အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောကျာ်းလေးတစ်ယောက်အတွက် အောင်မြင်မူရခါစ (သို့) ဘ၀တက်လမ်း တက်ခါစပဲ ရှိနေတတ်ပါသေးတယ်။ သဘာဝတရားအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ယောက်ျားများဟာ လုပ်ငန်းစတင…်အဆင်ပြေလာပြီး ဘ၀အတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါအချက်များကိုလေ့လာသင့်ပါတယ်။
၁။ ယောက်ျားကိုအရေးပေးတတ်ရမယ်။
ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့သူလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာ ဆော့ကစားတတ်ရင် ကိုယ့်ယောကျာ်းကို ကြိုက်သလိုအနိုင်ယူလို့ရတယ်လို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။ ကိုယ့်ယောက်ျးကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာအပြည့်အ၀ပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမယ့်ကိစ္စ ဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ ယောက်ျားမှန်ရင် အဲဒီအရေးပေးခံရတဲ့ ကိစ္စကိုအလွန်နှစ်သက်တတ်ပါတယ်။
၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရမယ်။
ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့။ ဇနီးဖြစ်သူနားလည်ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူ့မိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ။့ တဖျစ်တောက်တောက် ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီကဆိုပါတယ်။
၃။ ဟင်းချက်တတ်အောင်သင်ထားမယ်။
ကိုယ့်ယောက်ျားရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသား ဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။ ဘယ်မှာပဲထမင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကိုသတိရအောင်ဖန်တီးပေးရပါမယ်။
၎။ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်။
ဝင်ငွေကောင်းကောင်းမကောင်းကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။ မိသားစုအတွင်းမှာ “မှီခို”ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းမယ်။ စဉ်းစားတာနည်းမယ်။ ပတ်ဝန်းကျင်နဲ့လည်းတဖြည်းဖြည်း အဆက်အသွယ်ပြတ်လာမယ်။ ခန္ဓာကိုယ်တဖြည်းဖြည်းဝလာမယ်။ ကျန်းမာရေးချူခြာလာမယ်။ မှတ်ဥာဏ်ယိုယွင်းလာမယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ခင်ပွန်းအပေါ်ဆွဲဆောင်မူဟာလည်း တဖြည်ဖြည်း လျှော့ကျလာမယ်ဆိုတာ သေချာပါတယ်။
၅။ အလှကိုတန်ဖိုးထားရပါမယ်။
ယောက်ျားရပြီးပြီပဲ သိပ်ပြင်ဆင်စရာမလိုတော့ဘူးလို့ ယူဆရင် သင်မှားသွားပါလိမ်မည်။ ဖယိုဖရဲ နေထိုင်ခြင်းကို လုံးဝရှောင်ကျဉ်ပါ။ သပ်သပ်ရပ်ရပ် ဖြစ်အောင်အမြဲကြိုးစားပါ။ ဖယိုဖရဲနေထိုင်ခြင်းဟာ ကိုယ့်ယောက်ျားကိုအဝေးဆုံးရောက်အောင် ပို့လွှတ်နေသလိုဖြစ်နေတတ်ပါတယ်။
၆။ ပြုံးပြုံးရွှင်ရွှင် နေတတ်ရပါမယ်။
အိမ်ဆိုတာ ယောက်ျားအတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာဋ္ဌာနေ တစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျား အိမ်ပြန်ချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ မျက်နာအမြဲဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲဖေါ်ပြနေမယ်ဆိုရင် ယောက်ျားကအိမ်မကပ်ချင်တော့ပါဘူး။
ဒါလေးတွေကိုရှောင်ကြပါစို့
**********************
သွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနှင့်။ ယောက်ျားလေးဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ် ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။ သူ့ကို လွတ်လပ်ခွင့် အထိုက်အလျောက်ပေးထားသင့်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်နောက်ကျတိုင်း သာကြောင်းမာကြောင်း လေးတော့ ဖုန်းဆက်ဖို့ မမေ့အောင် မှာထားပါ။
ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနှင့်
*************************
ကိုယ်တိုင်ပိုက်ဆံရှာတတ်တဲ့ယော့က်ျင်္ာံးအဖို့ ကိုယ်တိုင်ပိုက်ဆံသုံးပိုင်ခွင့်လည်း ပေးထားသင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိမှ ယော့ကျာ်းလေးတွေမျက်နာရှိတတ်ပါတယ်။ ယောက်ျားကိုမျက်နာပေးတတ်အောင် လေ့လာထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယောက်ျားကို သိပ်မချုပ်ချယ်တာ ကောင်းပါတယ်။
အရမ်းမစစ်ဆေးပါနှင့်
******************
လက်ကိုင်ဖုန်းထဲကအကြောင်းအရာတွေကို မစုံစမ်း မချုပ်ချယ်ပါနှင့်။
ယောက်ျားဖုန်းနံပါတ်ကိုစစ်ဆေးတာမျိုး၊ message ကိုစစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။ တော်တော်များများ ပြသနာတွေဟာ သံသယစိတ်ကနေ စတင်ဖြစ်ပေါ်လာတာပါ။ တာဝန်ယူစိတ်ရှိတဲ့ယောက်ျား တစ်ယောက်ဟာ သင်လိုပါပဲ။ မိသားစုကို ရှေ့တန်းတင်ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယော့က်ျားတွရဲ့သဘာဝလို့ ဆိုပါတယ်။
အတတ်နိုင်ဆုံးနားလည်ပေးလိုက်ပါ။
Credit : AungKoLatt
သူငယ်ချင်းတို့အားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးပိုင်ဆိုင်နိုင်ပါစေ။
ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင့်သူငယ်ချင်းများအား ဗဟုသုတ ဝေမျှနိုင်ခြင်းနှင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။
Tuesday, March 28, 2017
ဇနီးကောင်းတို့အတွက်ရှောင်ရန်၊ဆောင်ရန်
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment