မိုင်းဖြတ် မြို့နယ် မိုင်းတင်းကျေးရွာ ရှိ ထူးခြား အံ့ဖွယ် နတ်ငါးကန် ဆီသို့ .....
ဆောင်းပါးရှင်။ ။ ဝေယံလင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် မိုင်းဖြတ် - မိုင်းယောင်း လမ်းရှိ ပြည်ငြိမ်းအေးကျေးရွာ မှ တဆင့်မြောက်ဘက် (၅)မိုင် ခန့် သွားရောက် ပါ က ထူးခြား တင့်တယ် နက်နဲ ဆန်းကြယ် ဓမ္မဂမ္ဘီရ သာသနာ့ လိုဏ်ဂူ တော်ကြီး သို့ လည်းကောင်း၊ အနောက်ဘက် သို့ (၁၅)မိုင်ခန့် မြေသား လမ်း အတက် အဆင်း များ၊ ချောင်းများ ဖြတ်ကျော်ခြင်းဖြင့် သွားရောက် ပါက မြူ ခိုးမြူငွေ့ များနှင့် ပြည့် လွှမ်းနေသော တောင် ပတ် လည် ၀န်း ရံထား သည့် မိုင်း တင်းကျေးရွာ အုပ်စု၊ မိုင်းတင်းကျေး ရွာလေး ကို တွေ့ ရှိ ရမည် ဖြစ်ပါသည်။
မိုင်းတင်းကျေးရွာလေး သည် မိုင်းတင်း(အထက်) ၊ မိုင်းတင်း(အောက်)ဟု ရွာနှစ်ရွာရှိပြီး၊ အိမ်ခြေ(၂၀)ကျော်ခန့် တွင် လူဦးရေ (၁၀၀)ကျော် နေ ထိုင်သော ရှမ်းရွာလေး ပင်ဖြစ်သည်။ ရွာ၏ အနီးတွင် လွယ်ပါဆန်း တောင်ရှိပြီး၊ တောင်ခြေ တွင် သဘာဝ အလျောက် ဖြစ်ထွန်း တည်ရှိနေသော၊ ဒေသနေ တိုင်းရင်း သားများ ယုံကြည်လျက် ရှိသည့်ထူးခြား အံ့ဖွယ် နတ်ငါးကန် ကို တွေ့ရ မည်ဖြစ်ပါသည်။
ယင်း နတ်ငါးကန်၏ လက်ရှိ အကျယ် အ၀န်းမှာ (၃၀x၄၀)ပေ အကျယ်ရှိ ရေကန် ငယ် (သို့မဟုတ်)ရေအိုင် တစ်ခုဖြစ်ပေသည်။ ရေကန် ၏ အထက် အရပ်တွင် ရေစီး ၀င်ရောက်မှု မရှိဘဲ၊ ရေကန် ၏ အောက်မှသာ ရေစိမ့် ထွက်ပြီး ရေကန် အဖြစ် တည်ရှိနေခြင်း သာဖြစ်သည်။ ရေကန် ၏အောက်ဘက် သို့ ရေများ ဆက်လက် စီးဆင်းပြီး ချောင်းငယ် အဖြစ် ဆက်လက် စီးဆင်း ဖြစ်ပေါ်လျက်ရှိပေသည်။
အဆိုပါ နတ်ငါးကန် အတွင်းဝယ် ဒေသခံ တိုင်းရင်းသားများ ယုံကြည်လျက် ရှိသည့် ထူးခြား အံ့ဖွယ်ကောင်း လှသော နှစ် အတိုင်း အတာ မသိရ သည့် နတ်ငါးများ တည်ရှိနေလျက်ရှိသည်။
အချို့ ငါးများ၏ ကိုယ်လုံး အရွယ်မှာ (၆)လက်မ မှ (၈)လက်မ ခန့် အရွယ်အစား ရှိသည်။ နတ်ငါး များသည် မိုးရာသီ အတွင်း ရေကြီးရေလျှံပြီး၊ အနီးရှိ လယ်ကွက် များနှင့် ရေပြင်မှာ တစ်ဆက် တစ်စပ်တည်း ရေလွှမ်းမိုး မှု ဖြစ်ခဲ့သော် လည်း၊ ရေကျ ချိန်၌ နတ်ငါးကန် အတွင်းသာ နေထိုင် လျက်ရှိပေ သည်။ အခြားနေရာများသို့ ရောက်ရှိသွားခြင်းမရှိပေ။
နတ်ငါးများ ကိုလည်း ဖမ်းယူ စားသောက် ၍ မရဟု ဒေသနေ တိုင်းရင်းသားများ ယုံကြည်လျက် ရှိသည်ကိုသိရ သည်။ ယခင် ရှေး ကာလ က ဖမ်းယူ စားသောက်ခဲ့သူ (၃၀)ဦးခန့် သေဆုံး ခဲ့ဖူးကြောင်း ၊ ဖမ်းယူ စားသောက် သူများမှာ လူ မသေသော်လည်း ၎င်းတို့နေထိုင် ရာ အိမ်မွေး တိရိစ္ဆာန် များ သေကျေ ပျက် စီးကြောင်း ယုံကြည် လျက်ရှိသည်။
နတ်ငါးကန် သည် အနီးအနား ရှိ ရေအိုင်၊ ချောင်းကန် များ ရေခန်းခြောက် သွားသော်လည်း ရေခမ်း
ခြောက်ခြင်း မရှိပေ။ ကျေးရွာနေ တိုင်းရင်းသား များ ရေရှားပါး ချိန်၌ သောက်ရေ အဖြစ် ခပ်ယူ သုံးစွဲ လျက်ရှိပြီး၊ ရေမှာ ကြည်ပြာရောင် ကဲ့သို့ စိမ်းလန်းကြည်လင် လျက်ရှိသည်။ နတ်ငါးများ ရှိသော်လည်း ညှီစော်နံခြင်း၊ ရေပြင်နောက်ကျိနေခြင်းမရှိပေ။ ထို့အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အတွင်း မှ ဗဟုသုတဖြစ် ဖွယ် ထူးခြားမှု တစ်ရပ်အဖြစ် တစ်ခါ တစ်ခေါက် လာရောက် လေ့လာနိုင် ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
From: Tachileik Online News
Saturday, March 04, 2017
Home
/
Unlabelled
/
နတ်ငါး များကို ဖမ်းယူ စားသောက်၍ လူ ၃၀ ခန့်သေခဲ့ ဖူးသည့် ထူးဆန်း သည့် နတ်ငါး ကန်ကြီး
နတ်ငါး များကို ဖမ်းယူ စားသောက်၍ လူ ၃၀ ခန့်သေခဲ့ ဖူးသည့် ထူးဆန်း သည့် နတ်ငါး ကန်ကြီး
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment