လိင်တူချစ်သူတွေဖြစ်ကြတဲ့ အသက်(25)နှစ်အရွယ် Samuel Leighton-Dore နဲ့ သူရဲ့ လိင်တူချစ်သူ Bradley Tennant တို့ဟာ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နေထိုင်သူများဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ သဘာဝကို ဆန့်ကျင်စွာနဲ့
လိင်တူအချင်းချင်း ချစ်ကြိုက်ခဲ့ကြပေမယ့် ကလေးလိုချင်တဲ့ ဆန္ဒမှာလည်း အတူတူပါဘဲ။
လိင်တူချစ်သူတွေ ဖြစ်ကြတဲ့အတွက် လိုချင်တဲ့ကလေးကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်ပါ။ အမျိုးသမီးတစ်ယောက်
ယောက်က ဒီဆန္ဓကို ဖြည့်ဆည်းပေးမယ်ဆိုရင်တောင် သူတို့လိုချင်တဲ့ ကလေးကလည်း မျိုးရိုးအားဖြင့် အနည်းဆုံး သူ
တို့နှစ်ယောက်နဲ့ နီးစပ်တူနိုင်မှသာလျှင် သူတို့ ကိုယ်နှိုက်က ကိုယ့်သွေးရင်းသားရင်း စစ်စစ်လို စောင့်ရှောက်နိုင်မှာလို့ သူတို့က ယုံကြည်နေပါတယ်။ ဒီအခက်အခဲကို ကူညီမယ့်သူ ပေါ်လာပါတယ်။ တကယ့် ရှားရှားပါးပါး အမျိုးအရင်းထဲက အလှူရှင်ပါဘဲ။
အဲဒီ အလှူရှင်ကတော့ Samuel ရဲ့ ညီမအရင်း Bronte ဖြစ်ပါတယ်။ ဒီကိစ္စဟာ သွေးရင်းသားရင်း တော်စပ်ကြသူခြင်း ကာမစပ်ယှက်ကြတော့မလား … သို့မဟုတ် … မျိုးရိုးနီးစပ်တူဖို့ အစ်ကို့ Partner နဲ့ Bronte မတော်တရော်ဖြစ်ကြတော့
မလားလို့ ယုံကြည်စရာ ဖြစ်လာခဲ့ပါတယ်။ တစ်နည်းပြောရရင် ဘယ်လောက်ပဲ ခေတ်မီတိုးတက်နေပါတယ်ဆိုတဲ့ တိုင်း
ပြည်ဖြစ်နေပါစေ ဒီလိုအမျိုးရင်းချာကိစ္စမျိုးကို သို့တည်းမဟုတ် … လင်ယောက်ျားမဟုတ်သူနဲ့ စက်ယှက်ဖို့ဆိုတာ
ဘယ်လူ့အသိုင်းအ၀ိုင်းကမှ လက်မခံပါဘူး။
ဒါဖြင့် ညီမအရင်းဖြစ်တဲ့ Bronte က ကလေးငမ်းငမ်းတက်လိုချင်နေတဲ့ သူ့အစ်ကိုတို့စုံတွဲကို ဘယ်လို ကူညီမှာလဲ … ?။ ဒီကိစ္စနဲ့ပတ်သက်ပြီး Samuel က ” ခင်ဗျားတို့တစ်တွေ ဘောင်တွေအများကြီး ကျော်ပြီး စဉ်းစားပြီးပြီဆိုတာ … သိပ်တော့ မထူးဆန်းပါဘူး … ဒါပေမယ့် … ခင်ဗျားတို့ မစဉ်းစားမိတဲ့ IVF (ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့) ကလေးမွေးမှာပါ … ညီမလေးက … သူရဲ့ အောင်ပြီးသား … မမျိုးဥတွေ လှူရုံပါဘဲ ကျွန်တော့် Partner ရဲ့ သုတ်ပိုးနဲ့ ပေါင်းစပ်လိုက်ရင် … ဒါက … ကျွန်တော်တို့လိုချင်နေတဲ့ … မျိုးရိုးအားဖြင့် ကျွန်တော့် မျိုးရိုးနဲ့ … ကျွန်တော့် Partner ရဲ့ မျိုးရိုး … အရိုးစင်းဆုံး
ပေါင်းစပ်စေချင်တဲ့ဆန္ဒကို … ပြည့်ဝစေမှာပါလို့ ” Mirror Online သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြခဲ့ပါတယ်။
မဒီလေး (Shwemom)
source : thesun.co.uk
No comments:
Post a Comment