ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, March 01, 2017

ရာသီဖွားတွေရဲ့ အချစ်ဒဿန

ဤကား ရာသီဖွားအသီးသီးတို့ရဲ့အချစ်ကို ဖွင့်သော ဒဿနများပင် ဖြစ်သည်။ မိဿအချစ်ဒဿန (ARIES) အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆ သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာ လျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကို ရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလို လိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။ ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။ ပြိဿအချစ်ဒဿန (TAURUS) မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။ တစ်ခါတည်းထား၊ တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။ အချစ်အပေါ်ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟု သတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြား တွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈ နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရ လက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက် ၃၆ နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအား ပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင် မွန်ဟု သတ်မှတ်သည်။ ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင် ဖြစ်ပေသည်။ မေထုန် အချစ်ဒဿန (GEMINI) ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသော သူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ ဤရာသီဖွားများ၏ချစ်ခြင်းမေတ္တာ မှာ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြားအလွန်ရှုပ်ထွေး၍ ကိုယ့်ရဲ့ လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ် မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄ နှစ်မှ အသက် ၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့် အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။ ဤကား မေထုန် ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။ ကရကဋ် အချစ်ဒဿန (CANCER) အသက် ၁၆ နှစ်မှ ၂၀ နှစ်၊၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံ ကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။ မိမိက မေတ္တာ တရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့် ကစား မိမိအား အများက ဂုဏ်နောက်၊ ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ် သည် ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအား ပိုင်ဆိုင်သည်။ ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။ သိဟ်အချစ်ဒဿန (LEO) အချစ်ဆုံးသူက တစ်ယောက်၊ လက်ထပ်ဆုံစည်းသူက တစ်ယောက် ဖြစ်တတ်သည်။အသက် ၁၆ နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက် ၂၂ နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ် အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာ ထားရှိ လိမ့်မည်။ မိမိ သံယောဇဉ်ကြီးသောသူ၏ စကားနှင့် ပြောသမျှအလုံး စုံအား မျက်စိမှိတ်ယုံတတ်သောသဘာဝရှိသည်။ ချစ်ခြင်းမေတ္တာတရားသည် မိမိဘဝတစ်ခုလုံးကို တစ်စုံတစ်ရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။ဤကားသိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။ ကန် အချစ်ဒဿန (VIRGO) မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန် သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သော်လည်း အိမ်ထောင်ရေးတွင် ဦးနှောက်၏ ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ၊ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ် တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿန ပင်ဖြစ်သည်။ တူရာသီ အချစ်ဒဿန (LIBRA) ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွ ဟု ပြောကြလိမ့်ဦးမည်။ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ ချစ်ခြင်းမေတ္တာ သည် အထင်ကြီးမှု လေးစားမှုအပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန် ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော် အဖြစ် ရွေးမည်။ မည်သို့ဆိုစေ ဤရာသီဖွား များအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည် "ပေးဆပ်ခြင်း၊ ရယူခြင်း၊တုံ့ပြန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုး ရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။ ဗြိစ္ဆာအချစ်ဒဿန (SCORPIO) သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့ တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ ကြင်ကြင်နာနာပြော ဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေ တတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင် စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အချစ်နှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ် ပြောတတ်သည်။မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူး ဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သော အရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။ ဓနု အချစ်ဒဿန (SAGITTARIUS) နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ် စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ် ချက်ကို နှလုံးသား မှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့် သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံြး ဖတ်မည်။ အချိန် ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင်တစ်ဆက်တည်းမြဲ ရန် အတွက် အထူး အားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေး ကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။ မကာရ အချစ်ဒဿန (CAPRICORN) သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။ မိမိတွင် လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ် ဦး တစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေး တစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအ တွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿန ကိုပိုင်ဆိုင်သည်။ ကုမ်အချစ်ဒဿန (AQUARIUS) သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။ ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့ အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ် တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါး အပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။ ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန် တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူ အပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာတည်မြဲခြင်းတို့ေ ပါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။ မိန်အချစ်ဒဿန(PISCES) ကမ္ဘာပေါ်တွင် ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒ ပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထား သည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသော များဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအ ချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည် ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရ တည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။ Source : Cafe Astrology Credit>>>Duwun


No comments:

Post a Comment