ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Tuesday, May 02, 2017

ခ်စ္တင္းေႏွာဖုိ႔ျငင္းဆန္တဲ့ ခင္ပြန္းျဖစ္သူကို ဇနီးမွရုိက္သတ္

အိႏၵိယႏိုင္ငံတြင္ တနလာၤေန႔က အမ်ဳိးသမီးတစ္ဦးအား လူသတ္မႈျဖင့္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းခ်မွတ္လိုက္ ပါ တယ္။

ေယာက္်ားျဖစ္သူက ခ်စ္တင္းေႏွာရန္ ျငင္းဆုိသျဖင့္ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပစ္မႈထင္ရွားတဲ့အတြက္ အသက္ ၅၄ ႏွစ္အရြယ္ရွိ Vilmla Vaghela အား ေထာင္ ဒဏ္တစ္သက္တစ္ကၽြန္းနဲ႔ ဒဏ္ေငြ ရူပီး ၂၀၀၀ ေပးေဆာင္ရန္ တရားသူၾကီး U M Bhatt က အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ဒါေပမဲ့ သူမအေနျဖင့္ ရူပီး ၂၀၀၀ ေပးေဆာင္ႏုိင္ျခင္း မရွိတဲ့အတြက္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းအျပင္ ေနာက္ထပ္ ၆ လၾကာ ေထာင္ဒဏ္က်ခံဖုိ႔ အမိန္႔ခ်မွတ္ျခင္းခံရပါတယ္။ အမႈျဖစ္စဥ္အေသးစိတ္မွာ Vilma နဲ႔ ခင္ပြန္းျဖစ္သူ Narsinh တုိ႔ႏွစ္ေယာက္က ၄င္းတုိ႔၏ ေနအိမ္မွာ အတူရွိေနခဲ့ၾကပါတယ္။

ခင္ပြန္းျဖစ္သူက သူမနဲ႔ ခ်စ္တင္းေႏွာရန္ ျငင္းဆုိတာေၾကာင့္ မိန္းမက ေဒါသျဖစ္ျပီး ၄င္းတုိ႔ႏွစ္ေယာက္ ရန္ျဖစ္ခဲ့ၾကပါ တယ္။ သူမက ခင္ပြန္းျဖစ္သူ ေဖာက္ျပန္ေနတယ္လုိ႔ သံသယရွိေနျပီး သူ႔မွာ အငယ္အေႏွာင္းရွိတယ္လို႔ စြပ္စြဲခဲ့ပါတယ္။

တျဖည္းျဖည္းနဲ႔ ေဒါသမ်ားျပင္းထန္လာျပီး တုတ္တစ္ေခ်ာင္းနဲ႔ ေယာက္်ားျဖစ္သူရဲ႕ ဦးေခါင္းကို အဆက္မျပတ္ ရုိက္ႏွ က္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ခင္ပြန္းျဖစ္သူက ဦးေခါင္းမွာ ထိခုိ္က္ဒဏ္ရာမ်ားစြာရျပီး ေသဆုံးခဲ့ပါတယ္။ လူသ တ္ျပီးေနာက္ မိန္းမျဖစ္သူက အိမ္တံခါးကို ေသာ့ခတ္ျပီး ရဲစခန္းသြားကာ ခင္ပြန္းေသဆုံးေၾကာင္း သတင္းသြား ပို႔ခဲ့ပါ တယ္။

အစမွာေတာ့ သူမကို တရားလုိအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။ သို႔ေသာ္ ေနာက္ပိုင္းမွာ သူမက လူသတ္သမားျဖစ္မွန္း သိရွိခဲ့ၾကျပီး တရားခံအျဖစ္သတ္မွတ္ကာ ဖမ္းဆီးျပီး တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။

Unicode

အိန္ဒိယနိုင်ငံတွင် တနလာၤနေ့က အမျိုးသမီးတစ်ဦးအား လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက် ပါ တယ်။

ယောက်ျားဖြစ်သူက ချစ်တင်းနှောရန် ငြင်းဆိုသဖြင့် သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် အသက် ၅၄ နှစ်အရွယ်ရှိ Vilmla Vaghela အား ထောင် ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ဒဏ်ငွေ ရူပီး ၂၀၀၀ ပေးဆောင်ရန် တရားသူကြီး U M Bhatt က အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူမအနေဖြင့် ရူပီး ၂၀၀၀ ပေးဆောင်နိုင်ခြင်း မရှိတဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် နောက်ထပ် ၆ လကြာ ထောင်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခြင်းခံရပါတယ်။ အမှုဖြစ်စဉ်အသေးစိတ်မှာ Vilma နဲ့ ခင်ပွန်းဖြစ်သူ Narsinh တို့နှစ်ယောက်က ၎င်းတို့၏ နေအိမ်မှာ အတူရှိနေခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူက သူမနဲ့ ချစ်တင်းနှောရန် ငြင်းဆိုတာကြောင့် မိန်းမက ဒေါသဖြစ်ပြီး ၎င်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြပါ တယ်။ သူမက ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေတယ်လို့ သံသယရှိနေပြီး သူ့မှာ အငယ်အနှောင်းရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ဒေါသများပြင်းထန်လာပြီး တုတ်တစ်ချောင်းနဲ့ ယောက်ျားဖြစ်သူရဲ့ ဦးခေါင်းကို အဆက်မပြတ် ရိုက်နှ က်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူက ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာများစွာရပြီး သေဆုံးခဲ့ပါတယ်။ လူသ တ်ပြီးနောက် မိန်းမဖြစ်သူက အိမ်တံခါးကို သော့ခတ်ပြီး ရဲစခန်းသွားကာ ခင်ပွန်းသေဆုံးကြောင်း သတင်းသွား ပို့ခဲ့ပါ တယ်။

အစမှာတော့ သူမကို တရားလိုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သို့သော် နောက်ပိုင်းမှာ သူမက လူသတ်သမားဖြစ်မှန်း သိရှိခဲ့ကြပြီး တရားခံအဖြစ်သတ်မှတ်ကာ ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment