နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံနေရတယ်လို့ ဆိုပါတယ်။
အင်္ဂလန်မှာနေထိုင်တဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးဟာ သူမ တောင်းပန်နေပေမဲ့ ခင်ပွန်းဖြစ်သူက သူမကို အတင်းအဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် နောက်ဆုံးမှာ ၉၉၉ ကို ဖုန်းဆက်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
အသံဖိုင်ထဲမှာ တုန်လှုပ်ခြောက်ခြားနေတဲ့ အဘွားအိုဟာ နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရတယ်ဆိုတာကို ပြောပြနေခဲ့ပါတယ်။
"ကျွန်မကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလုပ်ခဲ့တယ်။ သူ ကျွန်မကို အနိုင်ကျင့်ဖို့ ကြိုးစားတယ်။ ကျွန်မ လက်မခံနိုင်ဘူးလို့ သေချာပြောလည်း မရဘူး။ သူက အရူးတစ်ယောက်လိုပဲ။ ကျွန်မ မင်တက်မိသွားတယ်" လို့ သူမက အရေးပေါ်ဖုန်းလိုင်းရဲ့ အော်ပရေတာကို ပြောပြနေပါတယ်။
"ကျွန်မ သူ့ကို တကယ်ပဲ အံ့သြတယ်။ ဘာလို့ ကျွန်မကို ဒီလိုလုပ်တာလဲ။ ကျွန်မကို ဘာလို့ ကုတ်ခြစ်တာလဲ။ ဘာလို့ ကျွန်မကို တိုက်ခိုက်တာလဲ။ ကျွန်မကို ဘာလို့ လက်သီးနဲ့ ထိုးတာလဲလို့ မေးမိတယ်" လို့ သူမက စို့စို့နင့်နင့် ပြောပြနေပါတယ်။
ဘယ်သူမှ သူမပြောတာကို မယုံကြည်မှာစိုးတဲ့အတွက် ဘယ်သူ့ကိုမှ မပြောခဲ့ရကြောင်း ဝန်ခံရင်း အဘွားအိုဟာ ငိုကြွေးခဲ့ပါတယ်။
အဆိုပါ အဘွားအိုရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အသံကို ဖျက်ထားပြီး ဘယ်သူဘယ်ဝါဆိုတာကိုလည်း ပြောပြထားခြင်းမရှိဘဲ ယင်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းက ဖြစ်ပွားခဲ့တယ်ဆိုတာကိုပဲ ရဲတပ်ဖွဲ့က ပြောပြခဲ့ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုတာကို ပြောပြချင်တဲ့အတွက်သာ Avon and Somerset ရဲဌာနက ယင်းအသံဖိုင်ကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပါတယ်။
Source & Photos : Metro
Credit: Duwun
Thursday, March 02, 2017
Home
/
Unlabelled
/
ခင်ပွန်းက အဓမ္မကျင့်ဖို့ ကြိုးစားလို့ အရေးပေါ်ဖုန်းနံပါတ်ကို ဆက်ခဲ့ရတဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအို
ခင်ပွန်းက အဓမ္မကျင့်ဖို့ ကြိုးစားလို့ အရေးပေါ်ဖုန်းနံပါတ်ကို ဆက်ခဲ့ရတဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအို
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment