သူတို႔ ႏွစ္ေယာက္ရဲ႕အိမ္ေထာင္သက္တမ္း အႏွစ္ ေလးဆယ္ေက်ာ္ အတြင္း မၾကာခဏ စကားမ်ား ရန္ျဖစ္ ၾကရသည္။ ဘယ္လိုမွ ေျပလည္မႈ မရ၊ ဘယ္လို ျဖစ္ျဖစ္ ဒီအခ်ိန္က သူတို႔ႏွစ္ေယာက္ လမ္းခြဲဖို႔ ဆိုတာက မျဖစ္ႏိုင္။ ႏွစ္ေယာက္သား ကြဲသြားရင္ ကေလးေတြ ထိခိုက္ နစ္နာမွာစိုးရိမ္ၾကသည္။ဒါ့ေၾကာင့္ေအာင့္အီးၿပီး ေပါင္းသင္းခဲ့ၾကသည္။ ခုေတာ ့ကေလးေတြလည္း အရြယ္ေရာက္လို႔ အိမ္ေထာင္ အသီးသီးက်ကုန္ၾကၿပီး သူတို႔အတြက္ စိတ္ပူစရာ မလိုေတာ့။ ဒါ႔ေၾကာင့္ကြာရွင္း ျပတ္စဲၾကဖို႔ႏွစ္ေယာက္သေဘာတူလိုက္ၾကသည္။
ေရွ႕ေနျဖစ္သူမွာလိုအပ္တဲ့ စာရြက္စာတမ္းေတြ လုပ္ကိုင္ ေဆာင္ရြက္ ေပးေနရေပမယ့္ စိတ္ထဲမွာ မေကာင္း။ ႏွစ္ေပါင္းေလးဆယ္ေက်ာ္အတူ ေပါင္းသင္း ေနထုိင္ခဲ့ၿပီး အခုအသက္ (70) ေရာက္ မွဘာေၾကာင့္မ်ား ကြာရွင္း ျပတ္စဲခ်င္ၾကပါလိမ့္။ စာရြက္စာတမ္းေတြေပၚမွာ လက္မွတ္ ထိုးေနစဥ္ အဘြားက အဘိုး ကို
“ ရွင့္ကို ခ်စ္ပါတယ္၊ဒါေပမယ့္ ကၽြန္မေရွ႕ဆက္ ေပါင္းသင္း လို႔ မရေတာ့ဘူး၊၀မ္းနည္းပါတယ္ ”… လို႔ေျပာလိုက္သည္။
ထိုအခါ အဘိုးက . . .
“ ရပါတယ္ကြာ ၊ ငါနားလည္ပါတယ္ ” လို႔… ျပန္ေျပာ လိုက္တယ္။
သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ေရွ႕ေနက ညစာ အတူတူ စားဖို႔ အႀကံျပဳလိုက္သည္။ သံုးေယာက္ထဲ အတူစားၾကဖို႔ အစီအစဥ္ ျဖစ္သည္။ လင္မယား မဟုတ္ေပမယ့္ သူငယ္ခ်င္းေတြ လို ဆက္ဆံလို႔ ရသားပဲ …လို႔ အဘြား က ေတြးလိုက္သည္။
ညစာ စားပြဲမွာ စကားမေျပာဘဲ ေအးစက္စက္ျဖစ္ ေနသည္။ ပထမဟင္းမွာ ၾကက္သားဟင္းနဲ႔ ဒန္႔ဒလြန္သီး ကို အဘိုးက ခ်က္ျခင္းယူၿပီး အဘြားႀကီး ပန္းကန္ထဲ ထည့္ေပးရင္း…
“ ေရာ့ . . ဒါေလး…စား ၊ ဒါ…မင္းအႀကိဳက္ပဲ ” …လို႔… ေျပာလိုက္သည္။ ဒါကို ျမင္လိုက္ရတဲ့ ေရွ႕ေနက သူတို႔ ျပန္ေပါင္းထုတ္ႏုိင္မယ့္အခြင့္အေရး ရွိေနေသးတယ္လို႔ ေတြးလိုက္သည္။ဒါေပမယ့္ အဘြားႀကီး က မ်က္ေမွာင္ ႀကံဳ၍ၾကည့္လိုက္ၿပီး……
“ ဒါက အၿမဲျပႆနာပဲ၊သူကသူ႔အတြက္ပဲစဥ္းစားတယ္၊ တျခားလူ ဘယ္လိုခံစားရမလဲ… ဆိုတာ ဘယ္ေတာ့မွ ထည့္ မစဥ္းစားဘူး၊ကၽြန္မ ဒန္႔ဒလြန္သီး မႀကိဳက္ဘူး ဆိုတာ…ရွင္မသိဘူးလား ” ။
တကယ္ေတာ့ အဘိုးက သူ႔မိန္းမကို ေက်နပ္ေယာင္ လုပ္ေနတာျဖစ္သည္။တကယ္ေတာ့ ဒန္႔ဒလြန္သီး ကို အဘိုးက ႀကိဳက္သည္။တစ္ေယာက္နဲ႔ တစ္ေယာက္ ဘာမဟုတ္တဲ့ ကိစၥေလးမွာ နားလည္မႈ လြဲေနျခင္း ပင္ျဖစ္သည္။
အဘြားအႀကိဳက္ကို လိုက္ေလ်ာ္ေပမယ့္ အဘြားက နားမလည္ႏိုင္ျဖစ္ေနရသည္။အဘြားရဲ႕ စကားကို ၾကားရေတာ့ အဘိုး စိတ္မေကာင္းျဖစ္သြားရသည္။ ညစာ အတူစားၿပီးေနာက္ သူ႔အိမ္သူျပန္ ၊ ကိုယ့္အိမ္ ကိုယ္ျပန္ ျပန္ၾကသည္။
အဲဒီညမွာ အဘိုးေရာ အဘြားပါ ႏွစ္ေယာက္လံုး အိပ္လို႔ မရၾက။ အိပ္ရာထဲမွာ ဟိုလွိမ့္ ဒီလွိမ့္ ျဖစ္ေနၾကရသည္။ ဒီလိုနဲ႔ အိပ္မရတာ နာရီအေတာ္ ၾကာသြားၿပီ။ အဘိုးမွာ ဘယ္လိုမွ မခံစားႏိုင္ေတာ့ဘဲ ထထိုင္လိုက္သည္။
အဘြားကို သူ ခ်စ္ေနတုန္းျဖစ္သည္။အဘြား မပါဘဲ သူ႕ဘ၀ကို ေရွ႕ဆက္ခ်င္စိတ္ မရွိေတာ့ေပ။ အဘြားနဲ႔ျပန္ေပါင္းခ်င္သည္။အတူေနခ်င္သည္။
သူ မွားသြားတာကို အဘြားကို ေျပာျပခ်င္သည္။ သူ ခ်စ္ေနတုန္းပဲ ဆိုတာ အဘြားကို ေျပာခ်င္သည္။
ဒါ့ေၾကာင့္ တယ္လီဖုန္း ကို ေကာက္ကိုင္ၿပီး အဘြား ဖုန္းနံပါတ္ကို ႏွိပ္လိုက္သည္။တဘက္က မကိုင္တဲ့ အတြက္ ေနာက္တစ္ေခါက္ ထပ္ေခၚသည္။ဖုန္းမကိုင္။ ထပ္ေခၚသည္. . . . .. . . .
အဘြားရဲ႕အိပ္ရာေဘးက တယ္လီဖုန္း ျမည္ေနသည္။ အဘြား စိတ္မေကာင္းျဖစ္ေနရသည္။ ဒီေလာက္ႏွစ္ေပါင္း မ်ားစြာေပါင္းသင္း လာခဲ့ၿပီးမွ သူ႔အေပၚ ဘာေၾကာင့္နားလည္မႈ မရွိရတာလဲ။
သူ နည္းနည္းေလးမွ နားမလည္ဘူး။ တကယ္ေတာ့ သူ႔ေယာက်ာ္း ကို အရမ္းခ်စ္ပါတယ္။ ဒါေပမယ့္ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ဘူး။ သူ႕ေယာက်ာ္းက ဖုန္းဆက္ေနမွန္းသိရဲ႕နဲ႔ ဖုန္းကို မကိုင္မိ။
“ ခုခ်ိန္မွာ ေျပာေနလို႔ ဘာထူးအုန္းမွာလဲ။…
လမ္းခြဲၾကၿပီပဲ။ ဒီလိုလမ္းခြဲဖို႔ ေျပာခဲ့တာဆိုေတာ့… ဒီလိုပဲ…ေရွ႕ဆက္ၾကမယ္ေလ။ျပန္ဆက္မယ္ဆိုရင္ ကို္ယ္ပဲ အရွက္ ကြဲရမွာေပါ့”… လို႔ အဘြား က ေတြးလိုက္သည္။
ဖုန္းသံကဆက္ျမည္ေနတုန္း. . . .။
ဒါ႔ေၾကာင့္ ဖုန္းႀကိဳးကို ျဖဳတ္လိုက္သည္။ သူ႔ေယာက်ာ္းမွာ ႏွလံုးေရာဂါရွိေနတာကို အဘြား က ေမ့သြားသည္။
ေနာက္တစ္ေန႔မနက္မွာ……
အဘိုး ဆံုးသြားတဲ့ သတင္းကိုၾကားရသည္။ကားငွားၿပီး အဘိုးေနတဲ့ တိုက္ခန္းကိုသြားတဲ့အခါ ဆိုဖာေပၚမွာ လဲက်ေသဆံုးေနတဲ့ အေလာင္းကိုေတြ႕ရသည္။ လက္ထဲတြင္ တယ္လီဖုန္းကို ကိုင္ထားဆဲျဖစ္ၿပီး ဖုန္းအဆက္အသြယ္ ရဖို႔ ႀကိဳးစားေနစဥ္မွာ ႏွလံုးေရာဂါ ေၾကာင့္ ေသဆံုးသြားဟန္တူသည္။
အဘိုးကိုၾကည့္ၿပီး အဘြား အေတာ္စိတ္မေကာင္း ျဖစ္သြားရသည္။ မခ်ိတင္ကဲ ေၾကကြဲရသည္။ ဒါ႔ေၾကာင့္ အဘိုး အခန္းထဲကို ၀င္ၿပီး စားပြဲရဲ႕အံ့ဆြဲကို ဖြင့္ၾကည့္ လုိက္သည္။ အထဲမွာ အသက္အာမခံ စာခ်ဳပ္တစ္ခုကို ေတြ႕ရသည္။သူတို႔ ႏွစ္ေယာက္ မဂၤလာေဆာင္တဲ့ ေန႔စြဲနဲ႔ အာမခံလုပ္ထားျခင္း ျဖစ္သည္။ အဘြားရဲ႕နာမည္ကို ဆက္ခံသူ ေနရာမွာ ေဖာ္ျပထားတဲ့အတြက္ အဘိုးရဲ႕ အာမခံ ေငြေၾကးကို အဘြားရမွာျဖစ္ပါတယ္။
အသက္အာမခံ ဖိုင္ၾကားမွာ စာေလးတစ္ေစာင္လည္း ရွိေနသည္။
“ ကိုယ့္ရဲ႕အခ်စ္ဆံုးေရ…
မင္း ဒီစာကို ဖတ္ေနတဲ့အခ်ိန္မွာ ကိုယ္ ဒီေလာကႀကီး မွာရွိေတာ့မွာ မဟုတ္ပါဘူး။ဒီအာမခံ ေပၚလစီကို မင္း အတြက္၀ယ္ထားတာပါ။သိပ္ေတာ့မမ်ားပါဘူး။ ေဒၚလာ 1000 ပါ။ကိုယ္တို႔ ႏွစ္ေယာက္လက္ထပ္ခဲ့စဥ္က ေပးခဲ့တဲ့ကတိ္အတိုင္း မင္းကို အကူရေစမယ္ လို႔ ေမွ်ာ္လင့္မိပါတယ္။ ကိုယ္…မင္း အနားမွာ ရွိခ်င္မွ ရွိေတာ့မယ္။ ဒီိပိုက္ဆံနဲ႔ မင္း ကိုယ္ဘာသာ ရပ္တည္ ေစာင့္ေရွာက္ေစခ်င္တယ္။မင္းရဲ႕နံေဘးမွာ ကိုယ္အၿမဲ ရွိေနတယ္ဆိုတာ မင္း သိေစခ်င္တယ္။
မင္း ကို ခ်စ္တယ္။
အဘြားရဲ႕ မ်က္ရည္ေတြဟာ ျမစ္တစ္စင္းလို စီးက် လာပါေတာ့သည္။
=================================
တကယ္လို႔မ်ား
“ ကုိယ္က တစ္ေယာက္ေယာက္ကိုခ်စ္မိတဲ့အခါ ကိုယ္ ခ်စ္တာကို သူသိပါေစ .ေနာက္တစ္မိနစ္မွာ ဘာျဖစ္မယ္ ဆိုတာဘယ္လိုမွ သိႏိုင္မွာမဟုတ္ပါဘူး၊
ဘ၀ ကို အတူတကြ တည္ေဆာက္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ၾကပါ။ သူက ဘာလဲဆိုတာ ထက္…
သူ ဘယ္သူလဲ ဆိုတာ နားလည္နုိင္ပါေစ ” . . . .
#Credit_ေက်ာ္ေဌး_ဘီေအစီ
Unicode
ထာဝရအချစ်
ရာသီဥတုသာယာတဲ့တစ်နေ့မှာ အသက် 70 ဝန်းကျင် အဘိုးအဘွား လင်မယားနှစ်ယောက် တရားရုံး ရှေ့နေ ထံသို့ ရောက်လာကြသည်။ ရောက်လာရတဲ့အကြောင်း ကတော့လင်မယား ကွာရှင်းပြတ်စဲဖို့ ဖြစ်သည်။ ရှေ့နေက နားမလည် နိုင်အောင်ဖြစ်သွားရသည်။ အဘိုးနဲ့အဘွား တို့ကို စကားပြောကြည့်တော့မှ ဇာတ်ရည် လည် တော့သည်။
သူတို့ နှစ်ယောက်ရဲ့အိမ်ထောင်သက်တမ်း အနှစ် လေးဆယ်ကျော် အတွင်း မကြာခဏ စကားများ ရန်ဖြစ် ကြရသည်။ ဘယ်လိုမှ ပြေလည်မှု မရ၊ ဘယ်လို ဖြစ်ဖြစ် ဒီအချိန်က သူတို့နှစ်ယောက် လမ်းခွဲဖို့ ဆိုတာက မဖြစ်နိုင်။ နှစ်ယောက်သား ကွဲသွားရင် ကလေးတွေ ထိခိုက် နစ်နာမှာစိုးရိမ်ကြသည်။ဒါ့ကြောင့်အောင့်အီးပြီး ပေါင်းသင်းခဲ့ကြသည်။ ခုတော့ကလေးတွေလည်း အရွယ်ရောက်လို့ အိမ်ထောင် အသီးသီးကျကုန်ကြပြီး သူတို့အတွက် စိတ်ပူစရာ မလိုတော့။ ဒါ့ကြောင့်ကွာရှင်း ပြတ်စဲကြဖို့နှစ်ယောက်သဘောတူလိုက်ကြသည်။
ရှေ့နေဖြစ်သူမှာလိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ကိုင် ဆောင်ရွက် ပေးနေရပေမယ့် စိတ်ထဲမှာ မကောင်း။ နှစ်ပေါင်းလေးဆယ်ကျော်အတူ ပေါင်းသင်း နေထိုင်ခဲ့ပြီး အခုအသက် (70) ရောက် မှဘာကြောင့်များ ကွာရှင်း ပြတ်စဲချင်ကြပါလိမ့်။ စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ် ထိုးနေစဉ် အဘွားက အဘိုး ကို
“ ရှင့်ကို ချစ်ပါတယ်၊ဒါပေမယ့် ကျွန်မရှေ့ဆက် ပေါင်းသင်း လို့ မရတော့ဘူး၊ဝမ်းနည်းပါတယ် ”… လို့ပြောလိုက်သည်။
ထိုအခါ အဘိုးက . . .
“ ရပါတယ်ကွာ ၊ ငါနားလည်ပါတယ် ” လို့… ပြန်ပြော လိုက်တယ်။
သူတို့နှစ်ယောက်ကိုကြည့်ပြီး ရှေ့နေက ညစာ အတူတူ စားဖို့ အကြံပြုလိုက်သည်။ သုံးယောက်ထဲ အတူစားကြဖို့ အစီအစဉ် ဖြစ်သည်။ လင်မယား မဟုတ်ပေမယ့် သူငယ်ချင်းတွေ လို ဆက်ဆံလို့ ရသားပဲ …လို့ အဘွား က တွေးလိုက်သည်။
ညစာ စားပွဲမှာ စကားမပြောဘဲ အေးစက်စက်ဖြစ် နေသည်။ ပထမဟင်းမှာ ကြက်သားဟင်းနဲ့ ဒန့်ဒလွန်သီး ကို အဘိုးက ချက်ခြင်းယူပြီး အဘွားကြီး ပန်းကန်ထဲ ထည့်ပေးရင်း…
“ ရော့ . . ဒါလေး…စား ၊ ဒါ…မင်းအကြိုက်ပဲ ” …လို့… ပြောလိုက်သည်။ ဒါကို မြင်လိုက်ရတဲ့ ရှေ့နေက သူတို့ ပြန်ပေါင်းထုတ်နိုင်မယ့်အခွင့်အရေး ရှိနေသေးတယ်လို့ တွေးလိုက်သည်။ဒါပေမယ့် အဘွားကြီး က မျက်မှောင် ကြုံ၍ကြည့်လိုက်ပြီး……
“ ဒါက အမြဲပြဿနာပဲ၊သူကသူ့အတွက်ပဲစဉ်းစားတယ်၊ တခြားလူ ဘယ်လိုခံစားရမလဲ… ဆိုတာ ဘယ်တော့မှ ထည့် မစဉ်းစားဘူး၊ကျွန်မ ဒန့်ဒလွန်သီး မကြိုက်ဘူး ဆိုတာ…ရှင်မသိဘူးလား ” ။
တကယ်တော့ အဘိုးက သူ့မိန်းမကို ကျေနပ်ယောင် လုပ်နေတာဖြစ်သည်။တကယ်တော့ ဒန့်ဒလွန်သီး ကို အဘိုးက ကြိုက်သည်။တစ်ယောက်နဲ့ တစ်ယောက် ဘာမဟုတ်တဲ့ ကိစ္စလေးမှာ နားလည်မှု လွဲနေခြင်း ပင်ဖြစ်သည်။
အဘွားအကြိုက်ကို လိုက်လျော်ပေမယ့် အဘွားက နားမလည်နိုင်ဖြစ်နေရသည်။အဘွားရဲ့ စကားကို ကြားရတော့ အဘိုး စိတ်မကောင်းဖြစ်သွားရသည်။ ညစာ အတူစားပြီးနောက် သူ့အိမ်သူပြန် ၊ ကိုယ့်အိမ် ကိုယ်ပြန် ပြန်ကြသည်။
အဲဒီညမှာ အဘိုးရော အဘွားပါ နှစ်ယောက်လုံး အိပ်လို့ မရကြ။ အိပ်ရာထဲမှာ ဟိုလှိမ့် ဒီလှိမ့် ဖြစ်နေကြရသည်။ ဒီလိုနဲ့ အိပ်မရတာ နာရီအတော် ကြာသွားပြီ။ အဘိုးမှာ ဘယ်လိုမှ မခံစားနိုင်တော့ဘဲ ထထိုင်လိုက်သည်။
အဘွားကို သူ ချစ်နေတုန်းဖြစ်သည်။အဘွား မပါဘဲ သူ့ဘဝကို ရှေ့ဆက်ချင်စိတ် မရှိတော့ပေ။ အဘွားနဲ့ပြန်ပေါင်းချင်သည်။အတူနေချင်သည်။
သူ မှားသွားတာကို အဘွားကို ပြောပြချင်သည်။ သူ ချစ်နေတုန်းပဲ ဆိုတာ အဘွားကို ပြောချင်သည်။
ဒါ့ကြောင့် တယ်လီဖုန်း ကို ကောက်ကိုင်ပြီး အဘွား ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။တဘက်က မကိုင်တဲ့ အတွက် နောက်တစ်ခေါက် ထပ်ခေါ်သည်။ဖုန်းမကိုင်။ ထပ်ခေါ်သည်. . . . .. . . .
အဘွားရဲ့အိပ်ရာဘေးက တယ်လီဖုန်း မြည်နေသည်။ အဘွား စိတ်မကောင်းဖြစ်နေရသည်။ ဒီလောက်နှစ်ပေါင်း များစွာပေါင်းသင်း လာခဲ့ပြီးမှ သူ့အပေါ် ဘာကြောင့်နားလည်မှု မရှိရတာလဲ။
သူ နည်းနည်းလေးမှ နားမလည်ဘူး။ တကယ်တော့ သူ့ယောကျာ်း ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူ့ယောကျာ်းက ဖုန်းဆက်နေမှန်းသိရဲ့နဲ့ ဖုန်းကို မကိုင်မိ။
“ ခုချိန်မှာ ပြောနေလို့ ဘာထူးအုန်းမှာလဲ။…
လမ်းခွဲကြပြီပဲ။ ဒီလိုလမ်းခွဲဖို့ ပြောခဲ့တာဆိုတော့… ဒီလိုပဲ…ရှေ့ဆက်ကြမယ်လေ။ပြန်ဆက်မယ်ဆိုရင် ကိုယ်ပဲ အရှက် ကွဲရမှာပေါ့”… လို့ အဘွား က တွေးလိုက်သည်။
ဖုန်းသံကဆက်မြည်နေတုန်း. . . .။
ဒါ့ကြောင့် ဖုန်းကြိုးကို ဖြုတ်လိုက်သည်။ သူ့ယောကျာ်းမှာ နှလုံးရောဂါရှိနေတာကို အဘွား က မေ့သွားသည်။
နောက်တစ်နေ့မနက်မှာ……
အဘိုး ဆုံးသွားတဲ့ သတင်းကိုကြားရသည်။ကားငှားပြီး အဘိုးနေတဲ့ တိုက်ခန်းကိုသွားတဲ့အခါ ဆိုဖာပေါ်မှာ လဲကျသေဆုံးနေတဲ့ အလောင်းကိုတွေ့ရသည်။ လက်ထဲတွင် တယ်လီဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး ဖုန်းအဆက်အသွယ် ရဖို့ ကြိုးစားနေစဉ်မှာ နှလုံးရောဂါ ကြောင့် သေဆုံးသွားဟန်တူသည်။
အဘိုးကိုကြည့်ပြီး အဘွား အတော်စိတ်မကောင်း ဖြစ်သွားရသည်။ မချိတင်ကဲ ကြေကွဲရသည်။ ဒါ့ကြောင့် အဘိုး အခန်းထဲကို ဝင်ပြီး စားပွဲရဲ့အံ့ဆွဲကို ဖွင့်ကြည့် လိုက်သည်။ အထဲမှာ အသက်အာမခံ စာချုပ်တစ်ခုကို တွေ့ရသည်။သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့ နေ့စွဲနဲ့ အာမခံလုပ်ထားခြင်း ဖြစ်သည်။ အဘွားရဲ့နာမည်ကို ဆက်ခံသူ နေရာမှာ ဖော်ပြထားတဲ့အတွက် အဘိုးရဲ့ အာမခံ ငွေကြေးကို အဘွားရမှာဖြစ်ပါတယ်။
အသက်အာမခံ ဖိုင်ကြားမှာ စာလေးတစ်စောင်လည်း ရှိနေသည်။
“ ကိုယ့်ရဲ့အချစ်ဆုံးရေ…
မင်း ဒီစာကို ဖတ်နေတဲ့အချိန်မှာ ကိုယ် ဒီလောကကြီး မှာရှိတော့မှာ မဟုတ်ပါဘူး။ဒီအာမခံ ပေါ်လစီကို မင်း အတွက်ဝယ်ထားတာပါ။သိပ်တော့မများပါဘူး။ ဒေါ်လာ 1000 ပါ။ကိုယ်တို့ နှစ်ယောက်လက်ထပ်ခဲ့စဉ်က ပေးခဲ့တဲ့ကတိအတိုင်း မင်းကို အကူရစေမယ် လို့ မျှော်လင့်မိပါတယ်။ ကိုယ်…မင်း အနားမှာ ရှိချင်မှ ရှိတော့မယ်။ ဒီပိုက်ဆံနဲ့ မင်း ကိုယ်ဘာသာ ရပ်တည် စောင့်ရှောက်စေချင်တယ်။မင်းရဲ့နံဘေးမှာ ကိုယ်အမြဲ ရှိနေတယ်ဆိုတာ မင်း သိစေချင်တယ်။
မင်း ကို ချစ်တယ်။
အဘွားရဲ့ မျက်ရည်တွေဟာ မြစ်တစ်စင်းလို စီးကျ လာပါတော့သည်။
=================================
တကယ်လို့များ
“ ကိုယ်က တစ်ယောက်ယောက်ကိုချစ်မိတဲ့အခါ ကိုယ် ချစ်တာကို သူသိပါစေ .နောက်တစ်မိနစ်မှာ ဘာဖြစ်မယ် ဆိုတာဘယ်လိုမှ သိနိုင်မှာမဟုတ်ပါဘူး၊
ဘ၀ ကို အတူတကွ တည်ဆောက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပါ။ သူက ဘာလဲဆိုတာ ထက်…
သူ ဘယ်သူလဲ ဆိုတာ နားလည်နိုင်ပါစေ ” . . . .
#Credit_ကျော်ဌေး_ဘီအေစီ
No comments:
Post a Comment