ဘီယာကို ေရွးအီဂ်စ္လူမ်ဳိးေတြက လြန္ခဲ့တဲ့ႏွစ္ေထာင္ေသာင္းခ်ီကတည္းကပင္ စတင္ခ်က္လုပ္ခဲ့တယ္လုိ႔ ယုံၾကည္ထားပါတယ္။ ၁၉ရာစုေရာက္မွသာ ဘီယာကို ပုလင္းနဲ႔ထည့္ျပီး စီးပြားျဖစ္ေရာင္းခ်ခဲ့တာပါ။
ဖန္ထည္ပုလင္းေတြက ဘီယာကို ေအးျမလတ္ဆတ္မႈရေစတယ္လုိ႕ ဘီယာခ်က္လုပ္သူေတြ နားလည္သေဘာေပါက္ကာ စားသုံးသူစိတ္ေက်နပ္မႈအတြက္ ဘီယာကို တာရွည္ခံေအာင္ ပုလင္းသြင္း ထိန္းသိမ္းခဲ့ပါတယ္။ စက္ရုံေတြေပၚလာတဲ့အခါ ဘီယာကို ပထမဦးဆုံး ပုလင္းအၾကည္နဲ႕ ထည့္ခဲ့ပါတယ္။ ဒါ ခဏတာအတြက္ အသုံးတည့္ပုံ ရခဲ့ပါတယ္။ ေဆာင္းတြင္း ေျဖရွင္းနည္းတစ္ခု ျဖစ္ႏုိင္ေပမယ့္ ေနေရာင္ေအာက္မွာထားတာနဲ႕ ျပသနာေတြ စတင္ျဖစ္ပြားခဲ့ေတာ့တာပါပဲ။
"ပုလင္းအၾကည္နဲ႕ ထည့္ထားတဲ့ဘီယာေတြဟာ အနံ႔ဆုိးထြက္ပါတယ္။ အလုပ္ျပီးလုိ႔ ေသာက္ဖုိ႔ အနံ႔အသက္မေကာင္းေတာ့ဘူး" လုိ႔ Business Insider က ဆုိပါတယ္။ ပုလင္းၾကည္ေတြက အဲဒီေသာက္ဖြယ္အရည္ဆီ ခရမ္းလြန္ေရာင္ျခည္ေတြ ထိုးေဖာက္ဝင္ေရာက္ေစျပီး အနံ႔အရသာ ေျပာင္းလဲေစတာေၾကာင့္ ဆုိးရြားတဲ့အနံ႔ျဖစ္ပြားပါတယ္။
ဒီျပသနာရဲ႕အေျဖက ပုလင္းအစိမ္း သုိ႔မဟုတ္ အညိဳေရာင္ပုလင္းေတြပဲ ျဖစ္ပါတယ္။ ပိုရင့္တဲ့အေရာင္က ထိခုိက္ပ်က္စီးေစတဲ့ခရမ္းလြန္ေရာင္ျခည္ေတြ ကာကြယ္ဟန္႔တားေပးျပီး ဘီယာမွာ ထြက္တဲ့ ပုတ္ေစာ္အနံ႔ေတြ ကင္းေဝးေစပါတယ္။ ဘာေၾကာင့္ ဘီယာပုလင္းေတြ အညိဳေရာင္ထက္ အစိမ္းေရာင္ ပိုအေတြ႔မ်ားသလဲဆိုတာ သိခ်င္ေနၾကပါလိမ့္မယ္။ ဒါဟာ ဒုတိယကမာၻစစ္အျပီး ပုလင္းအညိဳျပတ္လတ္မႈ ရိွခဲ့လုိ႔ပဲ ျဖစ္ပါတယ္။
ရံဖန္ရံခါ အညိဳေရာင္ပုလင္းေတြ ေတြ႔ရတတ္ေပမယ့္ အဲဒီအခ်ိန္ကစလုိ႔ အစိမ္းေရာင္ဟာ အစဥ္အလာဘီယာပုလင္းအေရာင္ ျဖစ္လာပါေတာ့တယ္။
Ref: Mirror
Unicode
ဘီယာကို ရှေးအီဂျစ်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ထောင်သောင်းချီကတည်းကပင် စတင်ချက်လုပ်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။ ၁၉ရာစုရောက်မှသာ ဘီယာကို ပုလင်းနဲ့ထည့်ပြီး စီးပွားဖြစ်ရောင်းချခဲ့တာပါ။
ဖန်ထည်ပုလင်းတွေက ဘီယာကို အေးမြလတ်ဆတ်မှုရစေတယ်လို့ ဘီယာချက်လုပ်သူတွေ နားလည်သဘောပေါက်ကာ စားသုံးသူစိတ်ကျေနပ်မှုအတွက် ဘီယာကို တာရှည်ခံအောင် ပုလင်းသွင်း ထိန်းသိမ်းခဲ့ပါတယ်။ စက်ရုံတွေပေါ်လာတဲ့အခါ ဘီယာကို ပထမဦးဆုံး ပုလင်းအကြည်နဲ့ ထည့်ခဲ့ပါတယ်။ ဒါ ခဏတာအတွက် အသုံးတည့်ပုံ ရခဲ့ပါတယ်။ ဆောင်းတွင်း ဖြေရှင်းနည်းတစ်ခု ဖြစ်နိုင်ပေမယ့် နေရောင်အောက်မှာထားတာနဲ့ ပြသနာတွေ စတင်ဖြစ်ပွားခဲ့တော့တာပါပဲ။
"ပုလင်းအကြည်နဲ့ ထည့်ထားတဲ့ဘီယာတွေဟာ အနံ့ဆိုးထွက်ပါတယ်။ အလုပ်ပြီးလို့ သောက်ဖို့ အနံ့အသက်မကောင်းတော့ဘူး" လို့ Business Insider က ဆိုပါတယ်။ ပုလင်းကြည်တွေက အဲဒီသောက်ဖွယ်အရည်ဆီ ခရမ်းလွန်ရောင်ခြည်တွေ ထိုးဖောက်ဝင်ရောက်စေပြီး အနံ့အရသာ ပြောင်းလဲစေတာကြောင့် ဆိုးရွားတဲ့အနံ့ဖြစ်ပွားပါတယ်။
ဒီပြသနာရဲ့အဖြေက ပုလင်းအစိမ်း သို့မဟုတ် အညိုရောင်ပုလင်းတွေပဲ ဖြစ်ပါတယ်။ ပိုရင့်တဲ့အရောင်က ထိခိုက်ပျက်စီးစေတဲ့ခရမ်းလွန်ရောင်ခြည်တွေ ကာကွယ်ဟန့်တားပေးပြီး ဘီယာမှာ ထွက်တဲ့ ပုတ်စော်အနံ့တွေ ကင်းဝေးစေပါတယ်။ ဘာကြောင့် ဘီယာပုလင်းတွေ အညိုရောင်ထက် အစိမ်းရောင် ပိုအတွေ့များသလဲဆိုတာ သိချင်နေကြပါလိမ့်မယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ပုလင်းအညိုပြတ်လတ်မှု ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
ရံဖန်ရံခါ အညိုရောင်ပုလင်းတွေ တွေ့ရတတ်ပေမယ့် အဲဒီအချိန်ကစလို့ အစိမ်းရောင်ဟာ အစဉ်အလာဘီယာပုလင်းအရောင် ဖြစ်လာပါတော့တယ်။
Ref: Mirror
No comments:
Post a Comment