ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 31, 2017

နေမာကိုအရခေါ်ယူရန်အေဗရာဗိုဗစ်ခ်ျကြိုးပမ်းနေ


ချယ်လ်ဆီးအသင်းတွင် နည်းပြကွန်တီ ရေရှည်ဆက်ရှိစေရန်အတွက် နေမာကို အရခေါ်ယူပေးရန် အေဘရာမိုဗစ်ခ်ျ ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အီတလီလူမျိုးနည်းပြ ကွန်တီအား အသင်းတွင် ရေရှည်ရှိစေရန်အတွက် ဘာစီလိုနာတိုက်စစ်မှူး နေမာကို အရခေါ်ယူပေးရန် ကြိုးပမ်းလျက်ရှိနေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။
ကွန်တီသည် ချယ်လ်ဆီးအသင်းအား ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်း ပြန်လည်ရယူနိုင်ရန် အခွင့်အလမ်းကောင်းများရှိနေသည်။ သို့သော် ကွန်တီအား အင်တာမီလန်အသင်း အပါအ၀င် အီတလီအသင်းအချို့က ခေါ်ယူရန်ပစ်မှတ်ထားနေပြီး ကွန်တီမှာ အင်္ဂလန်တွင် အောင်မြင်မှုအချို့ကိုရယူပြီးပါက သူ၏ မွေးရပ်မြေသို့ပြန်ရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် အေဘရာမိုဗစ်ခ်ျက ကွန်တီကို အသင်းတွင် ဆက်ရှိစေရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
အီတလီသတင်းစာ Tutto Sports ၏ ဖော်ပြချက်အရ ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျသည် ဘာစီလိုနာအသင်းတာဝန်ရှိသူများနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ နေမာ၏ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ နှုတ်အားဖြင့် သဘောတူညီမှုပင်ရရှိထားကြောင်း သိရှိရသည်။
အသက်(၂၅)နှစ်အရွယ် နေမာအတွက် ချယ်လ်ဆီးအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း(၁၈၀)အထိပေးချေသွား မည်ဟု ၎င်းသတင်းစာက ဖော်ပြခဲ့သည်။ နေမာ၏လက်ရှိစာချုပ်ပါ (အသင်းမှထွက်ခွင့်) လျော်ကြေးပမာဏမှာ ၂၀၁၆ခုနှစ်တွင် ယူရို သန်း(၂၀၀)ရှိပြီး ၂၀၁၇ခုနှစ်တွင် ယူရို(၂၂၂) သန်းရှိကြောင်း သိရသည်။ ထို့နောက် ၂၀၁၈ မှ ၂၀၂၁ခုနှစ်အကြား ယူရိုသန်း(၂၅၀)အထိ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေဘရာမိုဗစ်ခ်ျက နေမာအားခေါ်ယူရန်ကြိုးပမ်းနေသော်လည်း နည်းပြ ကွန်တီကမူ အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းကိုသာ ပိုမိုခေါ်ယူလိုနေကြောင်း သိရှိရသည်။ ဂရစ်ဇ်မန်း၏စာချုပ်ပါလျော်ကြေးပမာဏမှာ ပေါင်(၈၆)သန်းသာရှိရာ နေမာထက် ပြောင်းရွှေ့ကြေးများစွာသက်သာနိုင်မည်ဖြစ်သည်။

Credit – Eleven Sports

No comments:

Post a Comment