ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, May 22, 2017

အော်လန်ဒိုဘလွန်းနဲ့ အိပ်ခဲ့မိလို့ အလုပ်ထုတ်ခံရတဲ့ စာပွဲထိုးမလေး


အသက် ၂၁ နှစ်အရွယ် ဗီဗီယန် ရောစ် (Viviana Ross)ဆိုသူ စားပွဲထိုးမလေးဟာ Pirates of the Caribbean ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အော်လန်ဒို ဘလွန်း ရဲ့ ဟိုတယ် အိပ်ခန်းထဲမှာ အ၀တ်မစားမရှိပဲ ရောက်နေခဲ့တာကို သူမရဲ့ အထက်အရာရှိဖြစ်သူက တွေ့ခဲ့တဲ့ အခါမှာတော့ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ဗီဗီယန် ရောစ်ဟာ အော်လန်ဒိုတည်းခိုတဲ့ လန်ဒန်အနောက်ပိုင်းမှာရှိတဲ့ ချီတန် ဖိုင်းယားဟောက် ( Chiltern Firehouse) ကြယ် ၅ ပွင့် ဟိုတယ်ခန်းထဲကို အရက်ငှဲ့ပေးရန်အတွက် သွားရောက်ခဲ့ရင်းနဲ့အတူ အိပ်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် အော်လန်ဒိုဟာ လန်ဒန်ရှိ နာမည်ကျော်တွေ တည်းခိုလေ့ရှိတဲ့ ချီတန် ဖိုင်းယားဟောက် ဟိုတယ် ကို ၅ရက်ကြာ လာရောက် တည်းခိုခဲ့တာဖြစ်ပြီး ဗီဗီယန် ရောစ်နဲ့တွေ့ပြီးနောက် အော်လန်ဒိုက အခန်းထဲကို အရက်လိုက်ငှဲ့ပေးပါလားလို့ခေါ်ခဲ့တာဖြစ်ပါတယ်။

အိပ်ခဲ့ပြီးနောက် အော်လန်ဒိုက အင်တာဗျုးတစ်ခုအတွက် အပြင်သွားတဲ့ အချိန်မှာ ဗီဗီယန် က အခန်းထဲမှာ ဆက်နေနေခဲ့ပါတယ်။ထိုအချိန်မှာ ချီတန် ဖိုင်းယားဟောက် ဟိုတယ် မန်နေဂျာက အော်လန်ဒိုရဲ့ အခန်းထဲကို လာရောက်ခဲ့တဲ့ အချိန်မှာ ဗီဗီယန်ကို အ၀တ်အစားမပါဘဲ တွေ့ခဲ့တာဖြစ်ပါတယ်။မန်နေဂျာက သူမကိုတွေ့ခဲ့ပြီးနောက် နာရီဝက်အကြာမှာပဲ စာပို့ကာ သူမကို အလုပ်ဖြုတ်လိုက်ကြောင်း အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

ဗီဗီယန်နဲ့ အော်လန်ဒိုဟာ ဗီဗီယန် ဘားမှာ အလုပ်လုပ်နေစဉ်တွေ့ခဲ့တာဖြစ်ပြီး ပထမ တော့ သူတို့နှစ်ယောက်ဟာ စကားစမြည် ပြောဆိုခဲ့ကြတယ် လို့သိရပါတယ်။ထိုနောက် အော်လန်ဒိုရဲ့ အခန်းထဲကို နှစ်ယောက်သားသွားခဲ့ကြပြီး အိပ်စက်ခဲ့ကြတယ် လို့သိရပါတယ်။တစ်ညတာ ပျော်ရွှင်မှုသာဖြစ်ပေမဲ့ ထိုပျော်ရွှင်မှုအတွက် ဗီဗီယန် ဟာ အလုပ်ထုတ်ခံခဲ့ရပြီး ဗီဗီယန်ကတော့ အော်လန်ဒိုနဲ့ အတူရှိခဲ့ရတဲ့အတွက်နောင်တမရဘူးလို့ဆိုပါတယ်။



နာမည်ကြီး VIP တွေဖြစ်တဲ့ ဒေးဗစ် ကင်မရွန်း၊ဒေးဗစ်ဘက်ခမ်း၊ဆိုင်မွန် ကိုဝဲနဲ့ တခြားသော နာမည်ကျော်တွေ လာရောက်တည်းခိုလေ့ရှိတဲ့  ချီတန် ဖိုင်းယားဟောက်ဟိုတယ်ကတော့ ဒီအဖြစ်အပျက်နဲ့ ပါတ်သတ်ပြီးမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။
လတ်တလောမှာ ကေတီပယ်ရီနဲ့ လမ်းခွဲထားတဲ့ ဘလွန်းကတော့ လန်ဒန်ကို သူ့ရဲ့ရုပ်ရှင်ကားဖြစ်တဲ့ Unlocked ကြေညာခြင်းအခမ်းအနားမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူဟာ အင်္ဂလန်မှာ ၂၆ ရက် မေ က ဖြန့်ချီထားတဲ့ Pirates of the Caribbean အပိုင်း ၅ ဖြစ်တဲ့ Dead Men Tell No Tales ထဲမှာလည်း သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
Slash (Shwemom)



No comments:

Post a Comment