အမျိုးသမီးများအတွက်တော့ ဒီကိစ္စဟာ လစဉ်ဖြစ်ပေါ်နေကျဖြစ်တဲ့ ကိစ္စတစ်ခုပါပဲ။
တစ်ချို့အမျိုးသမီးတွေက နာကျင်ကိုက်ခဲမှုမရှိဘဲ ဒီအခြေနေကို ပုံမှန်ဖြတ်သန်းသွားနိုင်ပေမယ့် တစ်ချို့အမျိုးသမီးတွေမှာတော့ ရာသီစလာတဲ့ရက်ကစပြီး ပြီးတဲ့ရက်အထိ မခံမရပ်နိုင်အောင် ကိုက်ခဲတဲ့ဝေဒနာကိုခံစားရပါတယ်..။
ဒီလို ကိုက်ခဲနာကျင်ခြင်းဟာ ဘာရောဂါမှ မရှိဘဲ ကိုက်တာလည်းရှိသလို မျိုးဆက်ပွား အင်္ဂါရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
အမျိုးသမီးတော်တော်များများဟာ ကိုက်ခဲမှုဖြစ်လာတဲ့အခါ လတ်တလော နာကျင်ကိုက်ခဲမှု အမြန်ပျောက်ရန်အတွက် သောက်နေကျ အကိုက်အခဲပျောက်ဆေး များကိုသာ လွယ်ကူစွာ သောက်လိုက်လေ့ရှိကြပါတယ်…။
အဲ့ဒီအကိုက်ခဲပျောက်ဆေးတွေဟာ ရာသီလာချိန်ကိုက်ခဲမှုကို သက်သာပျောက်ကင်းနိုင်ပေမယ့် ဆွဲသောက်လာတဲ့အခါမှာ ဘေးထွက်ဆိုးကြိုးအနေနဲ့ အစာအိမ်ကို ဆိုးကျိုးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ အစာအိမ်နာပြီှးဗိုက်အောင့်တဲ့ ဝေဒနာကိုပါ ဆက်လက်ခံစားရနိုင်ပါတယ်..။
ဒါကြောင့် အစာအိမ်နဲ့ပတ်သတ်ြ့ပီး ဆိုးကျိုးတွေ မခံစားရအောင် ကိုက်ခဲပျောက်ဆေးသောက်တဲ့အခါ အစာစားပြီးမှ သောက်ပေးပါ…။
ဆေးကို ကိုက်တာနဲ့သောက်မယ်ဆိုပြီး အရမ်းမသောက်မိပါစေနဲ့…။ မခံနိုင်တဲ့အခြေနေဆိုမှ သောက်ပါ။
ကိုက်ခဲပျောက်ဆေးသောက်တဲ့အခါ အစာအိမ်ဆေးတစ်မျိုးမျိုးနဲ့ တွဲပြီးသောက်ပေးသင့်တယ်လို့ အကြံပေးပါရစေ..။
#Achitlwinpyin
Credit-momolay
No comments:
Post a Comment