ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 24, 2017

ဘီယာသောက်ပြီး ဗိုက်ပူတာမျိုးမဖြစ်စေဖို့.....


ဘီယာသောက်တဲ့ ကိုကို၊ မမတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဗိုက်ပူမှာစိုးလို့ ဘီယာသောက်တဲ့အခါ လျော့သောက်စရာ မလိုတော့ပါဘူး။ ဘီယာကြောင့် ဗိုက်ပူတာတွေ ပြေလျော့စေမယ့် နည်းလမ်းလေးတွေ ရှိနေပါပြီ။

C8qmaxfho5euqujmtmfr
ဘီယာမှာ ကာဗိုဟိုက်ဒြိုက်နဲ့ သကြားဓါတ် ပါဝင်တာမို့ ဗိုက်မှာ အဆီစုစေတာပါ။ ဒီလို အဆီတွေကို လောင်ကျွမ်းစေတာကတော့ ပရိုတင်းဓါတ်ပါ။ ဒါကြောင့် ဘီယာသောက်ပြီးတဲ့အခါတိုင်းမှာ ပရိုတင်းဓါတ်များများ ပါဝင်တဲ့ အစားအစားလေးတွေ စားသုံးပေးပါ။ 
ဘီယာမသောက်ခင်မှာ အစားအစာတစ်ခု စားဖြစ်အောင် စားပေးပါ။ ဒါက ဗိုက်ပူတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘီယာ ပုံမှန်သောက်တတ်တဲ့သူဆိုရင်တော့ မနက်စာ ပုံမှန်စားပေးဖို့ လိုပါတယ်။ မနက်စာ ပုံမှန်စားသုံးတာဟာ ညဘက်ဘီယာသောက်လည်း ဗိုက်မပူစေဖို့ အထောက်အကူ ပြုပါတယ်။ 

Echj33r72kokgqchkqec
ဘီယာနဲ့ အများဆုံး တွဲဖက်မြည်းတဲ့ အစားအစာတွေထဲမှာ အာလူးကြော်က ထိပ်ဆုံးက ပါဝင်နေမှာပါ။ ဆိုင်မှာ မှာကာမှ လတ်လတ်ဆတ်ဆတ် ကြော်ပေးတာမျိုး မဟုတ်တဲ့ အာလူးကြော်ထုပ်တွေနဲ့ ဘီယာမြည်းတာမျိုး မလုပ်ပါနဲ့။ နောက်တခုကတော့ ကြက်ဥအနှစ်၊ သကြားလုံးစတာတွေနဲ့ ဘီယာကို တွဲဖက်ပြီး မသုံးဆောင်ပါနဲ့။ ဒါတွေက ဗိုက်ပူစေတဲ့ အဓိက အချက်တွေပါပဲ။

Uaj4hu3b8detggvrncri
ရေများများသောက်တာ၊ အနားယူတာမျိုး ပြုလုပ်ပေးပါ။ ဘီယာသောက်လိုက် အလုပ်တွေ ပြင်းပြင်းထန်ထန် တောက်လျှောက်အလုပ်လုပ်တာက ဗိုက်ပူစေနိုင်ပါတယ်။ ဒါကြောင့် အနားတော့ယူပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ ညဘက် ဘီယာသောက်ဖြစ်တယ်ဆိုရင် မနက်ခင်း လေ့ကျင့်ခန်း (၅) မိနစ်လောက်တော့ လုပ်ဖြစ်အောင် လုပ်ပါ။ အနည်းဆုံးတော့ အိမ်မှာ ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ ဒါက ဘီယာကြောင့် ဖြစ်ပေါ်စေတဲ့ ဗိုက်ပူခြင်းကို ပြေလျော့စေပါတယ်။ 


Ref: Men health 
ဖြိုးပြည့်သူ(မိုမိုလေး) 

No comments:

Post a Comment