၁။ Eye contact
စားပြဲ သုိ႔မဟုတ္ လက္ေလးကိုပဲ ေငးၾကည့္တာက မိမိကိုယ္မိမိ ယုံၾကည္မႈရိွေစတယ္လို႔ လူအေျမာက္အမ်ား ယူဆၾကပါတယ္။ ဒါေပမယ့္ ဒါက အင္တာဗ်ဴးေမးသူနဲ႔ ကိုယ္နဲ႔ ဆက္သြယ္မႈျပတ္ေတာက္ေစပါတယ္။ ဆုိေတာ့ မွတ္ခ်က္တစ္ခုခု က်န္ရစ္ခ်င္ရင္ မ်က္လုံးခ်င္း တည့္တည့္စုိက္ၾကည့္ဖုိ႔ အေရးၾကီးပါတယ္။
၂။ မိမိကိုယ္မိမိ ယုံၾကည္မႈ
ဒါကို မၾကာခဏၾကားဖူးပါလိမ့္မယ္။ မိမိကုိယ္ကုိယ္ ယုံၾကည္မႈက ေအာင္ျမင္မႈဆီ ဦးတည္ေခၚေဆာင္တာ အမွန္ပါပဲ။ ကုိယ္စိတ္ဝင္စားတဲ့ နယ္ပယ္က ဘာပဲျဖစ္ျဖစ္ မိမိကုိယ္ကုိယ္ယုံၾကည္မႈက အဓိကအခန္းက႑တစ္ခုမွာ ပါဝင္ပါတယ္။ အင္တာဗ်ဴးေမးသူကလည္း ဒါကို ၾကည့္ပါတယ္။
၃။ စကားေျပာဆုိႏုိင္မႈစြမ္းရည္
မိမိေျပာဆုိတဲ့ ဘာသာစကားထက္ လူတစ္ေယာက္ကို သင့္အျမင္ယူဆခ်က္ေတြ စိတ္ဝင္စားေအာင္ ဘယ္ေလာက္ထိ ေျပာျပႏုိင္လဲ ဆုိတာ ပိုအဓိကက်ပါတယ္။ မိမိေျပာသမွ် လုိရင္းေရာက္ျပီး အင္တာဗ်ဴးေမးသူ သေဘာေပါက္နားလည္ႏုိင္ဖုိ႔ သိပ္အေရးၾကီးပါတယ္။ အင္တာဗ်ဴးေမးသူဘက္က လိုခ်င္တာလည္း အဲဒါပါပဲ။
၄။ စိတ္ပါဝင္စားမႈ
အင္တာဗ်ဴးေမးသူက လုပ္ငန္းနဲ႔ လုံးဝမသက္ဆုိင္တဲ့ ေမးခြန္းတခ်ဳိ႕ ေမးရင္ ေမးႏုိင္ပါမယ္။ ဒါက သင့္စိတ္ပါဝင္စားမႈ စမ္းသပ္တဲ့ သေဘာပါပဲ။ ႏုိးႏုိးၾကားၾကားနဲ႔ သူ/သူမ ေမးသမွ် ေသခ်ာ အာရုံစိုက္ပါ။
၅။ အက်င့္စာရိတၱ
ဝန္ထမ္းတုိင္းမွာ လုိအပ္တဲ့ အေရးၾကီးဆုံးတစ္ခုက ကိုယ္က်င့္တရားပဲ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာ ဒါက မိမိကို လူတစ္ဦးအျဖစ္ သတ္မွတ္ျပီး အလုပ္ခန္႔အပ္ခံရတဲ့အခါ အလုပ္ကို မည္သို႔မည္ပုံ ကုိယ္တြယ္ လုပ္ေဆာင္သြားမယ့္အရာ ျဖစ္ပါတယ္။ မိမိကုိယ္ကုိယ္ တန္ဖုိးထားျပီး သိကၡာရိွတဲ့ လူတစ္ဦးအျဖစ္ ရႈျမင္ဖုိ႔ အေရးၾကီးပါတယ္။
Ref: youngisthan
Unicode
အလုပ်အတွက် အင်တာဗျူ း မဝင်ခင် ဒီအချက် (၅) ချက်ကို မဖြစ်မနေ သိထားဖို့လိုအပ်
အင်တာဗျူးသွားတာက ဘဝမှာ အခက်အခဲဆုံး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ပယ်ချခံရမှာ စိုးရိမ်မှုက ကြောက်စိတ်ဝင်စေပြီး အဲဒီဟာတစ်ခုတည်းကြောင့် တခါတလေ အင်တာဗျူးမှာ တလွဲတချော် လုပ်မိတတ်ကြပါတယ်။ တကယ်တော့ အင်တာဗျူးမေးသူက ကျွနု်ပ်တို့ဆီ ဘာမျှော်လင့်လဲ မသိကြလို့ အနည်းငယ် အခက်တွေ့ တတ်ပါတယ်။ လုပ်ငန်းခွင်အတွက် ကျွမ်းကျင်မှုတွေ လိုအပ်တာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီအပြင် တခြားအရာများစွာလည်း ရှိပါတယ်။
၁။ Eye contact
စားပွဲ သို့မဟုတ် လက်လေးကိုပဲ ငေးကြည့်တာက မိမိကိုယ်မိမိ ယုံကြည်မှုရှိစေတယ်လို့ လူအမြောက်အများ ယူဆကြပါတယ်။ ဒါပေမယ့် ဒါက အင်တာဗျူးမေးသူနဲ့ ကိုယ်နဲ့ ဆက်သွယ်မှုပြတ်တောက်စေပါတယ်။ ဆိုတော့ မှတ်ချက်တစ်ခုခု ကျန်ရစ်ချင်ရင် မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ဖို့ အရေးကြီးပါတယ်။
၂။ မိမိကိုယ်မိမိ ယုံကြည်မှု
ဒါကို မကြာခဏကြားဖူးပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုက အောင်မြင်မှုဆီ ဦးတည်ခေါ်ဆောင်တာ အမှန်ပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်က ဘာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်ယုံကြည်မှုက အဓိကအခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ အင်တာဗျူးမေးသူကလည်း ဒါကို ကြည့်ပါတယ်။
၃။ စကားပြောဆိုနိုင်မှုစွမ်းရည်
မိမိပြောဆိုတဲ့ ဘာသာစကားထက် လူတစ်ယောက်ကို သင့်အမြင်ယူဆချက်တွေ စိတ်ဝင်စားအောင် ဘယ်လောက်ထိ ပြောပြနိုင်လဲ ဆိုတာ ပိုအဓိကကျပါတယ်။ မိမိပြောသမျှ လိုရင်းရောက်ပြီး အင်တာဗျူးမေးသူ သဘောပေါက်နားလည်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အင်တာဗျူးမေးသူဘက်က လိုချင်တာလည်း အဲဒါပါပဲ။
၄။ စိတ်ပါဝင်စားမှု
အင်တာဗျူးမေးသူက လုပ်ငန်းနဲ့ လုံးဝမသက်ဆိုင်တဲ့ မေးခွန်းတချို့ မေးရင် မေးနိုင်ပါမယ်။ ဒါက သင့်စိတ်ပါဝင်စားမှု စမ်းသပ်တဲ့ သဘောပါပဲ။ နိုးနိုးကြားကြားနဲ့ သူ/သူမ မေးသမျှ သေချာ အာရုံစိုက်ပါ။
၅။ အကျင့်စာရိတ္တ
ဝန်ထမ်းတိုင်းမှာ လိုအပ်တဲ့ အရေးကြီးဆုံးတစ်ခုက ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဒါက မိမိကို လူတစ်ဦးအဖြစ် သတ်မှတ်ပြီး အလုပ်ခန့်အပ်ခံရတဲ့အခါ အလုပ်ကို မည်သို့မည်ပုံ ကိုယ်တွယ် လုပ်ဆောင်သွားမယ့်အရာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး သိက္ခာရှိတဲ့ လူတစ်ဦးအဖြစ် ရှုမြင်ဖို့ အရေးကြီးပါတယ်။
Ref: youngisthan
No comments:
Post a Comment