ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Friday, May 05, 2017

ကာမ ဆက္ဆံေနတဲ့အသံမ်ား ေၾကာင့္ ေခတၱရပ္နားခဲ့ရ တဲ့ တင္းနစ္ကစားပြဲ



အေမရိကန္ႏုိင္ငံ ဖေလာ္ရီဒါၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾက တဲ့ Sarasota Open တင္းနစ္ၿပိဳင္ပြဲဟာ တင္းနစ္ကြင္း အနီးအနားရွိတုိက္ခန္းတစ္ခုဆီကေနထြက္ေပၚလာခဲ့တဲ့ ကာမ ဆက္ဆံမႈအသံေတြ ေၾကာင့္ ပြဲယွဥ္ၿပိဳင္မႈ ကုိ မၾကာခဏ ရပ္နားခဲ႔ရတယ္လုိ႔ သိရွိရပါတယ္။
(ေအာက္မွာဗီဒီယိုLinkတြဲတင္ေပးထားပါသည္။)

ၿပီးခဲ့တဲ႔တစ္ပတ္ အဂၤါေန႔က က်င္းပခဲ႔တဲ႔ ATP Tour တင္းနစ္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Sarasota Open တင္းနစ္ ျပိဳင္ပြဲမွာ Frances Tiafoe နဲ႔ Mitchell Krueger တုိ႔ ယွဥ္ၿပိဳင္ကစားခဲ႔ၾကတာျဖစ္ပါတယ္။

တင္းနစ္ကစားသမားႏွစ္ဦးလုံး အႀကိတ္အနယ္ ၿပိဳင္ဆုိင္ ေနတုန္းမွာပဲ အနီးအနားပတ္ဝန္းက်င္မွ စုံတြဲတစ္တြဲရဲ႕ ခ်စ္ရည္လူးေနတဲ႔အသံမ်ားဟာ တင္းနစ္ကြင္းအတြင္း ဝင္ေရာက္လာခဲ႔တာေၾကာင့္ တင္းနစ္ကစားသမားမ်ား ေရာ ပြဲၾကည့္ပရိသတ္ေတြပါ စိတ္အေႏွာင့္အယွက္ျဖစ္ သြားခဲ႔ရၿပီး ပြဲကုိလည္း ေခတၱရပ္နားလုိက္ရပါတယ္။

ဒီလုိ ႀကံဳေတာင့္ႀကံဳခဲ အခုိက္အတန္႔ကုိ တင္းနစ္ ကစားသမား Frances Tiafoe က ျပက္လုံးတစ္ခု ထုတ္ၿပီး ေနာက္ေျပာင္က်ီစယ္ခဲ႔သလုိ ပြဲေၾကညာေပးသူ တစ္ဦးကလည္း ဒီအသံေတြဟာ တစ္စုံတစ္ေယာက္ရဲ႕ ဖုန္းကေနဖြင့္ထားတဲ႔ အျပာ ဇာတ္ကားမွလာတဲ႔အသံ ျဖစ္ႏုိင္ေၾကာင္း သုံးသပ္ခဲ႔ပါတယ္။

အခ်စ္စိတ္ျပင္းျပင္းနဲ႔ ကာမဆက္ဆံေနတဲ႔ အသံမ်ားဟာ စကၠန္႔ပုိင္းေလာက္ စတင္ေပၚထြက္လာခဲ႔ၿပီးေနာက္ ျပန္လည္ၿငိမ္သက္သြားခဲ႔ကာ ခဏေလးမွာပဲ မိနစ္အနည္းငယ္ ေလာက္ထပ္မံေပၚထြက္လာခဲ႔ပါ ေသးတယ္။

အဆုိပါ အသံမ်ားဟာ လုံးဝၿငိမ္သက္သြားၿပီးေနာက္မွ ပြဲကုိ ဆက္လက္ယွဥ္ၿပိဳင္ခဲ႔ရာ ဟာသညဏ္ရႊင္သူ Frances Tiafoe က 6-3 6-2 နဲ႔ အႏုိင္ရရွိသြားခဲ႔ ပါတယ္ခင္ဗ်ာ။

Ref: Odd News
#Credit_ThitHtooLwin


ကာမ ဆက်ဆံနေတဲ့အသံများ ကြောင့် ခေတ္တရပ်နားခဲ့ရ တဲ့ တင်းနစ်ကစားပွဲ

အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြ တဲ့ Sarasota Open တင်းနစ်ပြိုင်ပွဲဟာ တင်းနစ်ကွင်း အနီးအနားရှိတိုက်ခန်းတစ်ခုဆီကနေထွက်ပေါ်လာခဲ့တဲ့ ကာမ ဆက်ဆံမှုအသံတွေ ကြောင့် ပွဲယှဉ်ပြိုင်မှု ကို မကြာခဏ ရပ်နားခဲ့ရတယ်လို့ သိရှိရပါတယ်။
(အောက်မှာဗီဒီယိုLinkတွဲတင်ပေးထားပါသည်။)

ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ATP Tour တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Sarasota Open တင်းနစ် ပြိုင်ပွဲမှာ Frances Tiafoe နဲ့ Mitchell Krueger တို့ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

တင်းနစ်ကစားသမားနှစ်ဦးလုံး အကြိတ်အနယ် ပြိုင်ဆိုင် နေတုန်းမှာပဲ အနီးအနားပတ်ဝန်းကျင်မှ စုံတွဲတစ်တွဲရဲ့ ချစ်ရည်လူးနေတဲ့အသံများဟာ တင်းနစ်ကွင်းအတွင်း ဝင်ရောက်လာခဲ့တာကြောင့် တင်းနစ်ကစားသမားများ ရော ပွဲကြည့်ပရိသတ်တွေပါ စိတ်အနှောင့်အယှက်ဖြစ် သွားခဲ့ရပြီး ပွဲကိုလည်း ခေတ္တရပ်နားလိုက်ရပါတယ်။

ဒီလို ကြုံတောင့်ကြုံခဲ အခိုက်အတန့်ကို တင်းနစ် ကစားသမား Frances Tiafoe က ပြက်လုံးတစ်ခု ထုတ်ပြီး နောက်ပြောင်ကျီစယ်ခဲ့သလို ပွဲကြေညာပေးသူ တစ်ဦးကလည်း ဒီအသံတွေဟာ တစ်စုံတစ်ယောက်ရဲ့ ဖုန်းကနေဖွင့်ထားတဲ့ အပြာ ဇာတ်ကားမှလာတဲ့အသံ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

အချစ်စိတ်ပြင်းပြင်းနဲ့ ကာမဆက်ဆံနေတဲ့ အသံများဟာ စက္ကန့်ပိုင်းလောက် စတင်ပေါ်ထွက်လာခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့ကာ ခဏလေးမှာပဲ မိနစ်အနည်းငယ် လောက်ထပ်မံပေါ်ထွက်လာခဲ့ပါ သေးတယ်။

အဆိုပါ အသံများဟာ လုံးဝငြိမ်သက်သွားပြီးနောက်မှ ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဟာသညဏ်ရွှင်သူ Frances Tiafoe က 6-3 6-2 နဲ့ အနိုင်ရရှိသွားခဲ့ ပါတယ်ခင်ဗျာ။


Ref: Odd News
#Credit_ThitHtooLwin

No comments:

Post a Comment