ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, May 26, 2017

သင့်ရဲ့မစင်အနေအထားကိုကြည့်ပြီး ကျန်းမာရေးကို ခန့်မှန်းနိုင် ..!


ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရဘူးဆိုတဲ့ မြန်မာဆိုရိုးရှိပါတယ်။ ဝမ်းမှန်နေတယ်ဆိုတာဟာ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ မိမိဝမ်းသွားတဲ့အခါ စွန့်ထုတ်လိုက်တဲ့ မစင်အနေအထားကလည်း မိမိရဲ့ဝမ်း ကောင်း၊မကောင်းဆိုတာ ပြောနိုင်ပါတယ်။


ပုံစံ - ၁

အလုံးလေးတွေ အများကြီးလိုဖြစ်နေပြီး ဝမ်းသွားရခက်တဲ့ ပုံစံမျိုးကတော့ ကျန်းမာသူတစ်ဦး မဖြစ်နိုင်ပါဘူး။ ပညာရှင်တွေကတော့ ဒီလိုမစင်မျိုးဟာ ဝမ်းချုပ်နေတာကို ညွှန်ပြနေပြီး အမျှင်ဓာတ်လုံလုံလောက်လောက် မစားဘူးဆိုတာ သိသာစေပါသတဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကွေကာလည်း စားသုံးပေးဖို့လိုပါတယ်။

ပုံစံ - ၂

တစ်ဖြောင့်တည်းပေမဲ့ ချောမွတ်နေတာမဟုတ်တဲ့အတွက် အနည်းငယ် ဝမ်းချုပ်နေပုံရပါတယ်။

ပုံစံ - ၃

ဝက်အူချောင်းလိုပုံစံမျိုးနဲ့ အပေါ်ယံက အက်ကွဲမှုလေးတွေ မြင်နေရရင်တော့ ဒီလူက ကျန်းမာရေးကောင်းတယ်လို့ ဆိုရမှာပါ။

ပုံစံ - ၎

ဒီလိုမစင်မျိုးက ကျန်းမာသူတစ်ဦးရဲ့ မစင်အဖြစ် သတ်မှတ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ပျော့ပျောင်းပြီး မြွေလို တစ်ဆက်တည်းစွန့်ထုတ်တဲ့ ပုံစံမျိုးကို ခေါ်ပါတယ်။

ပုံစံ - ၅

တစ်ကြိမ်တည်း စွန့်ထုတ်တာမဟုတ်ဘဲ အပိုင်းအပိုင်းလေးတွေနဲ့ပုံစံဟာ များသောအားဖြင့်တော့ မစင်စွန့်ရလွယ်ကူလေ့ရှိပါတယ်။ ဒါပေမဲ့ အမျှင်ဓာတ် ပိုစားပေးဖို့လိုနေတဲ့ လက္ခဏာပါပဲ။

ပုံစံ - ၆

ဒီလိုပုံစံမျိုး ဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားတွေ့လိုက်ပါ။ အူမကြီး ရောင်ရမ်းနေပုံရပါတယ်။

ပုံစံ - ၇

အရည်တွေချည်းပဲ သွားနေပြီဆိုရင်တော့ ၀မ်းလျှောဝမ်းပျက် ဖြစ်နေလို့ပါပဲ။ ကျန်းမာရေး မကောင်းပါဘူး။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေ ဝမ်းဗိုက်ထဲရောက်နေလို့ ဝမ်းလျှောရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun

No comments:

Post a Comment