အမှတ်တရတွေ မဖန်တီးခဲ့ပါဘူး ။
လွဲမှားတဲ့သံစဉ်တွေကြား
သာယာစွာနစ်မျောမိလိုက်တော့
မြစ်နှစ်စင်းရဲ့စီးဆင်းမှုဒဏ်နဲ့
ပါးပြင်နှစ်ဖက်သာ ချိုင့်ခွက်ဖြစ်ခဲ့ရပေါ့...
အရှေ့ကထွက်လာတဲ့နေ
အနောက်သို့ဝင်သွားတဲ့ အကြိမ်များစွာတိုင်
မျှော်လင့်ခြင်းများစွာနဲ့ စောင့်ဆိုင်းနေခဲ့မိတယ် ..
ပိုချစ်ခဲ့တာ မင်းတဲ့
ကျန်နေခဲ့တော့ ငါပါ...
နာကျင်မှုဝေဒနာတွေကို မခံစားနိုင်တဲ့အခါ
မေ့ပစ်ရမယ်လို့ ဦးနှောက်က အကြိမ်ကြိမ် အမိန့်ပေးခဲ့ပေမယ့်
နှလုံးသားက မလိုက်နာနိုင်သေးလို့ ခက်တယ်...
ခုချိန်ထိတော့ ငါ့ကမ္ဘာမှာ
လွမ်းဆွတ်မှုတွေနဲ့အမှောင်ကျနေဆဲ
ချစ်ခြင်းမေတ္တာကြယ်တစ်ပွင့်သာ
မျှော်လင့်ချက်နဲ့ လင်းလက်နေခဲ့
အလွမ်း သီချင်းတွေကိုတော့
တစ်သက်လုံးဆိုညည်းဖို့ လက်ဆောင်မဖြစ်မပေးခဲ့ပါနဲ့....
ကဗျာလေးတွေနှစ်သက်ပါသလား
Credit-momolay
No comments:
Post a Comment