တစ်ခါက မျက်မမြင်ဘ၀နဲ့မွေးဖွားလာတဲ့အတွက် သူ့ဘ၀ကိုသူမုန်းတီးပြီး အရာရာကိုစိတ်တိုင်းမကျဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်...။
သူမက အလိုမကျမှုတွေနဲ့ အမြဲဒေါသကြီးနေတတ်တာကြောင့် အပေါင်းအသင်းဆိုတာလည်းမရှိဘဲ သူမဘ၀ဟာ အမြဲအတီးကျန်နေခဲ့တယ်..။
အဲ့ဒီအချိန်မှာပဲ သူမကိုသနားပြီး နှစ်နှစ်ကာကာ ချစ်မိသွားတဲ့ကောင်လေးတစ်ယောက် နဲ့သူမဆုံတွေ့ခဲ့ပါတယ်..။
အဲ့ကောင်လေးက သူမနဲ့အမြဲ စကားတွေပြောပေးတယ်...။ သဘာဝရဲ့ အလှအပတွေကို သူမကိုပုံဖော်ပြောပြပေးတယ်..။ သူမ စိတ်ညစ်ချိန်တွေမှာလည်း သူမကို အမြဲပျော်ရွှင်အောင်ပြုလုပ်ပေးတယ်...။ ဒီလိုနဲ့အနေကြာလာတော့ ကောင်ကလေးကလည်း ကောင်မလေးရဲ့ တစ်ခုတည်းသော တွယ်တာစရာဖြစ်လာတော့တာပေါ့..။
တစ်နေ့မှာကောင်လေးနဲ့ ကောင်မလေးစကားပြောနေရင်း ကောင်မလေးကပြောတယ်.."တကယ်လို့ ငါသာမျက်လုံးတွေသာ ပြန်မြင်ခဲ့မယ်ဆို ငါ နင့်မျက်နှာကို အရမ်းတွေ့ချင်တာပဲဟာ... နင်နဲ့လက်ထပ်မယ်.. ပြီးတော့ပျော်ရွှင်တဲ့ဘ၀လေးတစ်ခုကိုလည်း ပိုင်ဆိုင်ချင်တယ်..။" ဆိုပြီးပေါ့...
ဒီလိုနဲ့ ကံကောင်းချင်တော့ တစ်နေ့မှာ ကောင်မလေးကို မျက်လုံးလှူတဲ့ အလှူရှင်ပေါ်ပေါက်လာခဲ့ပါတယ်...။ ကောင်မလေးက မျက်စိနှစ်ဘက်အလင်းပြန်ရခဲ့ပြီး သူမအရမ်းမြင်တွေ့ချင်တဲ့ သူမချစ်သူကောင်လေးကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်...။
ဒီလိုမြင်တွေ့ရတဲ့အချိန်မှာ ကောင်မလေးက အရမ်းကို အံသြသွားခဲ့ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝရဲ့ အလှအပတွေကို အမြဲပုံဖော်ပေးနေတဲ့ သူ့ကောင်လေးက မျက်မမြင်လေးတစ်ယောက်ဖြစ်နေတဲ့အတွက်ပါပဲ...။
ကောင်လေးကပြောတယ်..." မင်း ငါ့ကိုလက်ထပ်နိုင်မလား" ဆိုတော့ ကောင်မလေးက "ငါနင့်ကိုမျက်မမြင်တစ်ယောက်လို့ အစကမထင်ခဲ့ဘူး.. နင်ဒီလိုဘ၀နဲ့ ငါလိုချင်တဲ့ဘ၀မျိုးကို ဘယ်လိုဖန်တီးပေးနိုင်မှာလဲ... ငါနင့်ကိုလက်မထပ်နိုင်လို့ စိတ်မကောင်းပါဘူး" ဆိုပြီး ပြန်ပြောလိုက်ပါတယ်..။ ကောင်လေးက မျက်ရည်စအချို့နဲ့ အပြုံးလေးတစ်ပွင့်ကို ကောင်မလေးအတွက် ထားရစ်ခဲ့ပြီး ကောင်မလေးကိုကျောခိုင်းကာ ထွက်သွားခဲ့ပါတယ်...။
နောက်တစ်နေ့မှာတော့ ကောင်မလေးအတွက် စာလေးတစ်စောင်ရောက်လာခဲ့ပါတယ်..။
စာလေးထဲမှာတော့...
"မင်းဖြစ်ချင်တဲ့ ဆန္ဒတွေကို ငါနားလည်ပါတယ် ဟန်နီ... မင်းပျော်ရွှင်နေတာကိုပဲ ငါအမြဲမြင်ချင်ခဲ့တာပါ...။ မင်းကျန်းမာရေးကိုလည်း ဂရုစိုက်ပါ..။ ပြီးတော့ ငါ့မျက်လုံးလေးတွေကိုလည်း ဂရုစိုက်ပေးပါနော်...
*** ကဲ...မိုမိုလေးရဲ့ချစ်ပရိတ်သတ်ကြီးတို့လည်း ဘ၀နဲ့ရင်းပြီး အနစ်နာခံကာ ချစ်ပေးတတ်တဲ့ ချစ်သူရှိခဲ့ရင် ချစ်သူရဲ့တန်ဖိုးကို နားလည်တန်ဖိုးထားပေးနိုင်ပါစေနော် ...***

No comments:
Post a Comment