ရည်းစားဘဝ မှာတောင်စိတ်ဆင်းရဲအောင်
လုပ်ဖို့ ဝန်မလေးတဲ့ လူတစ်ယောက်ကို
အနာဂတ်မှာ လက်တွဲ ချင်သေးတာလား ••• ရူးပါ့
ချစ်ဦးကြင်စ မရည် ရွယ် ခင် လက်မထက်သေးခင်
ဒီလို မျိုးစိတ်ဆင်း ရဲအောင် လုပ်နေရင်တော့
စောစော စီးစီး အထုတ်ပြင်ပြီး တံခါးဖွင့်ပေးလိုက်တာက
ပိုကောင်းမယ် ။
ဘာလုပ်မှာလည်း နှလုံးသား ထဲ ထည့်ထားနေသရွေ့တော့
နှလုံးနာ နေရမှာပဲ ။ ခွေးဆိုတာ တစ်ခါကိုက်ပြီးရင်
နောက်တစ်ခါကိုက် ဖို့ ဝန်မလေးဘူး ။ ကြောက်တတ်ရင်တော့
ပိုပြီး ကြောက်အောင် ခြောက်လိမ့်မယ် ။
စဉ်းစားကြည့် လေ တာဝန်တောင် မယူရသေးဘူး
ဒီလိုချည်း သာ စိတ်ဆင်းရဲအောင်လုပ်နေတယ်ဆိုရင်တော့
အိမ်ထောင် များကျတဲ့ အခါ ဘယ်လို နေမလဲမသိဘူး
လူဆို တာ အတိုင်းအတာတစ်ခုရှိတယ် ။
ကိုယ့်ကို ပျော်အောင်ထားနိုင်မဲ့ သူဟာ ကမ္ဘာ မှာ
တစ်ယောက်တည်း ပဲ ရှိလာမှာမဟုတ်ဘူးလေ ။
ချစ်တာက ချစ်တာပဲ ကိုယ့်မှာလည်း အတိုင်းအတာတစ်ခုပဲ
ရှိမယ် ဘယ်သူမှ အမြဲတမ်း စိတ်သဘောထားရည်ပြည့်ဝမနေဘူး
အဲ့တော့ ဖြင့် •• ကိုယ်ရေးမဲ့ သမိုင်းမှာ အနာဂတ်လှဖို့က
ကိုယ့်ရဲ့ ရွေးချယ်ရာပဲဖြစ်တယ် ။ ကိုယ့်ကို ညစ်ထေးစေမဲ့
အရာမှန်သမျှ ကတော့ ကြာကြာ သိမ်းဆည်းမထားပဲ
လွင့်ပစ်လိုက်ပါတော့ ။
Credit-LuAh
Monday, March 20, 2017
အချစ်မှာရူးနေလို့မရဘူး
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment