ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, March 06, 2017

မျက်စိမမြင်တဲ့ခွေးမလေးကို လိုက်လံစောင့်ရှောက်ပေးတဲ့ခွေးထီးကလေး

လူအချင်းချင်းမှ မောင်နှမ ချစ်ခင်မူသံယောဇဉ်ရှိကြတယ် ဆိုတဲ့အချက်ကို ပြသနိုင်တာမဟုတ်ဘဲ အသိဥာဏ်နည်းတဲ့ တိရစ္ဆာန်တွေမှာလည်း
သံယောဉ်ဇဉ်ရှိကြတယ်ဆိုတာ စပိန်နိုင်ငံက တစ်မအေတည်းပေါက်တဲ့ ခွေးကလေးနှစ်ကောင်က သက်သေပြနေပါတယ်။

ဘာကြောင့်လဲဆိုရင် စပိန်နိုင်ငံ မက်ဒရစ်မြို့အနီးရှိ Navalcamero ဒေသလမ်းမပေါ် မီးပွိုင့်ဖြတ်ချိန်မှာ မျက်စိမမြင်တဲ့ခွေးတစ်ကောင်ကို အခြား ခွေးတစ်ကောင်က မီးပွိုင့်ဖြတ်နိုင်ရေးအတွက် အကူအညီပေးမူများ ပြုလုပ်ခဲ့ပါတယ်။

           မျက်စိမမြင်တဲ့ခွေးအမဟာ ခွေးအထီးနောက်က လိုက်ပြီး မီးပွိုင့်ကို နှေးကွေးစွာဖြတ်သန်းခဲ့ရာ တွေ့မြင်ရသူ အမျိုးသမီးနှစ်ဦးမှ သွားကူညီဖို့လုပ်ဆောင်ခဲ့ပေမဲ့လည်း ခွေးထီးမှာ ခွေးမလေးကို ဘေးအန္တရယ်ကူညီနိုင်ရေးအတွက် ကူညီစောင့်ရှောက်မူများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ခွေးများကို စမ်းသပ်စစ်ဆေးချိန်မှာ ခွေးမရဲ့ မျက်စိမမြင်ရမူမှာ ဗိုင်းရပ်စ်ပိုးများကြောင့် အကြည်ဓါတ်များ ပျောက်ဆုံးလျက်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါခွေးနှစ်ကောင်မှာစွန်ပစ်ခံထားရတာ ဖြစ်ဖို့များပြီး ခွေးအထီးကောင်မှာ အမဖြစ်သူ နှမကို စွန့်ခွာပြေးမူမရှိဘဲ ဘေးအန္တရယ်ကင်းရှင်းစေဖို့အတွက် ကာကွယ်မူများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဇော်မင်းဦး (မိုမိုလေး) 


No comments:

Post a Comment