ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, May 29, 2017

ခေါင်းပေါ်ကဗောက်များကို အမြစ်ပြတ်ပျောက်ကင်းသွားစေမ့ယ့် နည်းလမ်းများ


ခေါင်းပေါ်မှာ ဗောက်ရှိနေတာဟာလည်း ယုံကြည်မှုကို ပျောက်ဆုံးစေပါတယ် ။ ဗောက်ထခြင်းဟာ မှိုရောဂါတစ်မျိုးပါပဲ ။ ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်တွေ ဘယ်လိုပဲသုံးသုံး ခဏပဲသက်သာပြီး ပြန်ပြန်ပေါ်လာတတ်တဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ် ။

(၁)သံပုရာသီး (သို့) သံပုယိုသီး
ပထမဦးဆုံး ပေးချင်တဲ့ နည်းလမ်းကောင်းတဲ့ သံပုရာသီးသုံးတဲ့ နည်းလမ်းပါပဲ ။ ဒီနည်းလမ်းဟာ ဗောက်တွေကို လုံးဝဖယ်ရှားပေးမယ့် အသေချာဆုံးနည်းလမ်းတစ်ခုပါပဲ ။ ပထမဦးဆုံး ဗောက်တွေကို ညှင်ညှင်သာသာ ခြစ်ထားပါ ။ ထို့နောက် အရည်ညှစ်ထားသော သံပုရာရည်ကို ဦးရေပြားအနှံ့ ပွတ်ပေးပါ ။ ၁၅ မိနစ်ခန့်ထားပြီးနောက် ခေါင်းလျှော်လို့ရပါပြီ ။ အမှန်တကယ် ထိရောက်တဲ့ ရလဒ်ကို တွေ့ရှိရမှာပါ ။

(၂)မုန့်ဖုတ်ဆိုဒါ( baking soda )
Baking Soda ဟာ ဗောက်များကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားယားယံခြင်းကိုလည်း သက်သာစေမှာပါ ။ baking soda နှင့် ရေကို ခပ်ပျစ်ပျစ်အနေအထားရအောင် ရောမွှေပါ ။ ထိုအရောအနှောကို ဦးရေပြားပေါ်သို့ အနှံ့ သုတ်လိမ်းပေးပါ ။ ခဏကြာလျှင် ခေါင်းလျှော်လိုက်ပါ ။ သတိပြုရမှာက အချိန်အကြာကြီး မထားမိဖို့ လိုအပ်ပါတယ် ။

(၃)ပန်းသီးရှာလကာရည် ( Apple Cider Vinegar )
နီးစပ်ရာ စတိုးဆိုင် ၊ စူပါမားကတ် ၊ စင်တာ တွေမှာ ပန်းသီးရှာလကာရည်ကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ် ။ သူ့မှာလည်း ဦးရေပြားယားယံမှုကို သက်သာစေနိုင်တဲ့ အစွမ်းသတ္တိပါဝင်ပြီး ဗောက်များကို ဖယ်ရှာဖို့ အသုံးဝင်ပါတယ် ။ ပန်းသီးရှာလကာရည် ကို ရေအနည်းငယ်ရောပြီး ဆံပင်ပေါ် သုတ်လိမ်းပါ ။ ၅ မိနစ် ၊ ၁၀ မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ ။ ဒီနည်းလမ်းကို တစ်ပါတ်လျင် အများဆုံး ၃ကြိမ်အထိ ပြုလုပ်နိုင်ပြီး ခေါင်းမလျှော်ခင်မှာ ပြုလုပ်ပေးရမှာပါ။

(၄) ငှက်ပျောသီးနှင့်ထောပတ်သီး
နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ငှက်ပျောသီး နဲ့ ထောပတ်သီး အရောအနှောပဲဖြစ်ပါတယ် ။ ငှက်ပျောသီး နှင့် ထောပတ်သီး ကို တတ်နိုင်သလောက် ကျေညက်အောင် ရောနှော၍ ခေါင်းပေါ်အနှံ့
 သေချာလိမ်းပေးပါ ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာလျှင် ရေပြောင်စင်အောင်ဆေးပြီး ခေါင်းလျော်လို့ ရပါပြီ ။ ဤသို့ပြုလုပ်ခြင်းဖြင့် ဗောက်များကို ရက်သတ္တပါတ်ကြာလျှင် လုံးဝပျောက်ကင်းသွားတာကို တွေ့ရမှာပါ ။ ထို့အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပြီး ဆံသားကိုလည်း ပျော့ပျောင်းစေမှာပါ။

ပျိုမေများအားလုံး ဗောက်ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးတွေကို ပိုင်ဆိုင်ကြပါစေနော်..

ဖိုးသူတော် (www.phothutaw.com)
Credit:(ရွှေအင်းလေး

No comments:

Post a Comment