ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 20, 2017

တရားဝင်အားဖြည့်အချိုရည်ဗူး ထုတ်လုပ်လိုက်တဲ့ EXO အဖွဲ့


EXO အဖွဲ့ကို အရူးအမူး အားပေးကြတဲ့ ပရိသတ်များအတွက် သတင်းကောင်းတစ်ခုပါ။ EXO အဖွဲ့ရဲ့အေဂျင်စီ SM Entertainment ရဲ့ SUM Market ကနေ EXO အဖွဲ့ရဲ့ အားဖြည့်အချိုရည်ဗူးများကို စတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ဒီအချိုရည်ဗူးကို အားပေးသူများအနေနဲ့ EXO အဖွဲ့ရဲ့ လက်ရှိဖျော်ဖြေရေးပွဲတွေရဲ့ နောက်ဆုံးပွဲမှာ ပါဝင်နိုင်ဖို့ ကံစမ်းနိုင်မှာလည်းဖြစ်ပါတယ်။

Eea6bbvupsz046gjm7mi

SM Entertainment ဟာ EXO အဖွဲ့ရဲ့ အားဖြည့်အချိုရည်ကို Stardium Energy Drink လို့ အမည်ပေးထားပြီး ကံစမ်းမဲများနဲ့အတူ SUM Market မှာ ရောင်းချပေးနေတာဖြစ်ပါတယ်။ ကံစမ်းမဲပေါက်သူကတော့ လက်ရှိ ကျင်းပပြုလုပ်နေဆဲဖြစ်တဲ့ EXO အဖွဲ့ရဲ့ ဒုတိယမြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီး EXO Planet #3 – The Exo’rdium မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့ The Exo’rdium ဖျော်ဖြေပွဲဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှ အာရှနဲ့ မြောက်အမေရိကတို့မှာ ဆက်လက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဆိုးလ်မြို့မှာတော့ The Exo’rdium ဖျော်ဖြေပွဲကို ခြောက်ပွဲဆက်တိုက် ကျင်းပခဲ့တာကြောင့် ဆိုလ်းမြို့အတွင်း ဂီတဖျော်ဖြေပွဲကို အရှည်ကြာဆုံး ဆက်တိုက်ကျင်းပခဲ့တဲ့ ဂီတအဖွဲ့တစ်ခုကို စံချိန်တင်သွားနိုင်ခဲ့ပါတယ်။

Wtjhewiaksxpjyw8pbm1

ယခုအခါမှာတော့ ပြည်ပနိုင်ငံတွေများမှာ The Exo’rdium ဖျော်ဖြေပွဲတွေကို ကျင်းပပြုလုပ်ပြီးပြီဖြစ်လို့ ဖျော်ဖြေပွဲရဲ့ အပိတ်အဖြစ် ဆိုးလ်မြို့မှာပဲ ပြန်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကို ဆိုးလ်မြို့ရှိ အိုလံပစ်ကွင်းကြီးအတွင်း မေလ ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့များမှာ ကျင်းပပြုလုပ်သွားဖို့ရှိနေပြီး EXO ရဲ့ Stardium Energy Drink ကို ဝယ်ယူအားပေးရင်း ကံစမ်းမဲပေါက်သူများပါ လာရောက်ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါတယ်။ EXO အားဖြည့်အချိုရည်မှ ကံစမ်းမဲပေါက်သူများကို ဖျော်ဖြေပွဲကြီး မစတင်ခင် နှစ်ရက်အလိုလောက်တွင် ထုတ်ပြန်ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ 

Ref : Koreaboo 

ဘုန်းဟိန်းသွေး ( MOMOLAY )

No comments:

Post a Comment