ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 17, 2017

ဆယ်ကျော်သက်လူငယ်များ သေဆုံးမှူအများဆုံးဖြစ်စေတဲ့ အကြောင်းရင်း



ကမ္ဘာအနှံ့မှာ ဆယ်ကျော်သက်များ သေဆုံးရမှု အများဆုံးဟာ လမ်းမများပေါ် မတော်တဆမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာအနှံ့မှာ ဆယ်ကျော်သက် ၁.၂ သန်း သေဆုံးခဲ့ရာ ထိုသေဆုံးမှုများအနက် ၁၀ ယောက်မှာ ၁ ယောက်ဟာ လမ်းမပေါ် မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် ဖြစ်ခဲ့ပါတယ်။


လမ်းမများပေါ် မတော်တဆမှုကြောင့် သေဆုံးတဲ့ ဆယ်ကျော်သက်တွေအနက် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား ယောက်ျားလေးအများစု ပါဝင်ကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့ဆယ်ကျော်သက် မိန်းကလေးတွေ သေဆုံးမှုမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် အဓိကဖြစ်ကြောင်း WHO အစီရင်ခံစာက ဖော်ပြပါတယ်။
WHO အစီရင်ခံစာအရ တစ်နေ့လျှင် ဆယ်ကျော်သက်အရွယ် ၃,၀၀၀ ကျော် သေဆုံးနေကြောင်းနဲ့ အဆိုပါသေဆုံးမှု ၃ ပုံ ၂ ပုံဟာ ဝင်ငွေနည်ပါးနဲ့ ဝင်ငွေအသင့်အတင့်ရှိတဲ့ အာဖရိကနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ ဆယ်ကျော်သက်များ နေ့စဉ် ၃,၀၀၀ ကျော် သေဆုံးနေရမှုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေဖြစ်ပြီး မသေသင့်ဘဲ သေဆုံးရမှုတွေလို့လည်း WHO က ဆိုပါတယ်။ လမ်းမပေါ် မတော်တဆမှုတွေကြောင့် လူငယ်များသေဆုံးရမှုဟာ လမ်းလျှောက်သွားလာသူတွေ၊ ဆိုင်ကယ်သမားတွေနဲ့ မော်တော်ယာဉ်မောင်းနှင်သူတွေရဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့်လို့လည်း WHO အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
၂၀၁၅ ခုနှစ်အတွင်းက ဗြိတိန်နိုင်ငံမှာ လမ်းမများပေါ် မတော်တဆမှုတွေကြောင့် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူ ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃,၁၆၆ ဦးဟာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား ဆယ်ကျော်သက်အရွယ် သေဆုံးရမှုအများဆုံး အကြောင်းရင်း (၅) ခု
၁။ လမ်းမပေါ် မတော်တဆ ထိခိုက်ဒဏ်ရာမှု
၂။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
၃။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု
၎။ ဝမ်းပျက်ဝမ်းလျှောရောဂါ
၅။ ရေနစ်ခြင်း
Source & Photo: BBC

No comments:

Post a Comment