ဥရောပကစားသမားများထဲတွင် နိုင်ငံအသင်းအတွက် ဂိုး(၇၀)နှင့်အထက် သွင်းယူခဲ့သူများထဲ၌ စီရော်နယ်လ်ဒို စတုတ္ထနေရာတွင် ရပ်တည်
ပေါ်တူဂီအသင်းခေါင်းဆောင် စီ ရော်နယ်လ်ဒိုသည် နိုင်ငံအသင်းအတွက် ဂိုး(၇၀)နှင့်အထက် သွင်းယူခဲ့ သည့်ဥရောပ ကစားသမားများ ထဲတွင်
တစ်ဦး အပါအ၀င်အဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းသိရသည်။
စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် စနေနေ့က ဟန်ဂေရီကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အသင်းအတွက်ဂိုးများ ကို (၃၆၊ ၆၅)မိနစ်များ၌ သွင်းယူခဲ့ ပြီး လက်ရွေးစင်အသင်းအတွက် ၎င်းင်း၏ သွင်းဂိုးမှာ (၇၀)ဂိုးအထိရှိလာပြီဖြစ် သည်။ သို့ဖြစ်ရာ စီရော်နယ်လ်ဒိုသည် သက်ဆိုင်ရာ လက်ရွေးစင်အသင်း အတွက် ဂိုး(၇၀)နှင့်အထက် သွင်းယူ ခဲ့သည့် ဥရောပကစားသမားစာရင်း၌ စတုတ္ထ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ သက်ဆိုင်ရာ နိုင် ငံလက်ရွေးစင်အသင်းအတွက် ဂိုး (၇၀)နှင့်အထက်သွင်းယူခဲ့သည့် ဥ ရောပကစားသမားများထဲတွင် ဟန် ဂေရီဂန္ထ၀င်တိုက်စစ်မှူး ပွတ်ရှ်ကပ်စ် က (၈၄)ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။
ပွတ်ရှ်ကပ်စ်၏နောက်တွင် ဟန်ဂေရီက စားသမားဟောင်းတစ်ဦး
ပင်ဖြစ် သည့် ဆန်ဒေါကော့ဆစ်က (၇၅)ဂိုး၊ဂျာမနီဂန္ထ၀င်တိုက်စစ်မှူး ကလိုဆေးက (၇၁)ဂိုးဖြင့် အသီးသီးရပ်တည်နေ ကြောင်းသိရသည်။
Credit – Eleven Sports
No comments:
Post a Comment