ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 26, 2017

ကားများအတွင်းမှ ပစ္စည်းများခိုးယူနေသည့် လူငယ်နှစ်ဦး


ရန်ကုန်၊ သြဂုတ် ၃၁

ရဲတပ်ဖွဲ့ကအ လိုရှိနေသည့် ရပ်နားထားသောမော် တော်ယာဉ်များအတွင်းမှ အဖိုးတန် ပစ္စည်းများခိုးယူသူ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်က ရန် ကင်းမြို့နယ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

သြဂုတ် ၄ ရက်က ရန်ကင်းမြို့ နယ် (၁၄)ရပ်ကွက် ကျောက်ကုန်း နေသူ မမြတ်သက်မွန်သည် ၎င်းင်း၏ လေးနှစ်အရွယ်သမီးကို ရန်ကင်းမြို့ နယ်ရှိ မန္တလေးမုန့်တီ ရှမ်းခေါက်ဆွဲ ဆိုင်ရှေ့တွင် ကားကို စက်မသတ်ဘဲ ရပ်ထားပြီး ရှမ်းခေါက်ဆွဲဆင်းဝယ် စဉ် လူငယ်နှစ်ဦးက မိနစ်ပိုင်းအတွင်း ကားပေါ်မှ အဖိုးတန်ပစ္စည်းအချို့ ခိုးယူခံရသည့် သတင်းတစ်ခုကို စီစီတီဗွီမှတ်တမ်းဓာတ်ပုံ များနှင့်အတူ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရဲ တပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး စုံစမ်းထောက် လှမ်းခဲ့သည့်အမှုဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစုမှူး ရဲအုပ်စောမြိုင်အုံးဦးစီး သည့်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မှုခင်းအကူဌာနစုမှူး အပါအ၀င် ရန်ကင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လူမှုကွန်ရက်သတင်းပါနေရာ ဖြစ် စဉ်ကိုသွားရောက်စုံစမ်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခင်းဖြစ်နေရာအ နီးရှိ ဟိုတယ်မှ စီစီတီဗွီမှတ်တမ်း ကိုကြည့်ရှုရာ ခိုးယူသွားသူလူငယ် နှစ်ဦးမှာ ရပ်နားထားသောမော်တော် ယာဉ်များအပေါ်မှ အဖိုးတန်ပစ္စည်း များခိုးယူသည့် လူငယ်နှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့မှအလိုရှိနေ သည့်သူများဖြစ် ကြောင်း စစ်ဆေးသိရှိခဲ့ကြသည်။

သက်ဆိုင်ရာ တာဝန်ရှိပူးပေါင်း ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ရပ် ကင်း၊ စောင့် ကြည့်စုံစမ်းခြင်းများပြု လုပ်ခဲ့ရာ သြဂုတ် ၃၀ ရက် နံနက် ၉ နာရီခန့်က ရန်ကင်းမြို့ နယ် (၃) ရပ် ကွက်၊ ရန်ရှင်းလမ်း ယွန်းမြို့သူထမင်း ဆိုင်ရှေ့တွင် မသင်္ကာဖွယ်လူငယ် နှစ်ဦးက ရပ်ထားသောတက္ကစီအနီး သို့ချဉ်းကပ်၍ ကားတံခါးကိုဆွဲဖွင့် မည်ပြုစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းင်းတို့နှစ်ဦးမှာ သိန်းဝင်း(ခ) ကရင်လေး ၂၃နှစ်၊ ကျော်စွာ ၂၈နှစ် တို့ဖြစ်ပြီး ၎င်းင်းတို့ကို စစ်ဆေးရာ ၎င်းင်း တို့သည် မော်တော်ယာဉ်များအတွင်း မှ အဖိုးတန်ပစ္စည်းများကို ခိုးယူနေ သူများဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ သည်။

သြဂုတ် ၄ရက်က ကားအတွင်း မှ ပစ္စည်းခိုးယူခဲ့သူနှစ်ဦးမှာ ၎င်းတို့ ဖြစ်ကြောင်း ထွက်ဆိုပြီး ၎င်းင်းတို့ထံ မှ ခိုးယူရာတွင်အ သုံးပြုခဲ့ကြသည့် သက်သေခံ ပစ္စည်းများဖြစ်ကြသည့် ထီးနှစ်ချောင်း၊ လွယ်အိတ်တစ်လုံး၊ ဖုန်း နှစ်လုံး၊ လက်ပတ်နာရီနှစ်လုံး၊ ဖုန်း ဆင်းကတ်လေးခု၊ ပိုက်ဆံအိတ် တစ် လုံး၊ အ၀တ် အစား၊ အသုံးအဆောင် တချို့နှင့် ငွေကျပ် ၂၁၀၀၀ တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက "အခုဖမ်း ဆီးရမိတဲ့ လူငယ်နှစ်ဦးကို တခြားမြို့ နယ်တွေက ခိုးယူတဲ့အမှုတွေပါ ကျူး လွန်ထားခြင်း ရှိ၊ မရှိဆိုတာကို တိုက် ဆိုင်စစ်ဆေးနေပါတယ်"ဟု ပြောသည်။

KMZ

Credit>>>Democracytoday

No comments:

Post a Comment