မင်္ဂလာပွဲစခါနီးအချိန်မှာတောင် ဂိမ်းဆိုင်က မထဘဲ ဂိမ်းဆော့နေခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက သတို့သမီး တစ်ဦးဟာ မင်္ဂလာဆောင်ကျင်းပဖို့ နာရီပိုင်းအလိုအထိ ဂိမ်းဆိုင်မှာ ထိုင်ရာမထ ဂိမ်းဆော့နေခဲ့တဲ့အတွက် သတို့သားနဲ့အတူ ဆွေမျိုးတွေ အတင်းလိုက်ခေါ်ခဲ့ရပါတယ်။
အင်တာနက်နဲ့ ချိတ်ဆက်ဆော့ကစားရတဲ့ ဂိမ်းဆိုင်ထဲမှာ သတို့သမီးကို သတို့သားက အတင်းဓမ္မတရွတ်တိုက်ဆွဲခေါ်သွားတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက်သုံးစွဲသူတွေအတွင်းမှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ကျင်းပဖို့အတွက် အားလုံးပြင်ဆင်ထားပြီးပုံရတဲ့ သတို့သမီးဟာ ဂိမ်းဆိုင်အတွင်းမှာ မင်္ဂလာသတို့သမီးတွေဝတ်ဆင်တဲ့ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး မိတ်ကပ်တွေလည်း လိမ်းခြယ်ထားကာ ဂိမ်းဆော့နေခဲ့တာပါ။
သတို့သားရဲ့ မိခင်ဖြစ်သူကလည်း အင်တာနက်ဂိမ်းကို စွဲစွဲမြဲမြဲဆော့နေတဲ့ ချွေးမလောင်းကို မင်္ဂလာပွဲအမီ လိုက်ခဲ့ဖို့ တရုတ်ဘာသာစကားနဲ့ ပြောနေခဲ့တာတွေ့ရပါတယ်။ သတို့သမီးက နောက်ထပ် ခဏထပ်စောင့်ဖို့ ပြောနေတဲ့အခါ သတို့သားရဲ့ ဖခင်ဖြစ်သူက စိတ်မရှည်နိုင်တော့ပဲ " မင်းမိန်းမကိုတောင်း မင်းမပြောနိုင်ဘူးလား" လို့ကြိမ်းမောင်းကာ သတို့သားကို ပါးရိုက်ခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ သတို့သားဟာ သတို့သမီးဖြစ်သူကို ထိုင်ခုံကနေ အင်အားသုံးပြီး တရွတ်တိုက်ဆွဲခေါ်သွားခဲ့တာတွေ့ရပါတယ်။ နာမည်ကျော်အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ကိုဆော့နေရင်း တစ်ဝက်တစ်ပျက်ဖြစ်သွားတဲ့ သတို့သမီးဟာ အော်ဟစ်ငိုယိုကာ သတို့သားနောက်ပါသွားခဲ့ပါတယ်။
Source : Mirror
Credit: Duwun
Thursday, March 02, 2017
Home
/
Unlabelled
/
မင်္ဂလာပွဲစခါနီးအထိ ဂိမ်းထိုင်ဆော့နေတဲ့ သတို့သမီးကို သတို့သားက အတင်းဓမ္မဆွဲခေါ်သွားခဲ့ရ
မင်္ဂလာပွဲစခါနီးအထိ ဂိမ်းထိုင်ဆော့နေတဲ့ သတို့သမီးကို သတို့သားက အတင်းဓမ္မဆွဲခေါ်သွားခဲ့ရ
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment