အိမ်တွင်းပြုလုပ်ခဲ့တဲ့ ပါတီပွဲမှာ ဇနီးသည်က ခြေထောက်ကန်ချက်တွေနဲ့ ကန်ကျောက်နှိပ်စက်ခဲ့တာပါ။
ခင်ပွန်းဖြစ်သူနဲ့အတူ အိမ်တစ်ခုအတွင်းပြုလုပ်တဲ့ ပါတီပွဲတစ်ခုမှာ ပျော်မြူးနေတဲ့ တိတ်တိတ်ပုန်းချစ်သူကို ဇနီးသည်ဖြစ်သူက ခြေထောက်နဲ့ခေါင်းကို ကိုးချက်တိတိကန်ကျောက်ပြီး ရိုက်နှက်မှုတစ်ခု ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်သက်သေတစ်ဦးက ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ထားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်ဟာ လူမှုကွန်ယက်မှာ နာမည်ကျော်လာခဲ့တာပါ။ ခင်ပွန်းသည်နဲ့ အခြားအမျိုးသမီးတစ်ဦးပျော်မြူးနေကြရာ ပါတီပွဲ ရှိရာအိမ်ကို ဇနီးသည်က လိုက်လာခဲ့ပြီးနောက် ခင်ပွန်းနဲ့အတူ ရှိနေတဲ့ အမျိုးသမီးကို ခြေထောက်နဲ့ ကန်ကျောက်ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာ အမျိုးသမီးရဲ့ မိတ်ဆွေတစ်ဦးက တားဆီးဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မအောင်မြင်တဲ့နောက်မှာ ဇနီးသည်ဟာ ဆိုဖာခုံပေါ်ထိုင်နေခဲ့တဲ့ ခင်ပွန်းရဲ့ တိတ်တိတ်ပုန်းချစ်သူဦးခေါင်းကို ခြေထောက်နဲ့ အကြိမ်ကြိမ်ကန်ကျောက်ခဲ့တာတွေ့ရပါတယ်။ ဗီဒီယိုဖိုင် မြင်ကွင်းအရ ဒေါသကြီးစွာ တိုက်ခိုက်နေခဲ့တဲ့ဇနီးသည်ကို ခင်ပွန်းသည်ရဲ့တိတ်တိတ်ပုန်းချစ်သူဟာ ဘာမှပြန်မလုပ်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။ " သူတပါးရဲ့ အမျိုးသားကို တွဲခုတ်ခဲ့တဲ့သူလည်းမှားတယ်။
ဒါပေမယ့် ဒီလို ဒေါသတကြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကလည်း အဖြေမှန်တော့မဟုတ်ပါဘူး။ လူတွေကတော့ ဇနီးသည်ရဲ့ ဒေါသကို နားလည်နိုင်ကြမယ်ထင်တာပဲ" လို့ အဆိုပါဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့သူ တာပက်ချမ်ဆိုသူအမျိုးသမီးက ပြောပြထားပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သတ်ပြီး ရဲတွေဘက်ကတော့ စုံစမ်းစစ်ဆေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
Credit: Duwun
Thursday, March 02, 2017
ခင်ပွန်းနဲ့ ငြိစွန်းနေသူကို ပါတီပွဲမှာ အမိဖမ်းပြီး ဇနီးသည်က နှိပ်စက်
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment