ဒီမေးခွန်းဟာ လုပ်ငန်းရှင် အတော်များများ စဉ်းစားကြတဲ့မေးခွန်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒီမေးခွန်းရဲ့နောက်မှာ ပေးထားတဲ့လစာနဲ့တန်အောင်မလုပ်ဘူးဆိုတာတွေ၊ လုပ်ပေးရတာနဲ့ တန်တဲ့လစာ မပေးဘူး၊ ငါ့လောက်မလုပ်ရပဲ သူကကျတော့ပိုရတယ်၊ လုပ်ရတာအချင်းချင်း အတူတူ ဟို ကုမ္ပဏီကပိုပေးတယ်၊ စတဲ့ မေးခွန်းတွေ အများကြီးလိုက်လာတတ်ပါတယ်။
ဒီနေရာမှာ ထပ်ပြီးစဉ်းစားသင့်တာက လူရဲ့ အရည်အချင်းကို ကြည့်ပြီးပေးမှာလား၊ လုပ်ရမယ့် အလုပ်အပေါ်မှာ ကြည့်ပြီးပေးမှာလား ဆိုတာပါပဲ။ ဒီမေးခွန်းက သိပ်အရေးမကြီးသလိုနဲ့ အရမ်းအရေးကြီးတဲ့မေးခွန်းတစ်ခု ဖြစ်ပါတယ်။
အခြေခံအားဖြင့် လစာတစ်ခုကို မသတ်မှတ်ခင်မှာ ရှိသမျှ အလုပ် (job) တွေကို အကဲဖြတ် ( evaluate) လုပ်ရမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အလုပ် (job) တစ်ခုချင်းစီရဲ့ အရွယ်ပမာဏ (size) ကို တိုင်းတာဖို့ ဖြစ်ပါတယ်။ အဲ့ဒီလို တိုင်းတာပြီးသွားတဲ့အခါမှာတော့ အရွယ်ပမာဏအပေါ်မှာမူတည်ပြီး အဆင့် (level/grade) သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အခြားသော် အရွယ်တူ အမျိုးစားတူ ကုမ္ပဏီတွေက ဒီ job တွေကို ဘယ်လောက်ပေးနေကြသလဲဆိုတာကို ဆန်းစစ်ခြင်း (salary survey) တွေလုပ်ကြပြီး ကိုယ့် ကုမ္ပဏီမှာရှိတဲ့ အလုပ်အဆင့်အလိုက် (job grade) လစာ (salary range) ကို အနည်းဆုံး လစာ၊ အများဆုံးလစာ၊ ဈေးကွက်ရဲ့ ပျမ်းမျှလစာတွေကို သတ်မှတ်ရတာဖြစ်ပါတယ်။ ဒါဟာ စာတစ်ပိုဒ်နဲ့ အကျဉ်းခြုံးရှင်းပြရတာဖြစ်ပါတယ်။ တကယ့်လုပ်ငန်းစဉ်ကတော့ ပိုရှုပ်ထွေးတတ်ပါတယ်။
ဘာပဲပြောပြော ဒီကိစ္စကို မလုပ်ခင် ကိုယ့် ကုမ္ပဏီ မှာ job profile တွေသတ်မှတ်ပြီးပြီလားလို့ စမေးရမယ်လို့ထင်ပါတယ်။ ဒါကို Job Analyze လုပ်တယ် ခေါ်မလားပဲ။ job profile တစ်ခုက အလုပ်ရဲ့ တာဝန်တွေကိုဖေါ်ပြပေးမယ့် job description ဆိုတာရယ်၊ အလုပ်ကလိုအပ်မယ့် အရည်အချင်းတွေကို ဖေါ်ပြပေးမယ့် person/job specification ဆိုတာရယ် နှစ်ပိုင်းပါဝင်လေ့ရှိပါတယ်။ ပြောချင်တာက ဒီအလုပ်ကို တာဝန်ယူမယ့်သူဟာ ဘာတာဝန်တွေရှိမလဲ၊ ဘယ်လို အရည်အချင်းတွေရှိရမလဲ ဆိုတာကို ရှင်းရှင်းပြောပြပေးမှာ ဖြစ်ပါတယ်။ ဒါကိုမသိပဲ ရှေ့လုပ်ငန်းစဉ်တွေဆက်သွားဖို့ မလွယ်ပါဘူး။
နောက်တစ်ဆင့်ကတော့ ရှိသမျှ အလုပ် (job) တွေကို အကဲဖြတ် ( evaluate) လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ method တွေကတော့ အများကြီးရှိကြပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကိုယ်အတွက် သင့်တော်မယ့် method တစ်ခုကိုသာ job အားလုံးအတွက် evaluate လုပ်တဲ့နေရာမှာ သုံးရမှာ ဖြစ်ပါတယ်။
ဒီလို လုပ်တဲ့နေရာမှာလဲ ဒီ method ကို ကျွမ်းကျင်တဲ့ consultant ရယ်၊ HR မှာ ကျွမ်းကျင်သူရယ်၊ အလုပ်တွေကို နားလည်တဲ့ line managers တွေက အတူတကွ ပြုလုပ်သင့်ပါတယ်။
ဥပမာ အနေနဲ့ ပြောပြရရင် ဒီလို Job Evaluate လုပ်တဲ့အခါမှာ
၁။ Accountability: ဘယ်လောက်အတိုင်းအတာအထိ တာဝန်ယူမှုတွေလိုအပ်ပါသလဲ။
၂။ Decision Making: ဘယ်လောက်ပမာဏကြီးကြီးအထိ ဆုံးဖြတ်ချက်တွေကို ပေးဖို့တာဝန်ရှိပါသလဲ။
၃။ Technical Know-How: ဘယ်လို လုပ်ငန်းကျွမ်းကျင်မှုတွေရှိဖို့လိုအပ်ပါသလဲ။
စတာတွေအပေါ်မှာကြည့်ပြီး အမှတ်ပေးရတာဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်ရင် ထပ်ပြီး အမှတ်တွေ ထည့်ပေါင်းရတာရှိပါတယ်။ ဥပမာ ဒီအလုပ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်ကျင်မှာ လုပ်ရတဲ့ သဘာဝရှိရင်၊ အသက်အန္တရာယ်နီးတဲ့ အခြေအနေမျိုးတွေရှိရင် အမှတ်များကို ထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။ နောက်ဆုံး ရလာတဲ့ အမှတ်စုစုပေါင်းကတော့ ဒီအလုပ်ရဲ့ အရွယ်ပမာဏ size ပါပဲ။ ဒီ size တွေကို ကြီးစဉ်ငယ်လိုက် စဉ်ပြီးရင်တော့ ခုနက ပြောခဲ့တဲ့ job grading တွေ၊ salary benchmarking တွေ၊ salary setting တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အခုပြောပြခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် အစက ပြောခဲ့တဲ့ "လူတစ်ယောက်ကို လစာဘယ်လောက်ပေးရင် ကောင်းမလဲ" ဆိုတဲ့ မေးခွန်းဟာ ဘယ်လို အခန်းကဏ္ဍမှာ ရှိနေကြပါသလဲဆိုတာ အရိပ်အမြွတ်လောက် သဘောပေါက်ကြပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
credit: #
#KopyTaw (DG)
>>>>
Saturday, March 04, 2017
လူတစ်ယောက်ကို လစာဘယ်လောက်ပေးရင် ကောင်းမလဲ။
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment