ဘဝမှာ သင်ယူရမယ့် အခက်ခဲဆုံးသင်ခန်းစာတွေထဲက တစ်ခုက လူတွေက ကိုယ်ရိုးသားသလောက် ကိုယ့်ပေါ် ပြန်မရိုးသားကြတာနဲ့ မိမိထင်ထားသလို ဦးစားပေးနေရာမှာ မရှိတာပါပဲ။ အပြန်အလှန်တုံ့မှုမရှိ အမြဲတမ်း ကိုယ့်ဘက်ကချည်း ပေးပြီးရင်း ပေးနေရတာမျိုးဖြစ်နေလား။ သင့်ဘဝမှာ ဒီလိုလူတွေရှိနေရတာဟာ အချည်းနှီးဖြစ်ပြီး ဘာကောင်းကျိုးမှမပေးပါဘူး။
ဦးစားပေးအဖြစ် ကိုယ်သဘောထားသလို ကိုယ့်ကို ဦးစားပေးအဖြစ် သတ်မှတ်မယ့် လူတွေနဲ့ relationship ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် လမ်းခွဲစကားဆိုဖို့ အချိန်တန်ပါပြီ။ သင့်ကို ဦးစားပေးလို့ မသတ်မှတ်သူတစ်ဦး သင့်အပေါ်ပြုမူတဲ့လက္ခဏာတွေက…
၁။ အရေးကြီးပွဲ၊ တွေ့ဆုံပွဲတွေမှာ တခြားလူတွေကို အမြဲတမ်း ဖိတ်တတ်ကြပါလိမ့်မယ်။
၂။ သင့်ဘဝမှာ ဖြစ်ပျက်တဲ့အရာတွေ ပြောပြလဲ တစ်ခုမှ မမှတ်မိပဲ ဖြစ်နေပါလိမ့်မယ်။
၃။ သင်ပြုလုပ်တဲ့ အစီအစဉ်တိုင်းလိုလို နောက်ဆုံး မဖြစ်တော့တဲ့အဆုံးမှ လိုက်လျောပေးလိမ့်မယ်။
၎။ အရေးပေါ်ကိစ္စအတွက် ဖုန်းခေါ်ချိန်မှာ အရေးမပါသလို သင့်ကို သဘောထားပြောလွှတ်လိမ့်မယ်။
၅။ text message တွေ ပြန်ပို့တာ၊ အကြောင်းပြန်တာ ရုတ်တရက် ရပ်သွာလိမ့်မယ်။
၆။ ကိုယ်ကသာ မပြတ်ကြိုးစားထိန်းသိမ်းနေရလို့ ဒီအချစ်ရေး ဆက်လက်တည်မြဲနေတာပါလားလို့ သင် ခံစားရလာလိမ့်မယ်။
၇။ သူ့အပြုအမူနုံချာမှုအတွက် မိမိသာ တောင်းပန်နေရမယ်။
၈။ သင် အရေးကြီးဟု သတ်မှတ်ထားတဲ့အရာတွေ သူပေါ့သေးသေးပဲ အမြဲသဘောထားမယ်။
၉။ သူ့ခွင့်ပြုချက်စောင့်နေရလို့ အခြားသူတွေနဲ့ ပြုလုပ်တဲ့ အစီအစဉ်တွေ လွဲချော်ရမယ်။
၁၀။ အချစ်ရေးမှာ ပိုပြီး မပျော်မရွှင်ခံစားနေရမယ်။
Ref:
No comments:
Post a Comment