အမျိုးတစ်ယောက် ဒီနေ့ ဘဏ်ကို ငွေသွားလွှဲတော့ တစ်သောင်းတန်အတုတစ်ရွက်ပါတယ်ဆိုပြီး ဘဏ်ဝန်ထမ်းက ဒီငွေ ကို ဖျက်ဆီးဖို့ လုပ်ပါတယ် ။
ဒီတာ့ ငွေလွှဲမယ့်သူက ဒီငွေကို ဖျက်တာကတော့ဟုတ်ပါပြီ ပြန်လျော်ပေးမှာလားလို့  မေးတော့ ဘဏ်ဝန်ထမ်းက
မလျော်ပေးပါဘူး ၊တရားမ၀င်ငွေမို့ ဖျက်ဆီးပစ်မှာပါလို့ ပြောပါတယ် ။
ဒီတော့ ငွေလွှဲမယ့်သူက မဖျက်ဆီးနိုင်ပါဘူး ၊ ဒီငွေက အလုပ်အတွက် ငွေရှင်းတုန်းက ပေးလိုက်တာ ၊ သူ့ဆီပဲ ပြန်သွား လဲမယ်လို့ ပြောပြီး ငွေကို ပြန်သိမ်းလိုက်ပါတယ် ။ ဒီတော့ ဘဏ်ဝန်ထမ်းက ငွေလာလွှဲသူရဲ့ မှတ်ပုံတင် လိပ်စာနဲ့  ဖုန်းနံ ပါတ်တွေကို တောင်းပြီး ယူထားလိုက်ပါတယ်တဲ့ ။
အမှန်က ဒီငွေအတုဆိုတာ ငွေလွှဲမယ့်သူလည်းမသိပါဘူး ။ သူကိုယ်တိုင်ကလည်း သူများဆီကတဆင့် ယူလာတာပါ ။ သူများဆိုတဲ့ သူကရော ဒီငွေဟာ သူ့ ကိုယ်ပိုင်လား အခြားသူများတွေဆီက တဆင့်ပြန်ရလာတာလား မသိပါ ။
သေချာတာက ငွေ ၁ သောင်းဟာ လိုအပ်နေသူ သာမန်လူတွေအတွက် ၁ သောင်းအလျောက်တန်ဖိုးရှိပါတယ် ။ ဒီငွေကို ဖျက်ဆီးခံလိုက်ရလို့ ပြန်လျော်ပေးမယ့်သူမရှိလို့ သာ ပြန်ယူခဲ့တာပါ ။
ဘယ်သူမှ ငွေအတုကို လက်ထဲ မကိုင်ထားချင်ပါ ။ ဒီလိုမျိုး ငွေအတုတွေ ပြည်သူကြားထဲ ဘယ်လောက်ပျံ့နှံ့နေပြီလဲ ဆို တာ မသိပါ ။
အစိုးရနဲ့ တာဝန်ရှိသူတွေကရော ငွေအတုတွေ ခုလိုမျိုးသာမန်လူတွေ လက်ထဲရောက်လာခဲ့ရင် ဘယ်လို ပြန်ပြီး ရှင်းပေး မလဲဆိုတာ ဥပဒေတခုခုထုတ်ထားသင့်ပါတယ် ။
ပြည်သူတွေ ငွေအတုမသုံးချင်ပါ ။ ငွေအတုကြောင့် မိမိငွေအစစ်ကို အဆုံးရှုံး မခံနိုင်ပါ ။. တာဝန်ရှိသူတွေမှာ တာဝန် အပြည့်ရှိပါသည် ။
Moe Ma Kha Media
ဖိုးသူတော် (www.phothutaw.com)
Credit: Zaw Zaw
No comments:
Post a Comment