ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, March 25, 2017

ဒီလိုမိန်းမမျိုးဝေးဝေးရှောင်နိုင်ကြပါစေ။


ကလေးရဲ့အလောင်းကို ပန်းခြံထဲမှာ စွန့်ပစ်ခဲ့ပါတယ်။မနာလို စိတ်တွေ ပြင်း ထန်နေတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူရဲ့ တရားမဝင်သမီးကို ခိုးယူသတ်ဖြတ်ပြီး အလောင်းကို ပန်းခြံတစ်ခုထဲမှာ စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရးမှူးများက ဆိုပါတယ်။

အသက် ၂ နှစ်အရွယ် ယာနာလီယိုနန်ကိုကို အဒေါ်ဖြစ်သူက လက်တွန်း လှည်းထဲမှာ အမှုမဲ့အမှတ်မဲ့ ခဏထားခဲ့မိစဉ် ဂျီရှာရာလီရီဗာဆိုတဲ့ အမျိုးသမီးက ကလေးကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

ကလေးရဲ့အဒေါ်က လက်တွန်းလှည်းနားပြန်ရောက်လာချိန်မှာ သူမရဲ့ တူမလေးနဲ့အတူ တီရှပ်အဖြူနဲ့ ဘောင်းဘီအနက်ရောင် ဝတ်ထားတဲ့ အမျိုးသမီးကို ခပ်ဝေးဝေးမှာ မြင်လိုက်ရပါတယ်။

"အကူအညီအော်ဟစ်တောင်းပြီ။ အဲဒီအမျိုသမီးနောက် ပြေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မ လဲကျသွားတယ်" လို့ ထိုအမျိုးသမီးက ဆိုပါတယ်။
သူမကို တစ်ဦးတစ်ယောက်ကမှ မကူညီတဲ့အတွက်ကလေးခိုးသူက ကလေးကို အသာအယာပဲ ခေါ်ဆောင်သွားနိုင်ခဲ့တယ်လို့ မျက်မြင်သက်သေများက ဆိုပါတယ်။

စီစီတီဗီမှာ ပြတဲ့ပုံတွေအရ တရားခံက ကလေးကို ပန်းခြဲထဲ ဒရွတ်တိုက် ခေါ် သွားခဲ့ပြီး နောက်ပိုင်းမှာ ချီပြီးခေါ်သွားတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးများ က ပြော ပါတယ်။

နောက်ပိုင်းမှာ အီဗန်နိုဘိုမြို့ရှိ ပန်းခြံတစ်ခုထဲမှာ စီးဆင်းနေတဲ့ မြစ်ထဲ မှာ ရေနစ်သေဆုံးနေတဲ့ ကလေးအလောင်းကိုတွေ့ခဲ့ရပါတယ်။

သူမရဲ့ခင်ပွန်းဟာ သူပိုင်တဲ့ ကော်ဖီဆိုင်က စားပွဲထိုးမလေးနဲ့ ရည်ငံခဲ့ပြီးနောက် မိန်းကလေးမှာ ကိုယ်ဝန်ရခဲ့တာဖြစ်ပါတယ်။လက်ရှိဇနီးသည် နဲ့ ကလေး ၂ နှစ်ယောက်ကို မထားခဲ့နိုင်တဲ့အမျိုးသားဟာ မွေးလာတဲ့ကလေးကို ကူညီပြုစုပျိုးထောင်ပေးမယ်လို့ ကတိပြုခဲ့တာပါ။

အိမ်မှာ ယင်းကလေးနဲ့ ပတ်သက်ပြီး ဒေါသထွက်ကြောင်း မပြောကြားခဲ့ဖူးတဲ့ ယင်းအမျိုးသမီးဟာ အေးဆေးတည်ငြိမ်သူလည်း ဖြစ်တဲ့အတွက်ခင်ပွန်းဖြစ်သူကကလေးကို သူမသတ်လိုက်တယ်ဆိုတာ မယုံနိုင်ဖြစ်နေပါတယ်။

"ယာနာရဲ့အမေနဲ့ ထပ်မတွေ့ဘူး၊ ဒါပေမဲ့ ကလေးကိုတော့ ကူညီပေးမယ်လို့ သူ့ကို ကတိပေးထားတာပါ" လို့ခင်ပွန်းဖြစ်သူကယူကျုံးမရဆိုပါတယ်။လူသတ် မှုကျူးလွန်မှုနဲ့ စွဲချက်တင်ထားတဲ့အသက် ၂၇ နှစ်အရွယ် ဂျီရှာရာလီရီဗာကို ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

Source & Photos : Daily Mail


No comments:

Post a Comment