ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, May 12, 2017

မိမိ Gmail ဒေတာအားလုံး ဒေါင်းလုဒ်ရယူနည်း


အထူးသဖြင့် အင်တာနက်ပေါ်မှာ ဘာမှ မမြဲပါဘူး။ ဒါ့ကြောင့် Google ဟာ ကုမ္ပဏီရဲ့ အွန်လိုင်းဝန်ဆောင်မှုပြီးဆုံးလို့ အကြာကြီးနေတဲ့အထိတောင် သုံးစွဲသူတွေကို အီးမေးလ်ကို အချိန်မရွေး သုံးခွင့်ပေးထားပါတယ်။ Gmail နဲ့ Google Calendar က ဒေတာကော်ပီဒေါင်းလုဒ်ရယူဖို့ export system တစ်ခုကို Google စီစဉ်ပေးထားပါတယ်။

အရင်က user တွေဟာ အမြဲတမ်း မထိရောက်တဲ့ third-party backup သို့မဟုတ် extraction services သွားရပါတယ်။ အခုတော့ Gmail သုံးစွဲသူတွေဟာ သူတို့ archive တစ်ခုလုံးကို .zip ၊ .tbz သို့မဟုတ် .tgz format ဖြင့် ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ အီးမေးလ်သို့ ဒေါင်းလုဒ်လင့်ခ် ပေးပို့နိုင်တယ် သို့မဟုတ် Google Drive Dropbox နဲ့ OneDrive သို့ ထည့်နိုင်သည့်အပြင် Hangouts သို့မဟုတ် Google Plus လို ဝန်ဆောင်မှုတွေကနေ အခြားဒေတာတွေကိုလည်း ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

၁။ Gmail ကို သွားပြီး စတုရန်းပုံစံ အစက်လေးတွေပေါ် နှိပ်ပါ။

၂။ သင့်အချက်အလက်အားလုံး ထိန်းချုပ်ထားရန် ရည်ရွယ်လုပ်ထားတဲ့ ပေ့ခ်ျတစ်ခု တွေ့ရပါမယ်။

မိမိ Gmail နဲ့ Google Calendar ဒေါင်းလုဒ်ရယူဖို့ "Personal info and privacy" ကဏ္ဍအောက်က "Control your content" ကို ရွေးပါ။

၃။ "Create Archive" ပေါ် နှိပ်ပါ။

၎။ ဒေါင်းလုဒ်ဆွဲချင်တဲ့ ဒေတာတွေ ရွေးရပါမယ်။

အားလုံး တစ်ခုမကျန် အော်တို select ဖြစ်သွားပါလိမ့်။ Gmail နဲ့ Calendar archives ဒေါင်းလုဒ်ရယူဖို့ "select none" button လေးနှိပ်ပါ။ ပြီးရင် Gmail နဲ့ Calendar icon လေးကို ပြန်စစ်ကြည့်ပါ။

၅။ လိုချင်တဲ့ file type နဲ့ delivery method ကို ရွေးချယ်ပါ။

.zip ၊ .tbz သို့မဟုတ် .tgz ဖိုင် တစ်ခုခုရွေးနိုင်ပါတယ်။ အဲ့ archive ကို email ကတဆင့် ပို့နိုင်တယ် ဒါမှမဟုတ် Google Drive ၊ Dropbox သို့မဟုတ် OneDrive ထဲ ထည့်နိုင်ပါတယ်။

၆။ Archive ဒေါင်းလုဒ်ပြီးအောင် စောင့်ရပါမယ်။

၇။ တန့်ဒန်… လိုချင်တာ အားလုံးရပါပြီ။ 

Ref: Popsugar

No comments:

Post a Comment