမယ့်အရာတွေကြောင့် နမ်းနေချိန်အတွင်း တစ်ဖက်လူဟာ ဆက်နမ်းချင်စိတ် မရှိတော့လောက်အောင် ဖြစ်သွားတတ်တာမို့ ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။

၁။နမ်းနေချိန်အတွင်း စကားပြောခြင်း
ကိုယ့်ချစ်သူက ကိုယ့်ဘေးနားကပ်လာပြီး မနမ်းခင် တိုးတိုးလေး စကားပြောတာမျိုးဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမယ့် အနမ်းခြွေနေချိန်အတွင်း ခုလို တောက်လျှောက်စကားတွေပြောနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် စိတ်ပျက်စရာ ဖြစ်သွားပါပြီ။

၂။အသားကုန် နမ်းခြင်း
စနမ်းကတည်းက တစ်ဖက်လူမျက်နှာတစ်ခုလုံး သူ့ပါးစပ်ထဲ ၀င်တော့မလို အနမ်းခြွေနေတယ်ဆိုရင်တော့ ဒါဟာ တစ်ဖက်သားအတွက် စိတ်မသက်သာစရာ ကောင်းလှပါတယ်။

၃။ခွေးလေးတွေလို မျက်နှာကို လျှာနဲ့ယက်ခြင်း
ခွေးလေးတွေကို အမျိုးသမီးတွေ ကောင်မလေးတွေ ချစ်ကြပါတယ်။ ဒါပေမယ့် ခွေးလေးတွေလိုတော့ သင့်ကို မျက်နှာတစ်ခုလုံး လျှာနဲ့ ဘယ်ယက်စေချင်ပါ့မလဲ။ ဒါ ဆက်စီမဖြစ်ပဲ ရွံစရာကောင်းလှပါတယ်။

၎။လျှာဖြင့် ယက်ခြင်း
တစ်ချို့အမျိုးသားတွေဟာ ချစ်သူနဲ့ အနမ်းခြွေချိန်မှာ ချစ်သူရဲ့လျှာဖျား၊ လျှာအပေါ်ပိုင်းတွေကို သူတို့လျှာနဲ့ယက်လေ့ရှိကြပါတယ်။ ဒါကိုလည်း အမျိုးသမီးအများစုက မကြိုက်ကြပါဘူး။

၅။လျှာကိုလုံးဝမလှုပ်ခြင်း
ချစ်သူနှစ်ဦး အနမ်းခြွေချိန်မှာ များသောအားဖြင့် သူတို့ရဲ့လျှာတွေဟာ အနည်းငယ်တော့ လှုပ်နေတာမျိုး ရှိနေတတ်ပါတယ်။ ဒီလိုမဟုတ်ပဲ နမ်းတိုင်း သင့်လျှာက တုတ်တုတ်မှမလှုပ်ပဲ ရှိနေမယ်ဆိုရင်တော့ ရင်ခုန်စရာ ဘယ်ကောင်းပါတော့မလဲနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

No comments:

Post a Comment