ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Sunday, May 07, 2017

လမ္းခြဲျပီးသား ခ်စ္သူကို သင္အျမဲသတိရ လြမ္းဆြတ္မိေနတာဟာ ဒီအခ်က္ (၅) ခ်က္ေၾကာင့္သာ

ရည္းစားနဲ႕ လမ္းခြဲျပီးသြားေပမယ့္ သူ႔ကိုပဲ လြမ္းဆြတ္တမ္းတေနမိပါသလား၊ သူဟာ သင့္ႏွလံုးသားရဲ႕ တစ္စိတ္တစ္ပိုင္းကို ဖဲ့ေျခြယူေဆာင္သြားသလို သင္ခံစားေနရပါသလား၊ သူကိုယ့္ေဘးမွာ မရွိေတာ့တဲ့ လ်စ္ဟာမႈေၾကာင့္ သင္နာက်င္ေနရတာဟာ ခုေျပာျပေပးမယ့္ အဓိက အေၾကာင္းအရင္း (၅) ခ်က္ေၾကာင့္ပါပဲ။



၁။သင္သူ႔ကို ပံုအပ္ျပီး တြယ္တာမိလိုက္လို႕ပါ။



တစ္ျခားသူေတြလို မဟုတ္ပဲ အရမ္းယံုၾကည္ျပီး ခ်စ္ခဲ့တဲ့သူျဖစ္တာေၾကာင့္ လမ္းခြဲတဲ့အခါ အရမ္းခံစားရပါလိမ့္မယ္။



၂။သူဟာ သင့္ဘ၀ရဲ႕ ေန႕စဥ္ဘ၀မွာ အျမဲပါ၀င္ေနခဲ့တာေၾကာင့္ပါ။



မနက္မိုးလင္းတဲ့အခ်ိန္ကစျပီး ႏွစ္ေယာက္ message ေလးေတြပို႕၊ ႏွစ္ေယာက္သား မနက္စာ အတူစားျဖစ္တာ၊ အလုပ္အတူသြားတာမ်ိဳး၊ ခ်စ္သူက အလုပ္လာၾကိဳတာမ်ိဳး၊ စေန တနဂၤေႏြ အားလပ္ရက္ေတြ အတူကုန္ဆံုးတတ္တယ္ ဆုိရင္ေတာ့ အျခားသူေတြထက္ ပိုျပီး သူ႔ကို ေမ့ေဖ်ာက္ဖုိ႕ ခက္ေနမွာ အမွန္ပါပဲ။



၃။သူနဲ႕ စိတ္တူကိုယ္တူ ရွိတယ္လို႕ ခံစားခဲ့ဖူးတာေၾကာင့္ပါ။



ခ်စ္သူစံုတြဲတိုင္းဟာ ႏွစ္ဦးသား စိတ္ခ်င္းဆက္ႏြယ္မႈ အတုိင္းအတာ ကြာျခားမႈရွိပါတယ္။ သင္တို႕ႏွစ္ဦးကေတာ့ အျမဲတမ္း စိတ္တူကိုယ္တူျဖစ္ေနတတ္ျပီး အလိုက္သိသိ ခ်စ္သူဘ၀ကို ျဖတ္သန္းခဲ့ဖူးတယ္ဆိုရင္ ျပတ္သြားသည့္ တုိင္ေအာင္ သင္သူ႔ကို လြမ္းဆြတ္ေနပါလိမ့္မယ္။



၄။သူနဲ႕ ပတ္သက္မႈရွိေနတဲ့ အသိုင္းအ၀ိုင္းထဲ သင္က်င္လည္ေနရတာေၾကာင့္ပါ။



သူနဲ႕ျပတ္သြားေပမယ့္ သင္ေရာက္ရွိက်င္လည္ေနရတဲ့ အသိုင္းအ၀ိုင္းထဲမွာ သူ႔သတင္းေတြ အဆက္မျပတ္ၾကားေနရမယ္၊ သူနဲ႕လည္း တစ္ခါမဟုတ္တစ္ခါ ဆံုျဖစ္ေနတယ္ဆုိရင္ သူ႔ကို သင္လြယ္လြယ္ဘယ္ေမ့ႏိုင္မွာလဲ။



၅။သင္မထင္မွတ္ထားတဲ့ ဇာတ္သိမ္းမ်ိဳး သူဖန္တီးသြားလို႕ပါ။



ဒါကေတာ့ ရွင္းပါတယ္၊ သူသင့္အေပၚ ေမ်ွာ္လင့္ခ်က္ေတြ ပံုအပ္ထားေပမယ့္ သူက လ်စ္လ်ဴရႈခြဲခြာသြားတဲ့အခါ မခံမရပ္ႏိုင္ျဖစ္တာက တစ္မ်ိဳး၊ သံေယာဇဥ္ႀကိဳးေႏွာင္တြယ္ေနေသးတာက တစ္ေၾကာင္းနဲ႕ သင္သူ႔ကို သတိရသလိုလို နာၾကည္းသလိုလိုျဖစ္ေနတာမ်ိဳးေပါ့။



Ref:yourtango

Unicode

ရည်းစားနဲ့ လမ်းခွဲပြီးသွားပေမယ့် သူ့ကိုပဲ လွမ်းဆွတ်တမ်းတနေမိပါသလား၊ သူဟာ သင့်နှလုံးသားရဲ့ တစ်စိတ်တစ်ပိုင်းကို ဖဲ့ခြွေယူဆောင်သွားသလို သင်ခံစားနေရပါသလား၊ သူကိုယ့်ဘေးမှာ မရှိတော့တဲ့ လျစ်ဟာမှုကြောင့် သင်နာကျင်နေရတာဟာ ခုပြောပြပေးမယ့် အဓိက အကြောင်းအရင်း (၅) ချက်ကြောင့်ပါပဲ။



၁။သင်သူ့ကို ပုံအပ်ပြီး တွယ်တာမိလိုက်လို့ပါ။



တစ်ခြားသူတွေလို မဟုတ်ပဲ အရမ်းယုံကြည်ပြီး ချစ်ခဲ့တဲ့သူဖြစ်တာကြောင့် လမ်းခွဲတဲ့အခါ အရမ်းခံစားရပါလိမ့်မယ်။



၂။သူဟာ သင့်ဘဝရဲ့ နေ့စဉ်ဘဝမှာ အမြဲပါဝင်နေခဲ့တာကြောင့်ပါ။



မနက်မိုးလင်းတဲ့အချိန်ကစပြီး နှစ်ယောက် message လေးတွေပို့၊ နှစ်ယောက်သား မနက်စာ အတူစားဖြစ်တာ၊ အလုပ်အတူသွားတာမျိုး၊ ချစ်သူက အလုပ်လာကြိုတာမျိုး၊ စနေ တနင်္ဂနွေ အားလပ်ရက်တွေ အတူကုန်ဆုံးတတ်တယ် ဆိုရင်တော့ အခြားသူတွေထက် ပိုပြီး သူ့ကို မေ့ဖျောက်ဖို့ ခက်နေမှာ အမှန်ပါပဲ။



၃။သူနဲ့ စိတ်တူကိုယ်တူ ရှိတယ်လို့ ခံစားခဲ့ဖူးတာကြောင့်ပါ။



ချစ်သူစုံတွဲတိုင်းဟာ နှစ်ဦးသား စိတ်ချင်းဆက်နွယ်မှု အတိုင်းအတာ ကွာခြားမှုရှိပါတယ်။ သင်တို့နှစ်ဦးကတော့ အမြဲတမ်း စိတ်တူကိုယ်တူဖြစ်နေတတ်ပြီး အလိုက်သိသိ ချစ်သူဘဝကို ဖြတ်သန်းခဲ့ဖူးတယ်ဆိုရင် ပြတ်သွားသည့် တိုင်အောင် သင်သူ့ကို လွမ်းဆွတ်နေပါလိမ့်မယ်။



၄။သူနဲ့ ပတ်သက်မှုရှိနေတဲ့ အသိုင်းအဝိုင်းထဲ သင်ကျင်လည်နေရတာကြောင့်ပါ။



သူနဲ့ပြတ်သွားပေမယ့် သင်ရောက်ရှိကျင်လည်နေရတဲ့ အသိုင်းအဝိုင်းထဲမှာ သူ့သတင်းတွေ အဆက်မပြတ်ကြားနေရမယ်၊ သူနဲ့လည်း တစ်ခါမဟုတ်တစ်ခါ ဆုံဖြစ်နေတယ်ဆိုရင် သူ့ကို သင်လွယ်လွယ်ဘယ်မေ့နိုင်မှာလဲ။



၅။သင်မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုး သူဖန်တီးသွားလို့ပါ။



ဒါကတော့ ရှင်းပါတယ်၊ သူသင့်အပေါ် မျှော်လင့်ချက်တွေ ပုံအပ်ထားပေမယ့် သူက လျစ်လျူရှုခွဲခွာသွားတဲ့အခါ မခံမရပ်နိုင်ဖြစ်တာက တစ်မျိုး၊ သံယောဇဉ်ကြိုးနှောင်တွယ်နေသေးတာက တစ်ကြောင်းနဲ့ သင်သူ့ကို သတိရသလိုလို နာကြည်းသလိုလိုဖြစ်နေတာမျိုးပေါ့။



Ref:yourtango

No comments:

Post a Comment