လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦး ဆိုတဲ့သူ တစ်ယောက်ရှိကြပါတယ်။ မိဘ ဆွေမျိုးသားချင်းများပြီးလျှင် ဘဝမှာ ပထမဆုံးချစ်ခဲ့ရတဲ့သူကတော့ အချစ်ဦး ပဲဖြစ်ပါတယ်။ အချစ်ဦး မို့ ရူးတောင် မမေ့ဘူး ဆိုတဲ့ ရှေးကတည်းက ဆိုခဲ့တဲ့အဆိုများအတိုင်း အချစ်ဦး ကို လူတိုင်းဘယ်သူမှမေ့မယ်မထင်ပါဘူး။
ဆယ်ကျော်သက် အရွယ် (သို့) နှစ်ဆယ်ကျော်သက်အရွယ် အများအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အချစ်ဦး ကိုတွေ့ရှိချစ်ခဲ့ကြတာများပါတယ်။ အချစ်ဦး ကို မမေ့နိုင်ရတဲ့အကြောင်းများကတော့...
(၁) ရင်ခုန် စိတ်လှုပ်ရှားပြီး ပထမဆုံးချစ်ခဲ့ရတဲ့သူဖြစ်လို့ပါ။
(၂) မျက်နှာလေးမြင်ရုံ၊ အဝေးကလှမ်းတွေ့ရုံနဲ့ပျော်ရွှင်စေနိုင်တဲ့သူဖြစ်လို့ပါ။
(၃) ပထမဆုံး ချစ်ခင်ရတဲ့ သူစိမ်း တစ်ယောက်ဖြစ်လို့ပါ။
အခြားသော အကြောင်းအရာ များစွာကြောင့် အချစ်ဦး ကို မေ့လို့မရတတ်ကြပါဘူး။ အချစ်ဦး ဆိုသူနှင့် အခုအချိန်ထိ ပေါင်းဖက်ကြတဲ့သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနှင့် လွဲခဲ့ရသူတွေလည်းရှိပါတယ်။ အချစ်ဦးကို အရင်အချိန်တွေက မုန်းခဲ့၊ နာကျည်းခဲ့တာတွေရှိချင်ရှိမယ်။ အချိန်ကြာလာပြီဆိုရင်တော့ အချစ်ဦးဆိုသူကို မမုန်းဘဲ ရင်ထဲက သံယောဇဉ်ရှိတဲ့သူတစ်ဦးအဖြစ် သတိရနေဦးမှာပါ။
လက်ရှိမှာ ချစ်ရတဲ့သူရှိနေရင်တော့ တစ်ခါတစ်ရံ အချစ်ဦး ဆိုတာကို သတိရတတ်တာမျိုး၊ Facebook သုံးရင် People you may know မှာ သူ့အကောင့် ပေါ်လာရင် ဝင်ကြည့်တတ်တာမျိုး၊ သူအောင်မြင်တာတွေ့ရင် ဝမ်းသာတတ်ပြီး ရှုံးနိမ့်တာမျိုးတွေ့ရင် စိတ်မကောင်းဖြစ်တတ်တာမျိုး တွေရှိတတ်ပါတယ်။ အဲ့တာ အချစ်ဦး ကို ပြန်လိုချင်တာကြောင့်၊ လက်ရှိချစ်သူကို ဖောက်ပြန်ချင်တာကြောင့်မဟုတ်ပါဘူး။ သူလည်း သူ့ဘဝ ကိုယ်လည်း ကိုယ့်ဘဝဖြစ်သွားခဲ့ပေမယ့် သူက ကိုယ့် အချစ်ဦး ဖြစ်နေလို့ပါ။ အချစ်ဦး ဆိုတာ ဘဝမှာ ဘယ်အချိန်ဖြစ်ဖြစ် သံယောဇဉ်မပြတ်နိုင်သလို ဘယ်တော့မှလည်း ပြန်မလိုချင်တော့တဲ့ သူ တစ်ယောက်ပါ။
credit :သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)
No comments:
Post a Comment