ဆယ်ကျော်သက်မိန်းကလေးတွေ သန္ဓေတားဆေးစားတာဟာ အန္တရာယ်များလွန်းလှတဲ့အရာပါ။ ဘာလို့လဲဆိုတော့ သန္ဓေတားဆေးဟာ ဆယ်ကျော်သက်မိန်းကလေးတွေကို စိတ်ကျရောဂါ နှစ်ဆတိုးမြင့် ဖြစ်ပွားစေလို့ပါပဲ။ Progesterone-only သန္ဓေတားဆေး အမျိုးအစားသုံးစွဲသူတွေဟာ ရောဂါအန္တရာယ် ၂.၂ ဆ များနေချိန်မှာ ဆေးနှစ်မျိုးတွဲစားသူတွေဟာ စိတ်ကျရောဂါကာကွယ်ဆေး စတင်မှီဝဲနိုင်ခြေ ၁.၈ ဆ ရှိနေပါပြီ။
ဟော်မုန်းအကာအကွယ်ပြုဆေး သုံးစွဲတဲ့ ဆယ်ကျော်သက်မြှီးကောင်ပေါက်စ အရွယ်တွေဟာ စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ ၃ ဆ ပိုများကြပါတယ်။ ဒိန်းမတ်သိပ္ပံပညာရှင်တွေ အသက် ၁၅ ကနေ ၃၄ နှစ်အရွယ် အမျိုးသမီး ၁ သန်းကျော်ကို ပျှမ်းမျှ ၆ နှစ်ကြာ လေ့လာခဲ့ကြပါတယ်။ ဘယ်အသက်အရွယ်အုပ်စုမှာမဆို ပထမဦးဆုံး စိတ်ကျရောဂါကာကွယ်ဆေးစားခြင်းက ဆေးမစားသူတွေထက် ၂၃ ရာခိုင်နှုန်း ပိုများကြောင်း ဆေးတွဲစားတဲ့ အမျိုးသမီးတွေက တွေ့ရှိခဲ့ကြပါတယ်။
Progestrone-only သန္ဓေတားဆေး သုံးစွဲသူတွေ ရောဂါအန္တရာယ် ၃၄ ရာခိုင်နှုန်း ပိုများပါတယ်။ Copenhagen တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တွေကတော့ ဟော်မုန်းပြောင်းလဲမှုတွေကို ပြစ်တင်ပြောဆိုကြပါတယ်။ သန္ဓေတားဆေး progesterone ကို ရာသီဆင်းချိန် စိတ်ခံစားမှုအပေါ် အပျက်သဘော အကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ယူကေနိုင်ငံက အမျိုးသမီး ၃.၅ သန်းဝန်းကျင်ဟာ သန္ဓေတားဆေးကို သောက်ဆေးပုံစံနဲ့ သောက်ကြပါတယ်။
ဗြိတိသျှကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာမှုက ခုဆို အရေးတကြီး အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်စေတယ်လို့ ဆိုလာကြပါတယ်။
#Achitlwinpyin
Ref: The Sun
No comments:
Post a Comment