မိန်းကလေးဆိုတာနဲ့ ပတ်ဝန်းကျင်မှာက အားနွဲ့သူ၊ တစ်ယောက်တည်း မရပ်တည်နိုင်ပဲ တစ်စုံတစ်ယောက်ကို မှီခိုနေမှ
ရပ်တည်နိုင်မယ့်သူ တစ်ယောက် အဖြစ်မြင်လေ့ရှိပါတယ်။တကယ်တော့ ဒီလိုသတ်မှတ်ယူဆချက်တွေဟာ ဟိုးနောက်
မှာ ကျန်ခဲ့ပါပြီ။ဒီနေ့ခေတ်မိန်းကလေးတွေဟာ အရာအားလုံးကို ကိုယ်တိုင်ဖန်တီး၊ဆုံးဖြတ်နိုင်ပြီး ဘယ်သူ့ရဲ့ အမှီအခိုကို
မှ မလိုပဲ ကိုယ်ခြေထောက်ပေါ်မှာ ကိုယ်တိုင် အပြည့်အ၀ရပ်တည်နေနိုင်ပါပြီ။မိန်းကလေး၊ အမျိုး သမီးဆိုပြီးတော့
လျှော့တွက်လို့တော့ မရတော့ပါဘူး။
မိန်းကလေးဖြစ်နေလို့ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းရပ်တည်နိုင်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ခက်ခဲတယ်ဆိုတဲ့ အတွေး
မျိုးတွေရှိနေတယ်ဆိုရင် ခေါင်းထဲ ကနေချက်ချင်းထုတ်ပစ်လိုက်ပါ။မိန်းကလေးဖြစ်တာကြောင့် ပင်ကိုယ်သဘာဝက
မိန်းမဆန်မယ်နေမယ်၊စိတ်ပိုင်းဆိုင်ရာ(သို့)ရုပ်ပိုင်းဆိုင်ရာတစ်ခုခု၊(ဒါမှမဟုတ်)နှစ်ခုလုံးက နူးညံ့မှုဘက်ကိုတော့ ရောက်
နေမှာပါ။ဒါပေမယ့် အဲ့ဒီလိုဖြစ်တာနဲ့ အားနွဲ့ တယ်လို့ သတ်မှတ်လို့မရပါဘူး။ မိန်းမသားဆန်မှုနဲ့သန်စွမ်းကြံ့ခိုင်မှုကို
ပေါင်းစပ်ကာ ထက်မြတ်ပြီး Strong ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လောက အလယ်မှာ မားမားမတ်မတ်
ရပ်တည်လို့ရပါတယ်။လူတွေမြင်တဲ့ အပေါ်ယံအမြင်ထက်ပိုပြီးတော့ သင်ဟာ ထက်မြက်ပြီး ကြံ့ခိုင်တဲ့ မိန်းကလေးပါ။
ဘယ်တော့မှလည်း ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့။ငါက အား နည်းတယ်၊ငါကမိန်းကလေးဖြစ်နေလို့ဆိုတဲ့ စိတ်မျိုးကို
ဘယ်တော့မှ မမွေးပါနဲ့။သင်ဟာ အရာရာ တိုင်းကို လုပ်နိုင်ပါတယ်။အဲ့ဒီလို လုပ်နိုင်အောင်လည်း လိုအပ်တဲ့ အရည်
အချင်းတွေ သင့်မှာ အပြည့်ရှိတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ကိုယ် ဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းရှင်း
လင်းလင်း သိအောင် လုပ်ပြီး သင့်ရဲ့ အိမ်မက်တွေ ဆီကို အရောက်သွားပါ။အခက်အခဲတွေနဲ့ ကြုံမယ်၊လဲကျမယ်၊
ဒဏ်ရာရမယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကပဲ သင့်ကို ပိုပြီး ရင့်ကျက်တဲ့ မိန်းကလေးဖြစ်အောင် ဖန်တီးပေးပါလိမ့်မယ်။
လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း တကယ့်ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေ တဖြည်းဖြည်းနေရာယူလာကြတာကို တွေ့ရပါတယ်။စေ့စပ်ေ သချာမှုနဲ့လုပ်ငန်းအပေါ်ထားတဲ့ အာရုံစူးစိုက်မှုတွေမှာဆိုရင် အမျိုးသားတွေထက်
အမျိုးသမီးတွေက ပိုသာပါတယ်။ဒါကြောင့်လည်း အမျိုးသမီးဝန်ထမ်းတွေ ဟာ ကုမ္ပဏီတစ်ခုမှာ အားကိုးအားထားပြုရ
လောက်တဲ့သူတွေ၊တကယ့်ကိုမရှိမဖြစ် လေးစားရတဲ့သူတွေဖြစ်လာတာပါ။စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတစ်ခုနဲ့မိန်းကလေး
တစ်ယောက်အဖြစ် လောကအလယ်မှာ မားမားမတ်မတ် ရပ်တည်လို့ ရပြီလားဆိုရင်တော့ မရသေးပါဘူး။လှပပြီး၊စမတ်
ကျတယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာကိုပါ ထပ်ပြီးဖြည့်သွင်းပေးဖို့လိုပါတယ်။စိတ်ပိုင်းဆိုင်ရာနဲ့အရည်အချင်းက Perfect ဖြစ်
နေပေမယ့် သပ်သပ်ရပ်ရပ်မနေဘူး၊အလှအပကိုယ်လည်း ဂရုမ စိုက်၊တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းနေလို့ကတော့
မရပါဘူး။
စမတ်ကျတဲ့ အသွင်အပြင်၊တစ်ကိုယ်ရည်သန့်ရှင်းမှုတို့က သင့်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကောင်မလေးဖြစ်အောင်
ကူညီပေးမှာပါ။တစ်ကိုယ်ရည် သန့် ရှင်းမှု အားနည်းနေပြီး လူကြားသူကြားထဲရောက်တိုင်း ကိုယ့်ရဲ့ အနံ့အသက်ကြောင့်
စိတ်ညစ်နေရမယ်ဆိုရင် ကိုယ့်အတွက်ရော၊ပတ်ဝန်းကျင်ကလူတွေအ တွက်ရောမကောင်းပါဘူး။ဒါကြောင့်ဒီလိုတွေမဖြစ်
ရအောင်၊မွှေးပျံ့တဲ့ကိုယ်သင်းရနံ့ကိုပိုင်ဆိုင်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကောင်မလေးဖြစ်အောင် Lux
Sakura Dream က သင့်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။ ချယ်ရီပန်းလို့ လူသိများတဲ့ ဆာကူရာ
ပန်းတွေကို လှပတဲ့ပန်းနုရောင် အရောင် အဆင်းနဲ့ ညင်သာတဲ့ရနံ့ကြောင့် လူအများက နှစ်သက်ကြပါတယ်။ ဒါကြောင့်
LUX မှ ရေမွှေးပညာရှင်တွေက LUX Sakura Dream ရေချိုး ဆပ်ပြာရည်ကို ဖန်တီးခဲ့ပါတယ်။လန်းဆန်းတဲ့ မွှေးရနံ့က တစ်နေကုန် စွဲထင်နေစေမယ့်အပြင် သင့်အသားအရေကို ပန်းနုရောင်သမ်းပြီးတောက်ပစေဖို့ LUX Sakura
Dream ကူညီပေးနိုင်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမသားတစ်ယောက် အဖြစ်
ဘဝကို ရင်ဆိုင်လိုက်ပါ။
Monday, June 05, 2017
မိန်းကလေးဖြစ်နေတယ်ဆိုပြီး လျှော့တော့ မတွက်ပါနဲ့..
Tags
# အလှပဆိုင်ရာ
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
အလှပဆိုင်ရာ
ကဏ္ဍများ
အလှပဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment