ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 05, 2017

မွေးကင်းစမှာ ခိုးယူခံရတဲ့ ကလေးကို ၁၈ နှစ်ကြာမှာ မိဘရင်းတွေက ပြန်ရှာတွေ့

ကလေးကို ခိုးယူသွားခဲ့စဉ်က အသက်ဟာ ၈ နာရီမျှသာ ရှိပါသေးတယ်။ 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီလီရှိ ဆေးရုံတစ်ရုံမှ မွေးကင်းစအရွယ်မှာ ခိုးယူခံခဲ့ရတဲ့ ကလေးတစ်ဦးကို ၁၈ နှစ်ကြာပြီးနောက် တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကမ်မီယာမော့ဘ်လေး အမည်ရှိ မိန်းကလေးဟာ ၁၉၉၈ ခုနှစ် ဇူလိုင်လက  ခိုးယူခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီးနောက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ 

တောင်ကာရိုလိုင်းနားပြည်နယ် ဝေါလ်တာဘိုရိုမှ အာဏာပိုင်တွေက အသက် ၅၁ နှစ်အရွယ် ဂလိုရီယာဝီလီယမ်စ်ကို ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးစွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ခိုးယူခံရတဲ့ ကလေးကို နာမည်အသစ်ဖြင့် ဝီလီယမ်စ်က မွေးထားခဲ့ပြီး ကမ်မီယာကလည်း သူမကို မိခင်ရင်းအဖြစ်သာ ယုံကြည်ထားခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က ကမ်မီယာရဲ့ DNA စစ်ဆေးချက်တွေအရ သူမနဲ့မိဘအရင်းတွေကို သိရှိဖော်ထုတ်နိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။ ကမ်မီယာဟာ ပုံမှန် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအတိုင်း ကျန်းမာစွာရှိနေတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ကမ်မီယာနဲ့ပတ်သက်ပြီး ခိုးယူခံရခဲ့ပြီးနောက် သတင်းပေးမှု သဲလွန်စ ၂,၅၀၀ လက်ခံရရှိပြီး စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ဂျက်ဆင်ဗီလီရှိ University Medical Center ဆေးရုံမှ ကမ်မီယာ အခိုးခံရချိန်မှာ သူမရဲ့အသက်ဟာ ၈ နာရီမျှသာ ရှိသေးတာ ဖြစ်ပါတယ်။ ထိုစဉ်က ကျန်းမာရေးဝန်ထမ်းအဖြစ် ဟန်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးက ကမ်မီယာဟာ ဖျားနာနေမှုကြောင့် ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း မိခင်ဖြစ်သူကို ပြောကြားပြီး ယူဆောင်သွားခဲ့ရာမှ ပျောက်သွားခဲ့ကြောင်း သိရပါတယ်။ ကမ်မီယာရဲ့မိခင် ရှန်နာရာက ပျောက်ဆုံးသွားခဲ့တဲ့ ကလေးကို လိုက်လံရှာဖွေမှုဟာ ဖလော်ရီဒါမှာ ထင်ရှားတဲ့သတင်း ဖြစ်ခဲ့ပါတယ်။
Source & Photo: BBC, Fox News
Credit: Duwun


No comments:

Post a Comment