Joseph Toiletries အမှတ်တံဆိပ် သန့်စင်ခန်းသုံး စက္ကူနဲ့ စက္ကူထည့်ဘူးအနက် စက္ကူချည်းသက်သက်က မြန်မာငွေ ၃ သိန်းကျော် တန်ပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ ၂၀၁၆ အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုပေးတဲ့ လက်ဆောင်အိတ်ထဲမှာ ပါဝင်တဲ့ သန့်စင်ခန်းသုံး စက္ကူနဲ့ စက္ကူထည့်ဘူးရဲ့ တန်ကြေးက အံ့အားသင့်စရာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။
ဧည့်ပရိသတ်တွေကို လက်ဆောင်ပေးခဲ့တဲ့ သန့်စင်ခန်းသုံး စက္ကူနဲ့ စက္ကူထည့်ဘူးက မြန်မာကျပ်ငွေ ၁၁ သိန်းတန် (အမေရိကန်ဒေါ်လာ ၉၀၀) တန်တယ်လို့ ဆိုပါတယ်။ Joseph Toiletries အမှတ်တံဆိပ် သန့်စင်ခန်းသုံး စက္ကူနဲ့ စက္ကူထည့်ဘူးအနက် စက္ကူချည်းသက်သက်က မြန်မာငွေ ၃ သိန်းကျော် (အမေရိကန်ဒေါ်လာ ၂၇၅) တန်ကြောင်းလည်း သိရပါတယ်။
Joseph Toiletries သန့်စင်ခန်းသုံး စက္ကူက သာမန်မဟုတ်ဘဲ အရေပြားဆိုင်ရာ အထူးကုတွေ ဖန်တီးထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ သန့်စင်မှုအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အော်စကာပွဲမှာ ပေးခဲ့တဲ့ သန့်စင်ခန်းသုံး စက္ကူကို နာမည်ကြီး မင်းသမီး ဂွင်းနက်သ် ပက်ထရိုးကသဘောကျ နှစ်သက်တယ်လို့ ဆိုပါတယ်။
Credit : ပြည်မြန်မာ
No comments:
Post a Comment