ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, June 01, 2017

အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး အမျိုးသမီး ၃ဦးက ၃ရက်ကြာအဓမ္မကျင့်ပြုခဲ့



တောင်အာဖရိကနိုင်ငံ ပရီတိုးရီယားမြို့အရှေ့ပိုင်းမှာ အသက် 23 နှစ်အရွယ် အမျိုးသားဟာ တက္ကစီတစ်စီး ငှားစီးခဲ့ပါ တယ်။ အဆို တက္ကစီပေါ်မှာ ရှိနေတဲ့ အမျိုးသမီးသုံးယောက်က သူ့ကို အကြိမ်ပေါင်းများစွာ သုံးရက်တာအတောအတွင်း အဓမ္မကျင့်တာကို မမျှော်လင့်ဘဲ ခံလိုက်ရပါတယ်။

သူဟာ ကားကို စတင်ငှားရမ်းစဉ်မှာ တက္ကစီက သူပြောဆိုထားတဲ့လမ်းကို သွေဖယ်ပြီး မောင်းခဲ့ပါတယ်။ မိနစ်ပိုင်းလောက် အရောက်မှာ သူ့ကို ရှေ့ခန်းမှာ သွားစီးဖို့ အမျိုးသမီးတွေက ပြောဆိုခဲ့လို့ ရှေ့ခန်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။ မကြာမီမှာ သူ့ကို အမျိုးသမီးတွေက နောက်နေ၀ိုင်းချုပ်ပြီး ဆေးတစ်လုံး ထိုးသွင်းခဲ့ပါတယ်။ သူချက်ချင်းမေ့သွားခဲ့ပါတယ်။

သူနိုးလာတော့ သူနဲ့မရင်းနီးတဲ့ အခန်းတစ်ခုထဲကို ရောက်နေပါတယ်။ ယင်းနောက် စွမ်းအားပြည့်အချိုရည်တွေ ဆက်တိုက် တိုက်ကျွေးခံရပြီးနောက် အမျိုးသမီးသုံးယောက်က သူ့ကို စိတ်ရှိလက်ရှိ အဓမ္မကျင့်ခဲ့ကြတယ်လို့ South African Police Service Captain Colette Weilbach ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သုံးရက်လွန်မြောက်သွားတဲ့အချိန်မှာတော့ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ သူ့ကို အ၀တ်တစ်ပိုင်းနဲ့ ကွင်းပြင်ထဲမှာ စွန့်ပစ်ထားခဲ့ပါတယ်။ ယင်းနောက် သူဟာ ကားတစ်စီးကို အကူအညီတောင်းပြီး အသက်ရှင်သန်ဖို့ ကြိုးစားခဲ့ရတာပါ။ South African Male Survivors of Sexual Abuse အဖွဲ့ကလည်း ကာယကံရှင်အမျိုးသားကို ကူညီထောက်ပံမှု တွေပြုလုပ်နေပါတယ်။

အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Rees Mann က ” နိုင်ငံမှာဖြစ်ပွားနေတဲ့ အဓမ္မမှုတွေရဲ့ 20% သား ကောင်တွေဟာ အမျိုးသားတွေ ဖြစ်နေပါတယ် … အမျိုးသားဓားစာခံတွေရဲ့ အဖြစ်အပျက်ဟာ သိပ်ပြီး ပေါ်ပေါ်ထင်ထင် မရှိပါဘူး .. အကြောင်းကတော့ ရဲတပ်ဖွဲ့ကိုယ်တိုင်က သိပ်အလေးမထားလို့ပါ “လို့ပြောဆိုခဲ့ပါတယ်။

Credit-လင်းဇော်ကို(shwemom)

No comments:

Post a Comment