ကမ္ဘောဒီးယားမင်းသမီးတစ်ယောက်ကတော့ သူမရဲ့ sexy ကျလွန်းတဲ့ ပုံ စံကြောင့် ရုပ်ရှင်ရိုက်ကူးမှုတစ်နှစ်တိတိ ပိတ်ပင်ခံလိုက်ရပါတယ်။အနုပညာနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ခုလို ပိတ်ခဲ့တာပါ။သူမရဲ့ နာမည်ကတော့ Denny Kwan ဖြစ်ပြီး၊အသက်ကတော့(၂၄)နှစ်ပါ။
သူမဟာ ရုပ်ရှင်တွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။Facebook မှာလည်း Followers ပရိသတ်(၃)သိန်းရရှိထားသူပါ။Miss Kwan ကတော့ ပိတ်ချင်လို့သာ ပိတ်ရတယ်၊သူမဟာ တခြားမင်းသမီးတွေလို ကာမစိတ် နှိုးဆွ တဲ့ ပုံမျိုး သရုပ်ဆောင်ခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
“ကမ္ဘောဒီးယားမှာ sexy ကျတဲ့ အနုပညာရှင်တွေအများကြီးပါ။တစ်ချို့ဆို ကျွန်မထက်တောင် ပိုပြီး နမ်းတဲ့အခန်းတွေမှာ ပိုပြီး ကာမစိတ်နှိုးကြွတဲ့ ပုံစံ မျိုးနဲ့ သရုပ်ေ ဆာင်ကြတာပဲလေ။ကျွန်မရဲ့ အ၀တ်အစားကတော့ ကျွန်မ၀တ်ချင် စိတ်ပေါ်တဲ့ အတိုင်းဝတ်တာပဲ။ဒါပေမယ့် ကမ္ဘောဒီးယားပြည်သူတွေ၊ကျွန်မတို့ရဲ့ ယဉ်ကျေး မှုတွေကတော့ ဒါကို လက် ခံမပေးကြဘူး။fb ပေါ်မှာ ပုံတင်ရင်လည်း တကူးတက sexy ကျအောင်လုပ်ယူပြီး တင်နေတာမဟုတ်ပါဘူး” လို့ ပြော ခဲ့ပါတယ်။
Sexy ကျလွန်းတဲ့ သူမကို ယဉ်ကျေးမှုဝန်ကြီးဌာနက အရင်ဆုံး ခေါ်ယူကာ သမီးတစ်ယောက်လို သဘောထားပြီး ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် သူမဘက်ကလည်း ဒါဟာ သူ့စိတ်ထဲက ၀တ်ချင်တဲ့ အတိုင်း ၀တ်ခွင့်ရှိတယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်ကတော့ သူမရဲ့ ပြုမှုနေထိုင်ပုံတွေဟာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်ပျက်စီးစေတယ်၊ရိုး ရာယဉ်ကျေးမှုကို သရုပ်ဖျက်တယ်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူမကို အပြစ်ပေးတဲ့ အနေနဲ့ ရုပ်ရှင်ရိုက်ကူးခွင့် တစ်လပိတ်လိုက်ပါတယ်။
No comments:
Post a Comment