ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 26, 2017

ဖုန်းတစ်လုံးကြောင့်.......


၁) မိသားစု ထမင်းလက်ဆုံစားတဲ့ အခါ

မိသားစုတိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့သော မိသားစုတွေမှာဆိုရင် ထမင်းစားရင်လည်း ဖုန်းကိုဘေးမှာချပြီး ထမင်းစားကြတယ်။ ထမင်းစားလို့သာ ပြီးသွားတယ် မိသားစုတွေ
နွေးနွေထွေးထွေး စကားမပြောလိုက်ရဘူး။

၂) လူကြီးတွေက ဆုံးမရင်

မိမိတို့ မိသားစုမှာ အဖေဖြစ်စေ၊ အမေဖြစ်စေ၊ အခြားသော ဆုံးမထိုက်သူများက ဆုံးမတဲ့အခါမှာလည်း ဖုန်းကို နှိပ်နေတယ်။ ဆုံးမသူက ပြောတာကို သေချာလိုက်နာမူ မရှိဘဲ
ဖုန်းသုံးနေမူကြောင့် လူကြီးတွေအပေါ် လေးစားမူတွေ ပျောက်ကုန်တယ်။

၃) အိမ်မှာ အနားယူ အပန်းဖြေကြတဲ့ အခါ

အဖေကလည်း သူ့ဖုန်းသူ သုံးတယ်၊ အမေကလည်း သူ့ဖုန်းကို ကိုင်ပြီး သူလုပ်ချင်တာတွေ လုပ်နေတယ်၊ ကျန်တဲ့ သားသမီးတွေကလည်း ဒီလိုပါပဲ။ ဒါကြောင့် မိသားစုရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
ဖုန်းထဲမှာပဲ မပျောက်ပျက်ပါစေနဲ့။

၎) တန်ဖိုးရှိတဲ့ အချိန်တွေမှာ ဖုန်းမသုံးမိအောင် ဂရုစိုက်

မိသားစုတွေ အားလုံး စုံပြီး ထင်းစားတာ သော်လည်းကောင်း၊ တွေ့ဆုံတာ သော်လည်းကောင်း ဖုန်းတွေကို ခဏပိတ်ထားပြီး အေးဆေးစွာ စကားပြောပါ။ တိုင်ပင်ပါ။ ဆွေးနွေးကြပါ။ ဖုန်းတစ်လုံးကြောင့် မိသားစု တန်ဖိုးရှိလှတဲ့ အချိန်တွေကို မဆုံးရှုံးပါစေနဲ့။

Photo Ref- media.licdn
Credit: ကျော်လင်းနိုင်

ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင့်သူငယ်ချင်းများအား ဗဟုသုတ ဝေမျှနိုင်ခြင်းနှင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။



No comments:

Post a Comment