လက်ဖက်ရွက်ဟာ ကျန်းမာရေးကိုသာမက အလှအပရေးကိုပါ အထောက်အကူ ပြုပါတယ်။Green Tea ကို မနက်တစ်ကြိမ် နေ့လည်စာစားပြီး တစ်ကြိမ် ညနေ တစ်ကြိမ် အဖြစ် တစ်နေ့ကို အနည်းဆုံး သုံးကြိမ်သောက်ပေးသင့်ပါတယ်။နောက်ပြီး လက်ဖက်ခြောက်နဲ့ဖျော်တဲ့ ရေနွေးကြမ်းထက် လက်ဖက်စိမ်းနဲ့ဖျော်တဲ့ Green Tea ကကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ Green Tea က စိတ်ကိုလည်းကြည်လင် လန်းဆန်းစေပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါရှိသူတွေအတွက် Coffee အစား Green Tea ကို သောက်သုံးနိုင်ပါတယ်။လက်ဖက်ဟာ beauty tip တွေမှာလည်း အမြဲပါဝင်နေကျ သသာဝလက်ဆောင်တစ်ခုပါ။ဒါကြောင့်လည်း စာဖတ်ပရိတ်သတ်တွေသိရှိစေဖို့ လက်ဖက်နဲ့ ပတ်သတ်တဲ့ beauty tip တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အမာရွတ်ကင်းပြီးကည်လင်တဲ့ အသားရည်ပိုင်ဆိုင်စေဖို့တစ်ခါသုံးစာပမာဏ လက်ဖက်ကို ပျားရည်လက်ဖက်စားဇွန်း ၂ ဇွန်း၊ သံပုရာရည် အနည်းငယ်ထည့်ရောပြီး မျက်နှာအနှံ့လိမ်းပါ။ ၁၀ မိနစ်ကြာထားပြီး ရေကျက်သီးလေးနဲ့ သစ်ချပါ။ ဒီနည်းအတိုင်း တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။
၂) မျက်လုံးအစ်နေတာတွေသက်သာစေဖို့
သောက်ပြီးသား လက်ဖက်ရွက်တွေကို မိနစ် ၃၀ လောက် အအေးခံပြီး မျက်လုံးပေါ် ၁၅ မိနစ်လောက်တင်ထားပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ်လုပ်ပေးပါ။
(၃) ဝက်ခြံတွေပျောက်ကင်းသက်သာစေဖို့
လက်ဖက်ထဲ ရေအနည်းငယ်ထည့်ပြီးနယ်လို့ထွက်လာတဲ့ အရည်ကို ဝက်ခြံပေါက်တဲ့နေရာတွေကို Cotton pad လေးနဲ့လိမ်း၊ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။တစ်နေ့နှစ်ကြိမ်ဖြင့် ဝက်ခြံပျောက်ကင်းသည်အထိလုပ်ပါ။
(၃) ဝက်ခြံတွေပျောက်ကင်းသက်သာစေဖို့
(၄) ဆံနွယ်တွေ သန်မာတောက်ပြောင်စေဖို့
ရေလောင်းပြီးသားဆံပင်နဲ့ ဦးရေပြားကို လက်ဖက်ညစ်ပြီးသားအရည်နဲ့ ၁၀ မိနစ်လောက်နှပ်ပြီး ရေဆေးချပါ။ဒီနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးပါ။
ရေလောင်းပြီးသားဆံပင်နဲ့ ဦးရေပြားကို လက်ဖက်ညစ်ပြီးသားအရည်နဲ့ ၁၀ မိနစ်လောက်နှပ်ပြီး ရေဆေးချပါ။ဒီနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးပါ။
(၅) ချွေးပေါက်တွေကျင်းစေဖို့
အအေးခံပြီးသား လက်ဖက်စိမ်းရည်ကို ရွံ့ စေး(clay) cosmetic တစ်မျိုးမျိုးနဲ့ရောပြီး ပျစ်ခဲအောင်လုပ်ပါ။ ထိုအပျစ်ခဲကို မျက်နှာအနှံ့လိမ်း၊ ခြောက်သွေ့ သည်အထိထားပြီး ရေနွေးနဲ့ဆေးချပေးပါ။ ဒီနည်းအတိုင်း တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။

ကဲ ဈေးလည်းမကြီး အပန်းလည်းမကြီးတဲ့ ဒီ Green Tea beauty tip တွေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာလှပစေဖို့ လုပ်ဆောင်ကြရအောင်။
Grinny (shwemom)
No comments:
Post a Comment