ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 05, 2017

မက်ဒေါ်နယ်ကြက်ကြော်မပေးသူကို သေနတ်ဖြင့်ချိန်ခဲ့တဲ့ ၁၂ နှစ်သား

ကြက်ကြော်မရခဲ့တဲ့ ယောက်ျားလေးက အနောက်မှလိုက်လာပြီး ကြက်ကြော်မပေးသူရဲ့ဦးခေါင်းကို သေနတ်ဖြင့် တေ့ချိန်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကြက်ကြော်တစ်တုံး မပေးခဲ့တဲ့ မိန်းကလေးကို အသက် ၁၂ နှစ်အရွယ် သူမရဲ့အတန်းဖော် ယောက်ျားလေးတစ်ဦးက သေနတ်ဆွဲထုတ်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မိန်းကလေးဟာ ဟာလမ်းရှိ မက်ဒေါ်နယ်ဆိုင်မှာ အင်္ဂါနေ့ (ဇန်နဝါရီ ၁၀ ရက်) က ကြက်ကြော်စားနေစဉ် အဆိုပါ ယောက်ျားလေးက ကြက်ကြော်တစ်တုံးကျွေးဖို့ ပြောခဲ့ရာ မိန်းကလေးက ငြင်းဆန်ခဲ့ပါတယ်။

ထို့နောက် မိန်းကလေးဟာ မြေအောက်ရထား ဘူတာရုံကို သွားခဲ့ရာမှာ ကြက်ကြော်မရခဲ့တဲ့ ယောက်ျားလေးက အနောက်မှလိုက်လာပြီး သူမရဲ့ဦးခေါင်းကို သေနတ်ဖြင့်တေ့ချိန်ခဲ့တယ်လို့ ဆိုပါတယ်။ မိန်းကလေးက သေနတ်ကိုတွန်းဖယ်ပြီးနောက် ရထားပေါ်ပြေးတက်ခဲ့တယ်လို့ ပြောပါတယ်။ သေနတ်ဖြင့်ချိန်ခဲ့တဲ့ ယောက်ျားလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

နယူးယော့ခ်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သေနတ်ကိုမတွေ့ရဘဲ သေနတ်မှာ အစစ်လား ပုံစံတူအတုလားဆိုတာ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ယောက်ျားလေးကို ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၂ ရက်) မှာ ပြန်လွှတ်ခဲ့ပြီး အမှုကို တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။
Source & Photo: NY Daily News, BBC


No comments:

Post a Comment