ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 05, 2017

အသက်(၂၅)အပြည့်ခင် လုပ်သင့်တဲ့အရာ ၇မျိုး

လူတစ်ယောက်ရဲ့ သက်တမ်းမှာ အရေးတကြီး လုပ်ဆောင်စရာတွေက သိပ်ကို များလွန်းလှပါတယ်။
လူငယ်ပိုင်းမှာ လုပ်ဆောင်ရန်အချက်များနဲ့ လူကြီးပိုင်းမှာ လုပ်ဆောင်ရန်အချက်တွေဆိုပြီး တသီ
တသန်းကြီးကြီးပေါ့။ အခုလည်း အသက်(၂၅)နှစ် မပြည့်ခင်မှာ ဘာတွေ လုပ်ဆောင်ထားသင့်တယ်
ဆိုတာကို အကြံပေးထားတာလေး တင်ပြပါရစေ။ ဒါတွေကို အသက်(၂၅)နှစ်ကျော်မှ လုပ်ရင်ကော
မဖြစ်ဘူးလားဆိုပြီး မေးစရာလည်း ရှိပါတယ်။ ဒါပေမယ့် အသက်(၂၅)နှစ်နောက်ပိုင်းမှာ သင်ဟာ
လူကြီးတစ်ယောက်ဖြစ်သွားပါပြီ။ အခု ပြောမယ့် အကြောင်းအရာ (၈)ချက်ထက် ပိုပြီး အရေးကြီး
တာတွေ လုပ်ဆောင်ရတော့မှာမို့ ဒီဘက်ကိုပင် ခြေဦးလှည့်နိုင်တော့မှာ မဟုတ်ပါဘူး။ တနည်းဆို
ရသော် (၂၅)နှစ်ဆိုတဲ့ အသက်အရွယ်ဟာ လူငယ်ဘ၀ကို လက်ပြနှုတ်ဆက်ပြီး လူကြီးဘ၀ကို ချဉ်း
နင်းဝင်ရောက်ရတော့မယ့် အသက်အရွယ်ပေါ့။ သည်တော့ လူငယ်လို့ သတ်မှတ်လို့ရသေးတဲ့
အသက်(၂၅) မတိုင်ခင်မှာ ဒီအချက်တွေဟာ လုပ်ဆောင်ဖို့ အကောင်းဆုံးလို့ ဆိုထားပါတယ်။

၁. ဂီတဖျော်ဖြေပွဲ မိုးအလင်းကြည့်ပါ။

ကိုယ်အကြိုက်ဆုံး Band အဖွဲ့တစ်ခု Show လုပ်ပြီဆိုရင် အသေအချာ လက်မှတ်ဝယ်ပြီး စိတ်လွှတ်
ကိုယ်လွတ် ပျော်ပစ်လိုက်ပါ။ ဂီတနဲ့ ဖြတ်သန်းရတဲ့ အခိုက်အတန့်ဟာ လူတိုင်းအတွက် အေးချမ်း
ပျော်ရွှင်မှုကို ရစေပြီး လာမယ့် (၂၅)နှစ်အတွက် ရင့်ကျက်မှုတွေ တစ်ပါတည်း သယ်သွားနိုင်မှာပါ။

၂. အဖေအမေနဲ့ညစာလက်စုံစားပါ။

အသက်(၂၅)နှစ်နောက်ပိုင်းမှာ သင်ဟာ ကုမ္မဏီဝန်ထမ်းတစ်ယောက်၊ မန်နေဂျာတစ်ယောက်၊
လုပ်ငန်းရှင်တစ်ယောက်၊ သူဌေးကြီးတစ်ယောက် ဖြစ်နေလောက်ပါပြီ။ ဒါဆို သင့်မိဘနဲ့ လက်စုံ
စားဖို့ အရင်ကလို အချိန်ရတော့မှာမဟုတ်ပါဘူး။ ဒီတော့ သင် (၂၅)နှစ်မပြည့်သေးခင်မှာ မိဘနှစ်ပါး
နဲ့ လက်စုံ စားဖို့ မပျက်ကွက်ပါနဲ့။

၃. သင့် ဆံပင်ပုံစံကို ပြောင်းပစ်ပါ။

သင်ဟာ လူကြီးတစ်ယောက် ဖြစ်တော့မယ်။ လူငယ်လို ပေါ့ပေါ့ပါးပါး ဆံပင်ပုံစံထက် လူကြီးလို
လေးလေးခန့်ခန့် စံပင်ပုံစံကို ပြောင်းပစ်လိုက်ခြင်းအားဖြင့် အလုပ်ခွင်မှာ အခြားလူတွေအပေါ်
လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း၊ အထင်ကြီးခံရမှု၊ ယုံကြည်လေစားမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး
တွေအတွက် ကြိုတင် ပြင်ဆင်ထားရာ ရောက်ပါတယ်။

၎. ကြင်ယာဖက်ရှာပါ။

ဒါမျိုးကျတော့ သိပ် တိုက်တွန်းစရာ လိုမယ်မထင်ပါဘူး။ အင်းလေ အရွယ်သုံးပါး ရှိတယ်-တဲ့။
ပထမအရွယ် ပညာနဲ့ ပျော်စရာရှာ ၊ ဒုတိယအရွယ် ကြင်ယာရှာနဲ့ စီးပွားရှာ၊ တတိယအရွယ် ငြိမ်
သက်ခြင်းနဲ့ တည်ငြိမ်မှုကိုရှာပါတဲ့။ (သိုးဆောင်းစကားပုံလေးလား မမှတ်မိတော့ပါ။)

၅. ကိုယ့်ကိုယ်ကို လေးစားပါ။

ဟုတ်ပါတယ်။ အသက်(၂၅)နှစ်နောက်ပိုင်းမှာ သင်တွေ့ရတော့မယ် ဘ၀ရေးရာကဏ္ဍဟာ လေး
နက်မှုတွေ၊ ပြဿနာတွေ၊ လိမ်လည်မှုတွေ၊ ပျော်စရာတွေ၊ ချီးကျူးဂုဏ်ပြုခံရတာတွေ အတွက်
ကိုယ့်ကိုယ်ကို လေးစားနေရမယ်၊ ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်၊ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိမှ ဘ၀လမ်းကြောင်းက ဖြောင့်တန်းမယ်လေ။

၆. စာဖတ်တဲ့အလေ့အကျင့်စလုပ်ပါ။

စောစောက ပြောသလိုပဲ အလွန် ထွေပြားရှုပ်ထွေးလှတဲ့ လူမှုပတ်ဝန်းကျင်ကြီးထဲမှာ စတင်ကျင်
လည်ရတော့မှာ ဖြစ်လို့ ပြဿနာပေါင်းစုံ၊ အမှုအခင်းပေါင်းစုံကို သင် ရင်ဆိုင်ရတော့မှာပါ။ အဲဒီ
အတွက် သင်ဖတ်ထားတဲ့ စာပေတွေက သင့်ကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ တိတိကျကျ
သင်ပြပေးသွားမှာပါ။ သင်ဟာ စာဖတ်လေ့မရှိဘူးဆိုရင်လည်း အခုအချိန်မှာ အနည်းဆုံး တစ်
ရက်ကို မိနစ်(30)-1 နာရီလောက် စာစဖတ်သင့်တဲ့အချိန်ပါ။

၇. ဆန္ဒတွေအတွက် သင်ယူပါ။

ဆန္ဒတွေဆိုတာက သင်ဟာ သူဌေးဖြစ်ချင်ရင် သူဌေးဖြစ်သွားတဲ့လူတွေ ဘာတွေလုပ်သွားသလဲ၊
စတာတွေကို သင်ယူရမယ်၊ သင်ဟာ သိပ္ပံပညာရှင်ဖြစ်ချင်တယ်ဆိုရင် သိပ္ပံပညာရှင်တွေ ဘယ်လို
ကြိုးစားသွားတယ်၊ စာရေးဆရာဖြစ်ချင်တယ်ဆို စာရေးဆရာတွေ ဘယ်လို အားထုတ်တယ်ဆိုတာ
ကို သိထားမှ ဖြစ်ပါမယ်။

Credit: နတ်စည်တော် 


No comments:

Post a Comment