ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, March 20, 2017

ကျွန်​မ.....ငိုခဲ့တယ်

👉......ကျွန်မ………… ငိုခဲ့တယ် ....👈





ဟုတ်တယ် ကျွန်မငိုခဲ့တယ့်

သဝန်တိုတတ်တဲ့ ကျွန်မရဲ့ အချစ်ကို အပြစ်လိုမြင်ပြီးတော့

ရှင်အနားက ကျွန်မကို မောင်းထုတ်လိုက်တဲ့ နေ့က့

ကျွန်မ ရှိုက်ကြီးတငင်နဲ သည်းထန်စွာငိုခဲ့ရတယ့်😢



ဟုတ်တယ် ကျွန်မ ငိုခဲ့ရတယ့်

ရှင်နဲလမ်းခွဲလိုက်ရချိန်မှာ ဝေးကြပြီ ဆိုတဲ့ အသိတစ်ခုနဲ့

ကျွန်မ ညစဉ်ညတိုင်း ခေါင်းအုံးကိုဖက်ပြီး မျက်ရည်ပေါက်ပေါက်ကျတဲ့အထိ …

လိုချင်တာမရတဲ့ ကလေးငယ်တစ်ယောက်လို 

တိုးတိတ်စွာနဲ ငိုခဲ့ရယ့်😢



ဟုတ်တယ် ကျွန်မ ငိုခဲ့တယ့်

ဘယ်လိုမှ ညှိယူလိုမရတဲ့ Rs တစ်ခုဖြစ်နေတာကြောင့်

ဗီလိန် အဖြစ်ခံပြီးတော့ပဲ ကျွန်မ ဘက်ကနေ 

ရှင်ကို ချစ်လျက်နဲ စတင် လမ်းခွဲပစ်ခဲ့တယ့်

လမ်းခွဲလိုက်ရတဲ့ အတွက် ကျွန်မ နောင်တမရခဲ့ပေမယ့်

ရှင်ကွဲ ကွဲကျပြီ ဆိုတဲ့ စိတ် တစ်ခုနဲ ကျွန်မ ဆွံအ စွာ ငိုခဲ့ရတယ့်😢



ဟုတ်တယ် ကျွန်မ ငိုခဲ့တယ့်

အများအမြင်မှာ ရှင်ရဲ့ တရားဝင်ချစ်သူဆိုပေမယ့်

သွေးအေးလာတဲ့ ရှင်ရဲ့ ဆက်ဆံရေးနေတွေနဲ့

အေးခဲ့နေတဲ့ ရှင်ရဲ ဥပေက္ခာ တွေကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ရင်း 

ရှင့်ကို မစွန့်လွှတ်နိုင်တဲ့ အတွက့် 

ကျွန်မတစ်ယောက်ထဲ ဘယ်သူမှ မသိအောင် 

ချောင်ကွယ်မှာ အမြဲတမ်းလိုလို ကြိတ်ငိုခဲ့ရတယ်…😢



ဟုတ်တယ့်ကျွန်မငိုခဲ့တယ့်

ကျွန်မ မျက်ရည်တွေက ရှင်ပြန်လာပါစေဆိုတဲ့

မျှော်လင့်ချက်နဲ ကျခဲ့တာတော့ မဟုတ်ဘူ့း

ခြံခုန်သွားတဲ့ ရှင်အတွက်နဲ ကုန်ဆုံးသွားတဲ့ 

ကျွန်မရဲ့ အချိန်တွေကို နှမြောကာ ယူကြုံးမရဖြစ်လို ငိုခဲ့မိတာ…😢



ဟုတ်တယ့်ကျွန်မ ငိုခဲ့တယ့်

ကျွန်မ တစ်ယောက်ထဲ နင့်နင့်နည်းနည်း ငိုကြွေးခဲ့ရတယ့်😢



ဟုတ်တယ် ကျွန်မ ငိုခဲ့တယ့်

သဘောထားမတိုက်ဆိုင်လို ရှင်နဲကျွန်မ မာန ကို ရှေ့တန်းတင်ပြီး

နှစ်ဦးသဘောတူ လမ်းခွဲ ဖြစ်လိုက်တဲ့နေက့

ပြန်မဆုံ နိုင်တော့ဘူးဆိုတဲ့ အတွေးတစ်ခုကြောင့်

ကျွန်မ ရှိုက်သံတွေ ဆို့နင့် သွားတဲ့အထိ ငိုခဲ့ရတယ့်😢



ဟုတ်တယ် ကျွန်မ ငိုခဲ့တယ့်

စားလည်းဆူး ဆုပ်လည်းရူး ဖြစ်နေတဲ့ ကျွန်မ ရဲ့

အချစ်ဇတ်လမ်းကို ကြေညာမောင်းခတ်ပြီး ပြတ်တောက်ဖြစ်ဖို

ရင်နာနာနဲ စကားဆိုဖြစ်တဲ့နေ အိမ်အပြန်

လမ်းတစ်လျှောက်လုံး ကျွန်မ ငိုလာခဲ့ရတယ့်😢



ဟုတ်တယ့်ကျွန်မ ငိုခဲ့ရတယ့်

အခုတော့ မဟုတ်ဘူ့း

အချစ်ကို စစ်မျက်နှာပြင်မှာ နှလုံးသားကိုရှေ့ တန်းတင်ပြီး

တိုက်စစ်ဖွင့်ကာ ထိုးစစ်စင်ခဲ့ဖူးတဲ့ အရွယ်တုန်းက့

ရလာသမျှ ဒဏ်ရာတိုင်းကို ကျွန်မ တစ်ယောက်ထဲ 

နာကျင်စွာ ခံစားရင်း အသက်ရှူရပ်မတပ် ငိုခဲ့ရတယ့်😢



ဟုတ်ပါတယ့်

ရိုးသားစွာ နဲ ဝန်ခံပါတယ့်

လောင်းလောင်း အဂိုး ဟိုးအရင် အချိန်တွေတုန်းက့

ကျွန့်မ့ငို့ခဲ့တ့ယ့်😢





Credit_ကွိုင်


No comments:

Post a Comment