ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, March 01, 2017

"ဘီးလေးနဲ့ သူမချစ်သူ"

တတယ်တော့ ဒီအဖြစ်အပျက်လေးရဲ့အစက ဈေးလေးတစ်ခုမှာပေါ့၊ဒီနေ့လကုန်ရက်ဖြစ်သဖြင့်သူမရယ်မြတ်နိုးနှင့်ခိုင်ခိုင်ဦးတို့ညဈေးလေးမှာ လျှောက်ပတ်ကြည့်နေကြခြင်းဖြစ်သည်။"အမယ်လေးပိုက်ဆံကြည့်နေရလို့ပေါ့ ဝယ်ချင်စရာတွေကြီးဘဲ" ညည်းညူ နေကြသော် သူငယ်ချင်းများကို အားပေးစကားပြောလိုက်သည်။ "အာလောက်တောင် ပစ္စည်းမက်နေ ချမ်းသာတဲ့အဘိုးကြီးတစ်ယောက်ကို စပွန်ဆာရှာလိုက်အေ""အမယ်လေး ငပိရည်လေးနဲ့စားရပါစေ ကိုယ့်ရင်ခုန်တဲ့လူကိုဘဲ ကျူ ပ်တို့ကယူမှာ" ကျူ ပ်ရောဘဲ, "အမယ်လေးဟုတ်ပါပီ အချစ်ကိုကိုးကွယ်တဲ့သူတွေရယ် ညည်းတို့ကိုစတာပါအေ"စကားတပြောပြောဖြင့် သူငယ်ချင်းတစ်စု ဈေးထိပ်မှာပင်လမ်းခွဲခဲ့ကြလေသည်။သူငယ်ချင်းတွေနဲ့ လမ်းခွဲပီးနောက် ဟယ်အောက်မှာ,ငွေထုပ်တော့မဟုတ် ခိ ဘီးတစ်ချောင်းပါ ပန်းရောင်လေးလက်ကိုင်တဲ့နေရာမှာ အရုပ်ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းသည်။သူမကောက်ယူကြည့်လိုက်ရာ, ပုံမှန်ဆိုလူသွားလမ်းပီတော့မြေကြီးပေါ်မှာ ညစ်ပတ်နေရမှာဒါပေမေယ့် ဘီးလေးကသန့်ရှင်းနေသည်။သူမမှာဘာတန်ဖိုးမှမရှိသော့် ထိုဘီးလေးကိုလွှင့်မပစ်ဘဲယူလာချင်စိတ်ဖြစ်လာ၍ အိတ်ထဲထည့်လာမိလေသည်။"မေမေရေ သမီးပြန်လာပီ" သြော် ငါသမီးတောင်ပြန်လာပီညီမလေးကတော့ သူသူငယ်ချင်းအိမ်မှာစာကျက်နေတယ်,သူမတို့မိသားစုသုံးယောက်ဘဲရှိလေသည်။ဖေဖေကသူမဘွဲ့ရပီးတော့ ဆုံးသွားရှာသည်။ညီမလေးက ကိုးတန်းရောက်လေပီ၊သူမနာမည်ကဝါဝါဖြူ ၊ညီမလေးနာမည်ကဝါဝါအောင်ဖြစ်သည်။ ညီမလေးစာကျက်ပြန်လာတော့သူမတို့သားအမိသုံးယောက်ထမင်းစား ဇာတ်ကားကြည့်ပီး"မေမေသမီးတို့အိပ်တော့မယ်နော် မေမေလည်းအိပ်တော့"အော်မေ့နေတာ မေမေကိုပိုက်ဆံအပ်ရအုံးမယ် ရော့မေမေသမီးလစာ,"သာဓုပါသမီးရယ် ဘဏ်အတိုးလေးနဲ့အိမ်စားရိတ်လောက်ပါတယ် သမီးသုံးဖို့ရှိရဲ့လား"ရှိတယ်မေမေရဲ့ ," အေးအေးသွားအိပ်ကြတော့ သမီးတို့"ညအိပ်ယာဝင်ခါနီး ခေါင်းဖြီးလေ့ရှိသော်သူမဆံပင်ဖြီးဖို့ရာ ကောက်ရလာသော် ဘီလေးဖြင့်ဖြီးဖို့ဆံပင်နားရောက်မယ့်ရှိသေး "ဖြီးနဲ့မကြိုက်ဘူး"နားတစ်ခုလုံးအူသွားသလိုဘဲ သူမနားကပ်အော်လိုက်လေရာဘယ်သူလဲ ဘယ်သူလဲ "မမ ဘာဖြစ်နေတာလဲကွာညီမလေးမနက်ကျောင်းအစောသွားရမှာ မနှောက်ယှက်ပါနဲ့""အေးပါညီမလေး မမအတွေးလွန်သွားလို့ပါ အိပ်အိပ်"ဒီနေ့ညအိပ်ခါနီးခေါင်းမဖြီးဖြစ်တော့ ဘီးကိုအိပ်ယာဘေးကစားပွဲပေါ်တင်ပီး ညီမလေးဘေးကဝင်အိပ်လိုက်လေသည်။လန့်နိုးသွား၍ နာရီကိုကြည့်လိုက်တော့12ထိုးအိပ်တာခဏလေး ရှိသေးတာဘဲ၊သူမမျက်စိမှားတာလား မိန်းမတစ်ယောက် သူမတို့မှန်တင်ခုံရှေ့မှာခေါင်းဖြီးနေလေရဲ့၊မေမေနဲ့ညီမလေးလည်းမဖြစ်နိုင် ထိုမိန်းမ၏ဆံပင်များသည်ခါးထိဖြောင့်စင်းစွာ အရမ်းကိုလှပနေရာ သူလက်ထဲကဘီးသည်သူမကောက်ယူလာသော်ဘီး သူမဘက်ကိုမျက်နှာလှည့်လာပီ လှလိုက်တာ တော်တော်လှတဲ့မိန်းမဘဲကြည့်နေရင်းနဲ့မျက်နှာကြီးကစုတ်ပြတ်လာပီး အမယ်လေးခေါင်းထဲကဦးနှောက်များထွက်လာသည် သူမစီလက်လှမ်းလာပီ"အမယ်လေး သရဲမကြီးဘဲထွက်သွား ထွက်သွား"သူမ၏အော်သံကြောင့် ဘေးမှာအိပ်နေသော်ညီမလေးနိုးလာပီးတော့မေမေပါအခန်းထဲဝင်လာသည်။"သမီးကြီးဘာဖြစ်တာလဲ အိမ်မက်ဆိုးမက်လို့လား" သူမမေမေကိုယ့်အကြောင်းစုံဖွင့်ပြောလိုက်ရာ, "သမီးရယ်တန်ဖိုးမရှိတဲ့ ဘီးတစ်ချောင်းကိဲု ကောက်လာရလား,သမီးတစ်ခုခုဖြစ်သွားရင် မေမေရင်ကျိုးရမှာ""သမီးလည်းမယူလာမိအောင် ကြိုးစားပါတယ်အလိုလိုနေရင်း ယူလာချင်စိတ်ဖြစ်လာတာ" ကဲ မေမေကိုယ့်ပေးမေမေသွားလွှတ်ပစ်လိုက်မယ်" "အဟင့် အဟင့် မလွှတ်ပစ်ပါနဲ့ ကျမအကူအညီတောင်းချင်လို့ပါ" ညီမလေး ဘာပြောနေတာလဲ မေမေညီမလေးဘာဖြစ်နေလဲ မသိဘူး,သူမမေမေမှာနားလည်လိုက်ပီ ညီမလေးကို ပရလောကသားဝင်ပူးပီဆိုတာ "သမီးကြီးပရိတ်ရေသွားယူလိုက်""ကျမပြန်ထွက်မှာပါ အန်တီရယ် ပရိတ်ရေနဲ့ မပတ်ပါနဲ့ ဝင်ပူးထားတဲ့ညီမလေးကိုလည်းမထိခိုက်စေရပါဘူး၊ကျမ အကူအညီလေးတောင်းချင်လို့ပါ" ကောင်းပီကလေးမ မြန်မြန်ပြောငါသမီးငယ်ကိုမထိခိုက်စေပါနဲ့, "ဟုတ်ကဲ့ ကျမရဲ့ဇာတိက ရေပြာဆိုတဲ့ရွာလေးကပါ ကျမနာမည်ကယဉ်ငြိမ်းလို့ခေါ်ပါတယ်ကျမတို့အိမ်ကတောင်သူလုပ်ပါတယ်၊ကျမရဲ့ချစ်သူကလည်း ရွာကပါဘဲ သူကကျမတို့လက်ထပ်ပီးချိန်မှာ အဆင်ပြေပြေနေရအောင်ဆိုပီးရွာမှာသူပိုင်ဆိုင်သမျှ ရောင်းချပီးမလေးရှားမှာ အလုပ်သွားလုပ်တယ် ဒီနှစ်နဲ့ဆိုလေးနှစ်ရှိပီ၊ပီးတော့သူပြန်လာဖို့လည်းသိပ်မလိုတော့ဘူး သူမလေးရှားသွားခါနီး သူကကျမဆံပင်ရှည်တွေကိုနှစ်သက်တယ် အာကြောင့်ဘီးလေးကို လက်ဆောင်ပေးခဲ့တယ်၊ သူများတွေအတွက် တန်ဖိုးမရှိပေမယ့်ကျမတို့ ချစ်သူနှစ်ဦးအတွက်တော့ တန်ဖိုးဖြတ်မရတဲ့အချစ်သင်္ကေတလေးတစ်ခုပါ""သူပြန်လာဖို့တစ်လအလိုမှာ မြို့ပေါ်တက်ပီးပစ္စည်းတွေဝယ်ရင်းအဟင့်,ကျမကားတိုက်ပီး ပွဲချင်းပီးဆုံးခဲ့တယ်အမဘီးကောက်ရတဲ့နေရာလေးမှာပေါ့ ကျမဘီးလေးဟာအယ်နေရာမှာကျန်ခဲ့တာ၊ဘီးလေးကိုစွဲလန်းတဲ့စိတ်နဲ့ကျမအယ်နေရာမှာဘဲနေခဲ့တယ်၊ကျမချစ်သူလည်ူးရွာကိုပြန်ရောက်နေပီ ဒါကြောင့်မမတို့ရွာကိုသွားပီးအကျိုးအကြောင်းပြောပေးပါ၊ကျမကိုယ့်အမျှဝေပေးပါလို့အဟင့် " ငိုရှိုက်နေသော် သူကိုယ့်ကြည့်ပီး သူမပါမျက်ရည်ဝဲလာသည်တတယ်ပါ ညီမလေးကိုယ့်မမြင်ရဘဲ လှပပီးဝမ်းနည်းမူတွေနဲ့ပြည့်နေတဲ့သရဲမမျက်နှာကိုဘဲမြင်နေရသည်။ "ကဲပါကလေးမမနက်ဖြန်ကိုယ့်အယ်ရွာကိုသွားပေးပါမယ်,တို့သားအမိတွေလည်း ခရီးထွက်ရတာပေါ့စိတ်ချစွာနေပါကလေးမ" ဟုတ် အန်တီသမီးသွားပါပီ,သူမတို့သားအမိတွေရွာရောက်သော်အခါ ရွာကလူတွေက ဖော်ရွေစွာကြိုဆိုကြလေသည်။ ယဉ်ငြိမ်းတို့အိမ်ကိုရောက်သော်အခါ အကျိုးအကြောင်းပြောပြရာ သူမမိဘနှစ်ပါးမှာ  ငိုကြွေးကြလေသည်။သူမချစ်သူကိုယ့်သွားခေါ်ခိုင်း၍ ဘီးလေးပြန်ပေးလိုက်လေသည်။ဝမ်းနည်းနေတဲ့မျက်နှာကမျက်ရည်မကျအောင် အံကြိတ်ထားလေသည်။ဘာလို့အချစ်စစ်နဲ့ ချစ်တဲ့သူတွေကိုဆုံဆည်းခွင့် မပေးရတာလဲကံကြမ္မာကြီးရယ်, "ငြိမ်း ကျနော်ကိုမစောင့်ဘူးဗျာ ဒါပေမယ့်ငြိမ်းဒီလိုမကျွတ်မလွတ်ဖြစ်နေတာ ကျနော်မကြည့်ရက်ဘူး,ကျနော်ကြိုးစားအလုပ်လုပ်ပီး ရှာလာသမျှပိုက်ဆံကိုယ့်ရွာမှာလိုအပ်သမျှစီမှာ ငြိမ်းကိုရည်စူးပီး အကုန်လှုပစ်မယ်"သာဓုခေါ်ပေးပါငြိမ်းရယ်, "ရှင်ကောင်မလေး စိတ်ဖြောင့်သွားလောက်ပါပီ သူအငွေ့အသက်လေးတွေ ပါတဲ့ဘီးလေးကိုလည်းရှင်ကိုပေးပီးပီလေ, သူအတွက်ကျမတို့ကုသိုလ်ကောင်းမူလုပ်ပေးဖို့ဘဲကျန်တော့တယ်"ဟုတ်ကဲ့ပါ အမ,ရွာကဘုရား၊ဘုန်းကြီးကျောင်း၊ရွာအတွင်းလိုအပ်တာတွေအကုန်လှုပီးသမျှကို ယဉ်ငြိမ်းအား အမျှဝေလိုက်လေသည်။သာဓုခေါ်နိုင်ပီး ကောင်းရာဘုံဘဝသွားရပါစေယဉ်ငြိမ်းရေ,ညကအိမ်မက်ထဲမှာ သူမကိုယ့်လာနှုတ်ဆက်သော်ယဉ်ငြိမ်းသည် အဝတ်အစားများ လည်းတောက်ပစွာ မျက်နှာမှာပျော်ရွှင်ကြည်နူးမူတွေနဲ့," ကျေးဇူးတင်ပါတယ် မမတဲ့"ယဉ်ငြိမ်းက အမေနဲ့ညီမလေးကိုလည်းသူမလိုဘဲနှုတ်ဆက်သွားတယ်တဲ့၊ဒါဆိုသူမရဲ့ချစ်သူကိုရော "အမတို့ပြန်တော့မှာလား ဒါကျနော်ရဲ့ရွာပြန်လက်ဆောင်တွေလက်ခံပေးပါ,ကျနော်ညကယဉ်ငြိမ်းကို ပြောလိုက်တဲ့အတိုင်းသံသရာအကျိုးရှိအောင် ဦးဇင်းဝတ်ပီးတရားအားထုတ်တော့မယ်"  မေမေက "သားရွေးချယ်မူမှန်ပါတယ်သားရယ်သားနဲ့သမီးကံကြမ္မာဆိုးတွေ ထပ်မကြုံကြပါစေနဲ့ကွံယ်"ဟုတ်အန်တီနဲ့အမတို့ကျနော်ကိုယ့်ခွင့်ပြူ ပါအုံး,ဘယ်လောက်ချစ်ချစ် ထာဝရဆုံဆည်းခွင့်သာမရှိရင်သေကွဲရှင်ကွဲခွဲရတာပါလား သူမအလှည့်ကျရင်ရော ကံကောင်းနိုင်ပမလား, ရွာအပြန်လှည်းလေးပေါ်မှာ်အတွေးများစွာဖြင့် သူမ,……Credit - ဇူးဇူးငယ်

No comments:

Post a Comment