ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

အမျိုးသမီး ရောဂါ အဖြူဆင်းခြင်း ကို ကာကွယ်ရန် နည်းလမ်း များ



အဖြူဆင်းခြင်း ဆိုတာ အမျိုးသမီး အများစုကြုံတွေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်..။အမျိုးသမီးများဟာ ပုံမှန်တစ်လကို နှစ်ကြိမ်လောက်တော့ အဖြူဆင်းလေ့ဆင်းထ ရှိတတ်ပါတယ်။

ရာသီပေါ်ချိန်နီးတဲ့ရက်တွေမှာ အရေကြည် အဖြူဆင်းခြင်း မျိုးဟာ စိုးရိမ်စရာမရှိပါဘူး။။
ထိုသို့ အဖြူဆင်းခြင်းမျိုးမှာ အနံအသက် နဲ့ ယားယံခြင်းတွေလည်း မရှိပါဘူး။

တစ်ခါတစ်ရံ အဖြူဆင်းခြင်းဟာ ပြဿနာမရှိပေမယ့် အမြဲပုံမှန်ဖြစ်နေပြီဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်..။
ပုံမှန်ထက်ပိုပြီး အဖြူဆင်းနေတယ်လို့ခံစားနေရပါက ကြက်သွန်ဖြူ စားပေးခြင်း၊ ဒိန်ချဉ်သောက်ပေးခြင်း စတဲ့ အိမ်တွင်းကုထုံးများနဲ့လည်း သက်သာပျောက်ကင်း နိုင်ပါတယ်။

အမျိုးသမီးများအနေဖြင့် အမျိုးသမီး သန့်စင်ဆေး များကိုလည်း မိန်းမ ကိုယ်အတွင်းထဲထိ ဆေးကြောသန့်စင်ခြင်းများကို ရှောင်ကြည်သင့်ပါတယ် ။
ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား တွေကို သတ်ပစ်တာကြောင့် ပြင်ပမှ ဘတ်တီးရီးယားပိုးတွေဝင်လာစေပြီး အဖြူဆင်းခြင်းရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်..။

အဖြူဆင်းတဲ့အခါ ညှီစို့စို့ အနံ့အသက်တွေရနေခြင်း ၊ အရောင်ပြောင်းနေခြင်း၊ မိန်းမကိုယ် ယားယံနေခြင်း ၊ အမျိုးသားနဲ့ ဆက်ဆံတဲ့အခါ နာကျင်နေခြင်း ဒီလိုဝေဒနာတွေခံစားနေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်သွားရောက်တိုင်ပင် ဆွေးနွေးသင့်ပါတယ်..။

#Achitlwinpyin
Credit:momolay

No comments:

Post a Comment